31.8 C
Yangon
spot_img

CATEGORY

News

အုတ်ဖိုတွင် ပြည်သူများကို ပေါ်တာဆွဲ ဖမ်းဆီးရန် ထွက်လာသည့် အေးမြသာယာရဲစခန်းမှ ရဲများကို ပစ်ခတ် တိုက်ခိုက်မှု စခန်းမှူး ရဲအုပ် ဇော်ဝင်း အပါအဝင် ၂ ဦး သေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၁၇ ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ အေးမြသာယာရဲစခန်းမှ အရပ်ဝတ်ဖြင့် ပြည်သူများကို ပေါ်တာဆွဲ ဖမ်းဆီးရန် ထွက်လာသည့် ရဲများကို ပစ်ခတ် တိုက်ခိုက်ရာ စခန်းမှူး ရဲအုပ် ဇော်ဝင်း အပါအဝင် ၂ ဦး သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ...

ဝမ်းတွင်း၊ ရိုးစုံကျေးရွာတွင် ရေစီးနှင့်အတူ မျောပါ သေဆုံးခဲ့သည့် အသက် ၄ နှစ်အရွယ် သမီးငယ်နှင့် အသက် ၅ နှစ်အရွယ် သားငယ်အလောင်းတို့ကို တွေ့ရှိရ၊ သမီးငယ်၏ မိသားစုဝင် ၄ ဦးမှာလည်း ရေစီးနှင့်အတူမျောပါ သေဆုံးခဲ့

ရန်ကုန်၊ စက်တင်ဘာ ၁၇ မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ ရိုးစုံကျေးရွာတွင် ရေစီးနှင့်အတူ မျောပါ သေဆုံးခဲ့သည့် အသက် ၄ နှစ်အရွယ် မိန်းကလေးနှင့် အသက် ၅ နှစ်အရွယ် ယောင်္ကျားလေးအလောင်းတို့ကို တွေ့ရှိရပြီး မိန်းကလေးငယ်၏ အလောင်းမှာ ပိုင်ရှင်ပေါ်သော်လည်း ယောင်္ကျားလေး၏အလောင်းမှာ ပိုင်ရှင်မသိရှိရသေးဘဲ စုံစမ်းနေဆဲဖြစ်ကြောင်း ကယ်ဆယ်ရေးလုပ်ဆောင်ခဲ့သော...

မြောက်ဥက္ကလာပ၊ ၂၂ ရပ်ကွက်ရုံးကို လက်ပစ်ဗုံးဖြင့် တိုက်ခိုက်မှု စစ်ကောင်စီဘက်တော်သား ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရ

ရန်ကုန်၊ စက်တင်ဘာ ၁၇ ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်၊ အမှတ် ၂၂ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံး ၂ လုံး ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်တော်သား ၁ ဦးသေဆုံးပြီး ၁ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့...

တရုတ်မှာ မောင်းသူမဲ့လေယာဉ် ထုတ်လုပ်ရေး၊ အီလက်ထရောနစ် စစ်ဆင် ရေး နဲ့ လေကြောင်းရန် ကာကွယ်ရေး စက်လက်နက် ပစ္စည်းတွေကို လေ့လာတဲ့အပြင် နည်းပညာ ပူးပေါင်းဆောင်ရွက်နိုင်မယ့် အခြေအနေတွေ တရုတ်ကုမ္ပဏီတွေနဲ့ စစ်ကောင်စီဝန်ကြီး ဆွေးနွေးတယ်လို့ဆို

ရန်ကုန်၊ စက်တင်ဘာ ၁၇ တရုတ်နိုင်ငံရောက် စစ်ကောင်စီ ကာကွယ်ရေးဝန်ကြီး တင်အောင်စန်းက မောင်း သူမဲ့လေယာဉ် ထုတ်လုပ်ရေး၊ အီလက်ထရောနစ်စစ်ဆင်ရေးနဲ့ လေ ကြောင်းရန် ကာကွယ်ရေး စက်လက်နက်တွေကို လေ့လာပြီး နည်းပညာပူးပေါင်းဆောင်ရွက်နိုင်မယ့်အခြေအနေတွေ တရုတ်ကုမ္ပဏီတွေနဲ့ဆွေးနွေးတယ်လို့ အကြမ်းဖက် စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။ စက်တင်ဘာလ ၁၂ ရက်နေ့ကနေ စက်တင်ဘာလ ၁၅...

ဧရာ၀တီတိုင်းတွင် လိုင်စင်မဲ့ ဆိုင်ကယ်စီးနင်းသူများကို ဆိုင်ကယ်သိမ်းယူပြီး လူကိုပါ ထောင် ၁ လချမှတ်၊ ပြည်သူအများအပြား ဖမ်းဆီးခံရပြီး ငွေပေးနိုင်သူများ ပြန်လွတ်သော်လည်း ငွေမပေးနိုင်သူများ ထောင်ကျ

ရန်ကုန်၊ စက်တင်ဘာ ၁၇ ဧရာ၀တီတိုင်းတွင် လိုင်စင်မဲ့ ဆိုင်ကယ်စီးနင်းသူများကို ဆိုင်ကယ်သိမ်းယူပြီး လူကိုပါ ထောင် ၁ လချမှတ်နေကာ ပြည်သူအများအပြား ဖမ်းဆီးခံရကြောင်း၊ ငွေပေးနိုင်သူများ ပြန်လွတ်သော်လည်း ငွေမပေးနိုင်သူများ ထောင်ကျနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဧရာ၀တီတိုင်းအတွင်းရှိ မြို့နယ်များအားလုံးတွင် စစ်တပ်၊ ရဲ၊ မီးသတ်၊ ကညနနှင့်...

စစ်တပ်က ပြည်သူများကို ဖမ်းဆီးခြင်း၊ ပေါ်တာဆွဲခြင်း၊ နေ အိမ်များ ကို မီးရှို့နေ၍ စစ်ကောင်စီ၏အုပ်ချုပ်ရေးနှင့် စစ်ရေးပစ်မှတ်များကို တိုက်ခိုက်မည်ဟု မြိတ် PDF ကြေညာ

ရန်ကုန်၊ စက်တင်ဘာ ၁၇ တနင်္သာရီတိုင်း၊ မြိတ်ခရိုင်အတွင်း စစ်တပ်စစ်ကြောင်းက ပြည်သူများကို ဖမ်း ဆီးခြင်း၊ ပေါ်တာဆွဲခြင်း၊ နေအိမ်များ ကို မီးရှို့ဖျက်ဆီးခြင်း လုပ်ဆောင်နေသဖြင့် စစ်ကောင်စီ၏ အုပ်ချုပ်ရေးပစ်မှတ်နှင့် စစ်ရေးပစ်မှတ်များကို တိုက်ခိုက်သွားမည်ဖြစ်ကြောင်း မြိတ်ခရိုင် PDF က ကြေညာသည်။ လတ်တလော နှစ်ဖက် စစ်ရေးတင်းမာနေပြီး မြိတ်-ကြေးနန်းတိုင်လမ်းနှင့်...

ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် မြန်မာအလုပ်သမား ၁၀၀ ဦးကို ရွှေရတနာဖြိုး ပြည်ပအလုပ်အကိုင်အေဂျင်စီက ဝန်ဆောင်ခယူစေလွှတ်သော်လည်း အလုပ်မရ၍ အလုပ်သမားများအားလုံး ဒုက္ခရောက်နေပြီး ကယ်ကူသူမဲ့နေ

ရန်ကုန်၊ စက်တင်ဘာ ၁၇ ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် ရွှေရတနာဖြိုး ပြည်ပအလုပ်အကိုင်အေဂျင်စီက မြန်မာအလုပ်သမား ၁၀၀ ဦးကို ဝန်ဆောင်ခယူစေလွှတ်သော်လည်း ထိုင်းနိုင်ငံရောက်ရှိချိန် အလုပ်မရ၍ အလုပ်သမားများအားလုံး ဒုက္ခရောက်နေကြောင်း အလုပ်သမားများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဩဂုတ်လ ၂၉ ရက်နေ့ ရွှေရတနာဖြိုး ပြည်ပအလုပ်အကိုင်အေဂျင်စီက မြန်မာအလုပ်သမား ၁၀၀...

ပုလောမြို့နယ်၊ သစ်လှတောရွာနှင့် ဖော့ဆိုတဲ့ကျေးရွာကို စစ်ကောင်စီတပ်များက မီးရှို့ပြီး ပြည်သူများကို ဖမ်းဆီး

ရန်ကုန်၊ စက်တင်ဘာ ၁၇ တနင်္သာရီတိုင်း၊ ပုလောမြို့နယ်တွင် စစ်ကောင်စီတပ်များနှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ်က သစ်လှတောကျေးရွာနှင့် ဖော့ဆိုတဲ့ကျေးရွာတို့ကို မီးတင်ရှို့ကာ ပြည်သူများကို ဖမ်းဆီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ စက်တင်ဘာလ ၁၅ ရက်နေ့ ပုလောမြို့နယ်အတွင်းတွင် စစ်ကောင်စီတပ်များနှင့် တော်လှန်ရေးတပ်များအကြားတိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း၊ စစ်တပ်က စစ်ကြောင်းထိုးရာမှ တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ကြောင်း၊...

စစ်တွေမြို့၊ ရွှေပြည်သာနှင့် ကျေးတောရပ်ကွက်မှ ပြည်သူများကို စစ်ကောင်စီက ရပ်ကွက်များအတွင်း နေထိုင်ခွင့်မပြုတော့ဘဲ နှင်ထုတ်

ရန်ကုန်| စက်တင်ဘာ ၁၇ ရခိုင်ပြည် စစ်တွေမြို့ ရွှေပြည်သာရပ်ကွက်နှင့် ကျေးတောရပ်ကွက် (ရွာမနှင့် ပိုက်ဆိပ်) က ဒေသခံပြည်သူများအားလုံးကို နှစ်ရက်အတွင်း ရွှေ့ပြောင်းကြရန် စစ်ကောင်စီတပ်ဖွဲ့ဝင်များက နှင်ထုတ်နေသည်။ ရွှေပြည်သာရပ်ကွက်တွင် နေထိုင်သူများအားလုံး စက်တင်ဘာလ ၁၄ ရက်နေ့မှစ၍ စစ်တွေမြို့ထဲသို့ ရွှေ့ပြောင်းနေထိုင်ကြရန် စစ်ကောင်စီတပ်ဖွဲ့ဝင်များက တစ်အိမ်ဝင်တစ်အိမ်ထွက် နှင်ထုတ်နေကြောင်း နှင်ထုတ်ခံရသည့်...

ကလေးများ သေဆုံးစေခဲ့သည့် ဖယ်ခုံ၊ ဘန်ကောက် စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီက ဗုံးကျဲမှု အရပ်ဘက် အဖွဲ့ နှင့်တော်လှန်ရေးအင်အားစု ၃၁၆ ဖွဲ့က ရှုတ်ချပြီး လက်နက်နှင့်လေယာဉ်ဆီများ စစ်တပ်ထံ မရောင်းရန် နိုင်ငံတကာကို တောင်းဆို

ရန်ကုန် | စက်တင်ဘာ ၁၆ ရှမ်း-ကရင်နီအစပ် ၊ ဖယ်ခုံမြို့နယ်မှာ ပြည်သူ ၉ ဦးသေဆုံးစေခဲ့တဲ့ ဘန် ကောက် စစ်ဘေးရှောင်စခန်းကို အာဏာ သိမ်း စစ်ကောင်စီတပ်က လေ ကြောင်း ကနေ ဗုံးကျဲတိုက်ခိုက်ခဲ့တာကို ပြင်းထန်စွာ ရှုတ်ချတယ်လို့ အရပ်ဘက်အဖွဲ့အစည်း ၃၁၆ဖွဲ့က စက်တင်ဘာလ...

Latest news

- Advertisement -spot_img