26 C
Yangon
spot_img

CATEGORY

News

ချောက်မြို့နယ်တွင် စစ်တပ်က လွန်ကြယ်ထိန်ကန်ရွာမှ စိတ်ရောဂါခံစားနေရသော ကိုတင့်အောင်ကို ပစ်သတ်ပြီး ကျေးရွာ ၃ ခုကို မီးရှို့ဖျက်ဆီးမှု နေအိမ် ရာနှင့်ချီ ပြာကျ

ရန်ကုန်၊ ဇန်နဝါရီ ၂၉ မကွေးတိုင်း၊ ချောက်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်က လွန်ကြယ်ထိန်ကန်ရွာမှ စိတ်ရောဂါခံစားနေရသော ကိုတင့်အောင်ကို ပစ်သတ်ကာ ကျေးရွာ ၃ ခုကို မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် ရာနှင့်ချီ မီးလောင်ပြာကျခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ချောက်မြို့ပေါ်မှ...

စစ်ကိုင်းတွင် စက်သုံးဆီ သယ်ဆောင်သည့်ကားများကို လိုက်လံ ဖမ်းဆီးနေသည့် ရဲ အရာရှိ ၁ ဦးနှင့် ပျုစောထီး ၁ ဦးတို့ ပစ်ခတ်ခံရပြီး ၂ ဦးလုံးသေဆုံး၊ မြင်းခြံတွင်လည်း စစ်တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၂၉ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်တွင် စက်သုံးဆီ သယ်ဆောင်သည့် ကားများကို လိုက်လံ ဖမ်းဆီးနေသည့် ရဲအရာရှိ ၁ ဦးနှင့် ပျုစောထီး ၁ ဦးကို ပစ်ခတ်တိုက်ခိုက်ရာ ၂ ဦးလုံးပွဲချင်းပြီး သေဆုံးခဲ့ကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။ ဇန်နဝါရီလ...

ဗီယက်နမ်ရောက် မြန်မာကျောင်းသားတစ်ဦးက ငွေလဲပေးမည်ဟုဆိုကာ မြန်မာကျောင်းသားများထံမှ ငွေကျပ် သိန်း ၁၅၀၀ ကျော် လိမ်လည်ထွက်ပြေး

ရန်ကုန်၊ ဇန်နဝါရီ ၂၉ ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့ရှိ Vanlang Saigon College တွင် တက်ရောက်နေသော မြန်မာကျောင်းသားတစ်ဦးက ငွေလဲလှယ်လုပ်ငန်း အကြောင်းပြကာ အခြားမြန်မာကျောင်းသားများထံမှ မြန်မာကျပ်ငွေ သိန်း ၁၅၀၀ ဝန်းကျင် လိမ်လည်သွားကြောင်း ကိုယ်တိုင် ငွေကြေးလိမ်လည်ခံရသူများက ရန်ကုန် ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။ ငွေကြေးလိမ်လည်သူမှာ ဝင်းမင်းသန့်...

ပေါက်တော၊ ပုဏ္ဏားကျွန်း၊ မြိုင်နှင့် ကန့်ဘလူမြို့နယ်တို့တွင် စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်

ရန်ကုန်၊ ဇန်နဝါရီ ၂၉ ရခိုင်ပြည်နယ်၊ပေါက်တောနှင့် ပုဏ္ဏားကျွန်း မြို့နယ်တို့တွင် စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက် လုပ်ဆောင်ခဲ့ကြောင်း ရခိုင်ဒေသသတင်းရင်းမြစ်များ၏ သသတင်းဖော်ပြချက်အရ သိရှိရသည်။ ဇန်နဝါရီလ ၂၈ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃၈ မိနစ်မှ မွန်းလွဲ ၃ နာရီ ၄၉ မိနစ်အထိ...

တောင်ကိုရီးယားနိုင်ငံ ဒယ်ဂူးမြို့တွင် စစ်အာဏာသိမ်းမှုအလိုမရှိ ဆန့်ကျင်ဆန္ဒပြပွဲကျင်းပ

ရန်ကုန်၊ ဇန်နဝါရီ ၂၉ တောင်ကိုရီးယားနိုင်ငံ ဒယ်ဂူးမြို့တွင် ကိုရီးယားရောက် မြန်မာများ စုပေါင်း၍ စစ်အာဏာသိမ်းမှုအလိုမရှိ ဆန့်ကျင်ဆန္ဒပြပွဲကျင်းပခဲ့ကြောင်း သိရှိရသည်။ ဆန္ဒပြပွဲတွင် နွေဦးတော်လှန်ရေး တက်ကြွလှုပ်ရှားသူ ဒယ်ဂူးဘုန်းဘုန်းက အာဏာရှင်စနစ်ဆိုးကလွတ်မြောက်သည်အထိ စွမ်းနိုင်ရာဖြင့် ဆက်လက်ပါဝင်ကြရန် တိုက်တွန်းစကားမိန့်ကြားခဲ့ကြောင်း သိရှိရသည်။ #မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese...

မြန်မာစစ်တပ်၏ ရွေးကောက်ပွဲကို အသိအမှတ်မပြုဟု အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီး အာဆီယံဥက္ကဋ္ဌအသစ် ဖိလစ်ပိုင်နိုင်ငံက တရားဝင် ကြေညာ

ရန်ကုန်၊ ဇန်နဝါရီ ၂၉ မြန်မာစစ်တပ်၏ ရွေးကောက်ပွဲကို အသိအမှတ်မပြုကြောင်း အာဆီယံနိုင်ငံခြားရေးဝန် ကြီး များ အစည်းအဝေးအပြီး အာဆီယံဥက္ကဋ္ဌအသစ် ဖိလစ်ပိုင်နိုင်ငံက ယနေ့ တရားဝင် ကြေညာလိုက်သည်။ ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့တွင် ယနေ့ ပြုလုပ်သော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး အပြီး ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး Theresa...

တနိုင်းမြို့နယ်၊ လီဒိုလမ်းမပေါ်ရှိ နတ်ရေတောင် ကာကင်းစခန်း ၂ ခုကို KIA ပူးပေါင်းတပ်ဖွဲ့က ပြန်လည် သိမ်းပိုက်ရရှိ

ရန်ကုန်၊ ဇန်နဝါရီ ၂၉ ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်အတွင်းရှိ နတ်ရေတောင် ကာကင်းစခန်း ၂ ခုကို KIA ပူးပေါင်း တပ် ဖွဲ့က ပြန်လည်သိမ်းပိုက်ရရှိခဲ့ကြောင်း KIA စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ဇန်နဝါရီလ ၂၆ ရက်နေ့ တနိုင်းမြို့နယ်၊ တနိုင်းလပူခနှင့် ပရင်းမှော်ကြားရှိ အွယ်လောတပ်စခန်း ကုန်းတို့ကို...

ကရင်နီ၊ မယ်စဲ့ထောင်မှ ဖောက်ပြေးသွားခဲ့သော စစ်သုံ့ပန်းများတွင် တပ်ရင်းမှူး၊ ဗိုလ်မှူး ကြီး၊ ဗိုလ်မှူးအဆင့်ရှိသူ အရာရှိ ၅ ဦး အပါအဝင် ၇၃ ဦး လွတ်မြောက်သွားပြီး ၈ ဦးအသေနှင့် ၂ ဦး အရှင်သာ ပြန်ဖမ်းမိ

ရန်ကုန်၊ ဇန်နဝါရီလ ၂၉ ကရင်နီ၊ မယ်စဲ့ထောင်မှ ဖောက်ပြေးသွားခဲ့သော စစ်သုံ့ပန်းများတွင် တပ်ရင်းမှူး၊ ဗိုလ်မှူး ကြီး၊ ဗိုလ်မှူးအဆင့်ရှိသူ အရာရှိ ၅ ဦး အပါအဝင် ၇၃ ဦး လွတ်မြောက်သွားပြီး ၈ ဦးအသေနှင့် ၂ ဦး အရှင်သာ ပြန်ဖမ်းမိကြောင်း ကရင်နီပြည်...

စစ်အာဏာသိမ်း ၅ နှစ်ပြည့်ချိန်တွင် မြန်မာစစ်တပ်က အကြမ်းဖက်မှုများ ပိုမိုပြင်းထန်စွာကျူးလွန်လာဟု နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့ကြီး ၃ ခုက သတိပေး

ရန်ကုန်၊ ဇန်နဝါရီ ၂၉ စစ်အာဏာသိမ်း ၅ နှစ်ပြည့်ချိန်တွင် မြန်မာစစ်တပ်က အကြမ်းဖက်မှုများ ပိုမိုပြင်းထန်စွာကျူးလွန်လာကြောင်း နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့ကြီး ၃ ခုဖြစ်သည့် Amnesty International ၊ Fortify Rights နှင့် Human Rights Watch တို့က ယနေ့ ထုတ်ပြန်ကြေညာ သတိပေးသည်။ ၂၀၂၁...

မြိုင်နှင့် ပခုက္ကူမြို့နယ် အစပ်ကို စစ်ကြောင်းထိုးနေသော စစ်တပ်က စစ်ဘေးရှောင် ပြည်သူများ နေထိုင်သော ဘုန်းကြီးကျောင်း၊ တောတိုက်များနှင့် ကျဆုံး PDF ရဲဘော် ၂ ဦး၏ ကျောက်တိုင်ကိုပါ မီးရှို့ဖျက်ဆီး

ရန်ကုန်၊ ဇန်နဝါရီ ၂၉ မကွေးတိုင်း၊ မြိုင်မြို့နယ်နှင့် ပခုက္ကူမြို့နယ် အစပ်ကို စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်က စစ်ဘေးရှောင် ပြည်သူများ နေထိုင်သော ဘုန်းကြီးကျောင်း၊ တောတိုက်များနှင့် ကျဆုံး PDF ရဲဘော် ၂ ဦး၏ ကျောက်တိုင်ကိုပါ မီးရှို့ဖျက်ဆီးသွားကြောင်း အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်မှ တာဝန်ရှိသူ...

Latest news

- Advertisement -spot_img