27 C
Yangon
spot_img

CATEGORY

News

မြင်းခြံမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် စစ်တပ်က ပြည်သူ ၈ ဦးကို သတ်ဖြတ်ပြီး ကျေးရွာ ၁၀ ခုကို ဆက်တိုက် မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ်အများအပြား မီးလောင်ပြာကျ

ရန်ကုန်၊ မတ် ၂၉ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်က ပြည်သူ ၆ ဦးကို သတ်ဖြတ်ပြီး ကျေးရွာ ၁၀ ခုကို ဆက်တိုက် မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ်အများအပြား မီးလောင်ပြာကျခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဖေဖော်ဝါရီလကုန်ပိုင်းမှ စတင်၍ မြင်းခြံမြို့နယ်အတွင်း...

နောင်ချိုမြို့နယ်၊ ခလရ ၁၄၇ တွင် တပ်ကြပ်ကြီး ကျော်စိုးက စစ်မှုထမ်းတပ်သား မောင်ကိုကိုထက်ကို လူမဆန်စွာ ရိုက်နှက်ညှဉ်းပန်း

ရန်ကုန်၊ မတ် ၂၉ ရှမ်းပြည်နယ်မြောက်ပိုင်း၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ နောင်ချိုမြို့နယ်အခြေစိုက် ခလရ ၁၄၇ တပ်ရင်းမှ တပ်ကြပ်ကြီး ကျော်စိုးက စစ်မှုထမ်းတပ်သားမောင်ကိုကိုထက်ကို ရွာသားများရှေ့မှောက်တွင် လူမဆန်စွာ ရိုက်နှက်နှိပ်စက်ညှဉ်းပန်းနေကြောင်း တပ်ရင်းသတင်းရင်းမြစ်တချို့ထံမှ သိရှိရသည်။ ယနေ့ မတ်လ ၂၉ ရက်နေ့ နံနက်ပိုင်း နောင်ချိုမြို့နယ်၊ သုံးဆယ်ရွာအနီးရှိ ကြူအင်းကျေးရွာတွင်...

မြိုင်မြို့နယ်တွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်ပြီး မြင်းခြံရှိ နဘူးအိုင်ရွာကိုလည်း ဒရုန်းဖြင့်တိုက်ခိုက်ကာ စစ်တပ်က မီးတင်ရှို့ဖျက်ဆီး

ရန်ကုန်၊ မတ်လ ၂၉ မကွေးတိုင်း၊ မြိုင်မြို့နယ်နှင့် မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တို့တွင် အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်မှုနှင့် မီးရှို့ဖျက်ဆီးမှုများကို ဆက်တိုက်ပြုလုပ်ခဲ့ရာ ပြည်သူများ သေ ဆုံးကာ နေအိမ်များနှင့် ဘာသာရေးအဆောက်အအုံများစွာ ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ မတ်လ ၂၉ ရက်နေ့၊ မွန်းလွဲ ၁၂...

သာယာဝတီထောင်တွင် စစ်ကိုင်းငလျင်ကြီး ၁ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် နိုင်ငံရေးအကျဉ်းသားများက ဘာသာပေါင်းစုံ ဆုတောင်းပွဲ ပြုလုပ်

ရန်ကုန်၊ မတ် ၂၉ ပဲခူးတိုင်း၊ သာယာဝတီအကျဉ်းထောင်အတွင်းရှိ နိုင်ငံရေးအကျဉ်းသားများက ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သော စစ်ကိုင်းငလျင်ကြီး ၁ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ဘာသာပေါင်းစုံ ဆုတောင်းပွဲကို ပြုလုပ်ခဲ့ကြောင်း အကျဉ်းထောင်သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ မြန်မာနိုင်ငံတွင် အင်အားရစ်ခ်တာစကေး ၇ ဒသမ ၇...

တောင်သာတွင် ရိက္ခာယာဉ်တန်းအတွက် ကင်းထွက်လာသည့် စစ်ကားများကို မိုင်းဆွဲတိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြား

ရန်ကုန်၊ မတ် ၂၉ မန္တလေးတိုင်း၊ တောင်သာမြို့နယ်ရှိ မြင်းခြံ-ညောင်ဦး လမ်းပိုင်းတွင် ရိက္ခာယာဉ်တန်းကို ကင်းယူပေးရန် ထွက်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်ပါလာသည့် ကားများကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၁၂ ဦး သေဆုံးခဲ့ကြောင်း Brethren Guerrilla Force အဖွဲ့ထံမှ သိရသည်။ မတ်လ ၂၇ ရက်နေ့...

ကလေး – ကဘော် – ဂန့်ဂေါဒေသရှိ အရွယ်ရောက်ပြီးသူအားလုံး စစ်မှုထမ်းကြရန် CDF-KKG တိုက်တွန်းထုတ်ပြန်

မတ်လ ၂၉ ရက် စစ်အာဏာရှင်စနစ် အမြစ်ပြုတ်ချေမှုန်းနိုင်ရေးအတွက် ကလေး၊ ကဘော်၊ ဂန့်ဂေါဒေသအတွင်းရှိ အရွယ်ရောက်ပြီးသူ ပြည်သူအားလုံး စစ်မှုထမ်းတာဝန်များတွင် ပူးပေါင်းပါဝင်ကြရန် Chinland Defense Force – Kalay Kabaw Gangaw (CDF-KKG) က ယနေ့ မတ်လ ၂၉ ရက်နေ့တွင်...

ရန်ကုန်တွင် စက်သုံးဆီမှောင်ခိုစျေးကွက် ကြီးထွားလာပြီး စျေးနှုန်းများ စံချိန်တင်မြင့်တက်၊ ဓာတ်ဆီ ၁ လီတာ ၁၂,၀၀၀ ကျပ်နှင့် ဒီဇယ် ၁ လီတာ ၁၅,၀၀၀ ကျပ်အထိ စျေးပေါက်လာ

ရန်ကုန်၊ မတ်လ ၂၉ ရန်ကုန်မြို့ရှိ စက်သုံးဆီဆိုင်များတွင် ဆီခွဲတမ်းများ ပုံမှန်မရရှိတော့ခြင်းနှင့် ဆီလိုသ လောက် ဝယ်ယူ၍မရသည့် အခက်အခဲများကြောင့် ပြင်ပမှောင်ခိုစျေးကွက် အကြီး အကျယ် ဖြစ်ထွန်းလာပြီး စျေးနှုန်းများမှာလည်း စံချိန်တင် မြင့်တက်လျက်ရှိကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရသည်။ လက်ရှိ ရန်ကုန်မြို့တွင် စက်သုံးဆီမှောင်ခိုစျေးကွက် ကြီးထွားလာနေပြီး ပြင်ပပေါက်စျေးမှာ ဓာတ်ဆီ...

မြန်မာနိုင်ငံရှိ ခရစ်ယာန်ဘာသာဝင်များအပေါ် စစ်တပ်က ဖိနှိပ်မှုများကို အရေးယူပေးရန် အမေရိကန်အစိုးရထံသို့ BRI အဖွဲ့က တိုက်တွန်း

ရန်ကုန်၊ မတ် ၂၉ မြန်မာနိုင်ငံရှိ ခရစ်ယာန်ဘာသာဝင်များအပေါ် ဖိနှိပ်မှုများအား အရေးယူပေးရန် မြန်မာ့အရေးသုတေ သန အဖွဲ့ -BRI က အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနသို့ သွားရောက်တိုက်တွန်းလိုက်သည်။ မြန်မာ့အရေးသုတေသနအဖွဲ့ (BRI) ကိုယ်စားလှယ်အဖွဲ့က မတ်လ ၂၅ ရက်နေ့ အမေရိကန်ပြည် ထောင်စု၊ ဝါရှင်တန်ဒီစီရှိ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနသို့ သွားရောက်ပြီး ကမ္ဘာလုံးဆိုင်ရာ...

မြောင်းမြနှင့် အုတ်တွင်တို့တွင် အုပ်ချုပ်ရေးမှူးများနှင့် နယ်ထိန်းရဲများက လူငယ်များကို မတရားဖမ်း ဆီး စစ်မှုထမ်းရန် စေခိုင်းနေ၊ ဆွေမျိုးတော်စပ်သူ လူငယ်များကိုပင် အုပ်ချုပ်ရေးမှူးများက အလွတ်မပေးဘဲ စစ်ထဲဖမ်းထည့်

ရန်ကုန်၊ မတ်လ ၂၈ ရက် ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်နှင့် ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်တို့တွင် ဒေသခံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် နယ်ထိန်းရဲများ ပူးပေါင်းကာ လူငယ်များကို နည်းမျိုးစုံဖြင့် ပေါ်တာဆွဲ ဖမ်းဆီးခြင်းနှင့် ငွေကြေးအဆမတန် ကောက်ခံခြင်းများ လုပ်ဆောင်နေသောကြောင့် ဒေသခံပြည်သူများမှာ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရကြောင်း သိရှိရသည်။ မြောင်းမြမြို့နယ်၊ ကျုံတာမုတ်ဆိုးမကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ကျော်သူမင်းနှင့်...

မင်းအောင်လှိုင် ဦးဆောင်မည့် အစိုးရအဖွဲ့သစ်တွင် အမာခံကြံ့ဖွတ်ပါတီဝင်များက ဒုသမ္မတ၊ ဝန်ကြီးနှင့်ဒုဝန်ကြီး နိုင်ငံရေးရာထူးနေရာများအတွက် မပါဝင်လာ၍ မကျေမနပ်ဖြစ်

ရန်ကုန်၊ မတ် ၂၉ အကြမ်းဖက် မင်းအောင်လှိုင် သမ္မတ အဖြစ် ဦးဆောင်မည့် အစိုးရအဖွဲ့သစ်တွင် အမာခံကြံ့ဖွတ်ပါတီ ဝင်များမှာ ဒုတိယသမ္မတ၊ ဝန်ကြီးနှင့်ဒုဝန်ကြီးနေရာများအတွက် ပါဝင်လာနိုင်ခြင်းမရှိ၍ ပါတီတွင်း မကျေနပ်မှုများဖြစ်ပေါ်နေကြောင်း ကြံ့ခိုင်ရေးပါတီသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ သမ္မတ ဖြစ်လာမည့် မင်းအောင်လှိုင်က ဖွဲ့စည်းရန်ရှိနေသော အစိုးရအဖွဲ့သစ်တွင်လည်း ယခု စစ်ကောင်စီနှင့်...

Latest news

- Advertisement -spot_img