24 C
Yangon
spot_img

CATEGORY

News

ပေါက်မြို့နယ်အတွင်း စစ်တပ် စစ်ကြောင်းထိုးနေ၍ ကျေးရွာ ၁၁ ခုမှ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ တိမ်းရှောင်နေရ၊ နဘူးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု နေအိမ်များပျက်စီး

ရန်ကုန်၊ ဇန်နဝါရီ ၁၆ မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်း စစ်တပ် စစ်ကြောင်းထိုးနေ၍ ကျေးရွာ ၁၁ ခုမှ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ တိမ်းရှောင်နေရကြောင်း ပေါက်မြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ ထုတ်ပြန်ချက်နှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ပေါက်မြို့နယ် တောင်ပိုင်းရှိ...

စလင်းမြို့နှင့် ဆင်ဖြူကျွန်းမြို့ပေါ်ရှိ ဆေးရုံ၊ ရပ်ကွက်များကို စစ်တပ်က ၃ ရက်ဆက်တိုက် ဝင်ရောက် ပေါ်တာဆွဲ ဖမ်းဆီးမှု လူငယ် ၆၀ ကျော် ဖမ်းဆီးခံရ၊ ငွေကြေးပေးနိုင်သည့် လူငယ် ၆ ဦးကို ငွေကျပ် ၁၆၅ သိန်းဖြင့် ပြန်လွှတ်ပေး

ရန်ကုန်၊ ဇန်နဝါရီ ၁၆ မကွေးတိုင်း၊ စလင်းမြို့မြို့နှင့် ဆင်ဖြူကျွန်း မြို့ပေါ်ရှိ ဆေးရုံ၊ ရပ်ကွက်များကို အကြမ်းဖက် စစ်တပ်က ၃ ရက်ဆက်တိုက် ဝင်ရောက် ပေါ်တာဆွဲ ဖမ်းဆီးခြင်းကြောင့် လူငယ် ၆၀ ကျော် ဖမ်းဆီးခံရပြီး ငွေကြေးပေးနိုင်သည့် လူငယ် ၆ ဦးကို ငွေကျပ်...

နွားထိုးကြီးမြို့နယ်၊ ဆူးဖြူကုန်းရွာတွင် ဘောလုံးပွဲ ပြုလုပ်နေစဉ် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၃ ဦးသေဆုံးပြီး ၃၀ ကျော် ထိခိုက်ဒဏ်ရာရ၊ ဒဏ်ရာပြင်းထန်သူများ ပါဝင်၍ သေဆုံးသူ အရေအတွက် ထပ်တိုးနိုင်

ရန်ကုန်၊ ဇန်နဝါရီ ၁၆ မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ဆူးဖြူကုန်းရွာတွင် ဘောလုံးပွဲ ပြုလုပ်နေစဉ် အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၃ ဦးသေဆုံးပြီး ၃၀ ကျော် ထိခိုက်ဒဏ်ရာရရှိပြီး ဒဏ်ရာပြင်းထန်သူများ ပါဝင်၍ သေဆုံးသူ အရေအတွက် ထပ်တိုးနိုင်ကြောင်း ဒေသပြည်သူများက...

တရုတ်နိုင်ငံ၏ ဖိအားကို ကြောက်စရာမလိုဘဲ တွန်းလှန်နိုင်ရေး မြေပြန့်တော်လှန်ရေးတပ်များနှင့် တိုင်းရင်းသားတပ်များ ချိတ်ဆက် စုစည်းကြရန် ချင်းပြည်သူ့တပ်မတော်က တိုက်တွန်း

ရန်ကုန်၊ ဇန်နဝါရီ ၁၆ တရုတ်နိုင်ငံ၏ မြန်မာ့အရေးဝင်ရောက်စွက်မှုကို မြေပြန့်ရှိတော်လှန်ရေးတပ်ဖွဲ့များ၊ တိုင်း ရင်းသား တော်လှန်ရေးတပ်ဖွဲ့များ ချိတ်ဆက်ပူးပေါင်းကာ စုစုစည်းစည်းဖြင့် တွန်း လှန်နိုင်ပါက ကြောက်စရာ မလိုကြောင်း ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော် အဖွဲ့ဝင် ပီတာသန်းရွှေက ပြော ကြားသည်။ ယမန်နေ့ ဇန်နဝါရီလ ၁၅ ရက်နေ့ ညနေ ၆...

မြိုင်တွင် စစ်တပ်က အသက် ၇၀ အရွယ် အဘွားအို ၁ ဦးကို မီးရှို့သတ်ဖြတ်ပြီး နေအိမ် ၇၀ ကျော်ကို မီးတင်ရှို့၊ မြင်းခြံတွင်လည်း စစ်တပ်က ကျေးရွာများကို ဒရုန်းဖြင့် ဗုံးကျဲ

ရန်ကုန်၊ ဇန်နဝါရီ ၁၆ မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ဝင်ရောက် စီးနင်းကာ အသက် ၇၀ နှစ်အရွယ် အဘွားအို ၁ ဦးကို မီးရှို့သတ်ဖြတ်ခဲ့ကြောင်း မြိုင်ဒေါင်းမင်း မြေပြင်သတင်းမှန်ပြန် ကြားရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။ ဇန်နဝါရီလ ၁၅ ရက်နေ့...

ဝက်လက်မြို့နယ်၊ ညောင်ကန်ရွာတွင် စစ်ဘေးရှောင်ပြည်သူများ နေထိုင်သော စာသင်ကျောင်းကို စစ်တပ်ကလေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု အမျိုးသမီး ၁ ဦး သေဆုံးပြီး ၅ ဦးထိခိုက်ဒဏ်ရာရကာ စာသင်ကျောင်းနှင့် နေအိမ်များ မီးလောင်ပျက်စီး

ရန်ကုန်၊ ဇန်နဝါရီ ၁၆ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ညောင်ကန်ရွာတွင် စစ်ဘေးရှောင်ပြည်သူများ နေထိုင်သော စာသင်ကျောင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အမျိုးသမီး ၁ ဦး သေဆုံးပြီး ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စာသင်ကျောင်းနှင့် နေအိမ်များ မီးလောင်ပျက်စီးခဲ့ကြောင်း Wetlet Informational...

မိုးကုတ်တွင် စစ်တပ်တပ်စွဲနေရာများကို ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက်၊ စစ်တပ်က ပြည်သူ ၃ ဦးကို ပစ်သတ်

ရန်ကုန်၊ ဇန်နဝါရီ ၁၆ မန္တလေးတိုင်း၊ မိုးကုတ်မြို့မစိုးရိမ်ကျောင်းနှင့် မောနေယကျောင်းတိုက်တွင် တပ်စွဲထားသော စစ်တပ်ကို တော်လှန်ရေးတပ်ဖွဲ့များက ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မိုးကုတ်တော်လှန်ရေးသတင်းရင်းမြစ် က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ယနေ့ ဇန်နဝါရီလ ၁၆ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်အချိန် မိုးကုတ်မြို့၊ မစိုးရိမ်ကျောင်းတိုက်နှင့်...

စစ်ကိုင်း-မင်းကွန်းလမ်းပိုင်းတွင် စစ်သားများ လိုက်ပါလာသော ကား ၁ စီး လမ်းကြိတ်စက်ကို ဝင်တိုက်မိ၍ စစ်သား ၃ ဦးသေဆုံး၊ ညောင်ဦးတွင်လည်း စစ်တပ်က ကျေးရွာများကို မီးရှို့နေ

ရန်ကုန်၊ ဇန်နဝါရီ ၁၆ စစ်ကိုင်းတိုင်း၊ စစ်ကိုင်း-မင်းကွန်းလမ်းပိုင်းတွင် စစ်သားများ လိုက်ပါလာသော ကား ၁ စီး လမ်းကြိတ်စက်ကို ဝင်တိုက်မိ၍ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဇန်နဝါရီလ ၁၆ ရက်နေ့ နံနက် အစောပိုင်းမှ စတင်၍ စစ်ကိုင်း-မင်းကွန်းလမ်းပိုင်းရှိ...

ထိုင်းနိုင်ငံတွင် မင်္ဂလာဆောင်ပြီး ၁ ရက်အကြာ ကိုရီးယား-ထိုင်း ဇနီးမောင်နှံ ရထားပေါ် ကရိန်းပြိုကျမှုကြောင့် နှစ်ဦးစလုံး ကွယ်လွန်

ရန်ကုန်၊ ဇန်နဝါရီ ၁၆ ထိုင်းနိုင်ငံမှာ မင်္ဂလာဆောင်ပြီး တစ်ရက်အကြာမှာ ကိုရီးယား-ထိုင်း ဇနီးမောင်နှံ ရထားပေါ် ကရိန်းပြိုကျမှုကြောင့် နှစ်ဦးစလုံး ကွယ်လွန်သွားပါတယ်။ ဇန်နဝါရီ ၁၄ ရက်နေ့ ထိုင်းနိုင်ငံ၊ နခွန်ရာချစီမာမြို့မှာ ဖြစ်ပွားခဲ့တဲ့ ဆောက်လုပ်ရေးကရိန်းက ရထားပေါ်ပြိုကျမှုကြောင့် လူပေါင်း ၃၂ ဦး သေဆုံးခဲ့ရပါတယ်။ အဲဒီထဲမှာမှ မင်္ဂလာလက်မှတ် ရေးထိုးပြီး...

အဆိုတော် ရှင်မင်းမြတ်ကို မူဆယ်ပွဲငှားဟုဆိုကာ ကျားဖြန့်ဂိုဏ်းက ပြန်ပေးဆွဲ နှိပ်စက် ငွေညှစ်မှု သိန်း ၃၀၀၀ ကျော် ပါသွား၊ မူဆယ်ရဲစခန်းတွင် တိုင်ကြား အမှုဖွင့်ထား

ရန်ကုန်၊ ဇန်နဝါရီ ၁၆ ပြည်တွင်းမှ အဆိုတော် ရှင်မင်းမြတ်ကို မူဆယ်ပွဲငှားဟုဆိုကာ ကျားဖြန့်ဂိုဏ်းက ပြန်ပေးဆွဲ နှိပ်စက် ငွေညှစ်ခဲ့ပြီး သိန်း ၃၀၀၀ ကျော် ပါသွားကာ မူဆယ် ရဲစခန်းတွင် တိုင်ကြား အမှုဖွင့်ထားကြောင်း ကာယကံရှင်ဖြစ်သူ အဆိုတော်ရှင်မင်းမြတ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့သို့ ဖျော်ဖြေရေးပွဲငှားရမ်းသည့်...

Latest news

- Advertisement -spot_img