24 C
Yangon
spot_img

CATEGORY

News

အမေရိကန်တွင် အစိုးရထောက်ပံ့ကြေး ယူနိုင်ခြေရှိသည်ဟုဆိုကာ မြန်မာအပါအဝင် ၇၅ နိုင်ငံမှ နိုင်ငံသားများအတွက် အခြေချနေထိုင်ခွင့် ဗီဇာ ထုတ်ပေးမှုများ ရပ်ဆိုင်း

မြန်မာနိုင်ငံမှာ အလည်အပတ်ဗီဇာ၊ အခြေချနေထိုင်ဗီဇာ အပါအဝင် အမေရိကန်ဗီဇာအားလုံး ပိတ်ပင်ခံထားရ ရန်ကုန်၊ ဇန်နဝါရီ ၁၅ အမေရိကန်တွင် အစိုးရထောက်ပံ့ကြေး ယူနိုင်ခြေရှိသည်ဟုဆိုကာ မြန်မာနိုင်ငံ အပါအဝင် ၇၅ နိုင်ငံမှ နိုင်ငံသားများအတွက် အခြေချဗီဇာများ ထုတ်ပေးမှုများကို ရပ်ဆိုင်းလိုက်ကြောင်း အမေရိကန်အစိုးရက သတင်းထုတ်ပြန်လိုက်ပါတယ်။ အမေရိကန်နိုင်ငံမှာ လာရောက်အခြေချမယ့် နိုင်ငံခြားသားတွေဟာ အမေရိကန်အစိုးရရဲ့...

မြင်းခြံမြို့နယ်တွင် နာမည်ဆိုးဖြင့် ကျော်ကြားသော ပျူစောထီး ခေါင်းဆောင် သီတာယုမွန် ၏ ခင်ပွန်းစိန်လွင်ကို မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရရှိ၊ စိန်လွင်က ပျူစောထီး ဒုခေါင်းဆောင်အဖြစ် တာဝန်ယူထား

ရန်ကုန်၊ ဇန်နဝါရီ ၁၅ မန္တလေးတိုင်း၊မြင်းခြံမြို့နယ်မှ စစ်တပ် လက်အောက်ခံ ပျူစောထီး ခေါင်း ဆောင် သီတာယုမွန်၏ ခင်ပွန်းဖြစ်သူစိန်လွင်ကို စိတ်ကြွမူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရရှိကြောင်း မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်းမှ ဒုတပ်ရင်းမှူး ကိုမင်းသားကြီးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဇန်နဝါရီလ ၁၄ ရက်နေ့ နံနက်ပိုင်း မြင်းခြံ- ပုဂံညောင်ဦးလမ်းတွင်...

ဒဂုံမြို့သစ်တောင်ပိုင်း ၊ ၆၆ ရပ်ကွက် အုပ်ချုပ်ရေးမှူး မြင့်အောင်နှင့်အဖွဲ့က လူငယ်များကို လိုက်လံ ဖမ်းဆီးပြီး စစ်မှုထမ်းလိုအပ်နေသော ရပ်ကွက်များသို့ စစ်မှုထမ်းလူစားထိုးအဖြစ် လူငယ် ၁ ဦးလျှင် သိန်း ၆၀ နှုန်းဖြင့် စီးပွားဖြစ် ရောင်းချနေ

ရန်ကုန်၊ ဇန်နဝါရီ ၁၅ ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ ၆၆ ရပ်ကွက် အုပ်ချုပ်ရေးမှူး မြင့်အောင်နှင့်အဖွဲ့က လူငယ်များကို အိမ်စီးကားများဖြင့် လိုက်လံ ဖမ်းဆီးပြီး စစ်မှုထမ်းလိုအပ်နေသော ရပ်ကွက်များသို့ လူငယ် ၁ ဦးလျှင် သိန်း ၆၀ နှုန်းဖြင့် ရောင်းချနေကြောင်း ဖမ်းဆီးခံလူငယ်များ၏ မိသားစုဝင်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့...

မော်လိုက်မြို့နယ်တွင် မဲရုံစောင့် လုံခြုံရေး တာဝန်ကျနေသော စစ်မှုထမ်းတပ်သားသစ် ၃ ဦးက လက်နက်များယူဆောင် အလင်းဝင်

ရန်ကုန်၊ ဇန်နဝါရီ ၁၅ စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်တွင် မဲရုံစောင့် လုံခြုံရေး တာဝန်ကျနေသော စစ်မှုထမ်းတပ်သားသစ် ၃ ဦးက လက်နက်များယူဆောင် အလင်းဝင်လာကြောင်း မော်လိုက်ခရိုင်အမှတ် ၄ တပ်ရင်းထံမှ သိရှိရသည်။ ဇန်နဝါရီလ ၁၃ ရက်နေ့ မော်လိုက်မြို့နယ်၊ မိုးကောင်းကျေးရွာရှိ မိုးကောင်းဘုန်းကြီး ကျောင်းတွင် ဖွင့်လှစ်ထားသော မိုးကောင်းရွာမဲရုံအတွက်...

တိုင်းရင်းသားလက်နက်ကိုင်များက အသိဉာဏ်နည်းပါး လမ်းလွဲနေသော လူငယ်များကို သွေးထိုးမြှောက်ပင့်၍ တိုက်ပွဲများ ဖော်ဆောင် နယ်မြေချဲ့ထွင်နေဟု မင်းအောင်လှိုင်က ထပ်မံအပြစ်ဖို့

ရန်ကုန်၊ ဇန်နဝါရီ ၁၅ မြန်မာနိုင်ငံရှိ တချို့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက အသိဉာဏ်နည်းပါး လမ်းလွဲနေသော လူငယ်လူရွယ်များကို သွေးထိုးမြှောက်ပင့်၍ တိုက်ပွဲများ ဖော်ဆောင် နယ်မြေချဲ့ထွင်နေဟု မင်းအောင်လှိုင်က ထပ်မံအပြစ်ဖို့ ပြောဆိုပြန်သည်။ ၇၄ နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သော အကြမ်းဖက် စစ်ခေါင်း ဆောင် မင်းအောင်လှိုင်၏ ပေးပို့စာတွင်...

ပြည်ပသံရုံးတစ်ခုနှင့် Mask တပ်ပြီး လျှို့ဝှက်စွာ သွားရောက် တွေ့ဆုံမှုဖြင့် PPP ပါတီ ဥက္ကဋ္ဌ သက်သက်ခိုင်နှင့် အဖွဲ့ဝင် ထက်ထက်လှိုင်တို့ကို အရေးယူမည်ဟု စစ်တပ်က ကြေညာ

ပြည်ပဩဇာခံယူလျှင် နိုင်ငံရေးပါတီမှတ်ပုံတင်ကိုပါ ပယ်ဖျက်ရမည်ဟု စစ်တပ်က ဆက်လက် ထုတ်ပြန် ရန်ကုန်၊ ဇန်နဝါရီ ၁၅ ပြည်ပသံရုံးတစ်ခုနှင့် Mask တပ်ပြီး လျှို့ဝှက်စွာ သွားရောက် တွေ့ဆုံမှုဖြင့် ပြည်သူ့ရှေ့ ဆောင်ပါတီ- PPP ဥက္ကဋ္ဌ သက်သက်ခိုင်နှင့် အဖွဲ့ဝင် ထက်ထက်လှိုင်တို့ကို အရေးယူမည်ဖြစ်ကြောင်း အကြမ်းက် စစ်တပ်လက်အောက်ခံ...

မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၃ ဦးသေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၁၄ မြန်မာနိုင်ငံတစ်ဝန်း ဇန်နဝါရီလ ၁၄ ရက်နေ့ ရရှိထားသော အချက်အလက်များအရ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂၃ ဦး သေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆို ချက်များအရ သိရှိရသည်။ ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာ...

ဝေါမြို့နယ် သူရဲသူမိန် ရဲစခန်းနှင့် လက်နက်ကြီး တပ်ဆင်ထားသော တာဝါတိုင်ကို ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၁၄ ပဲခူးတိုင်း၊ ဝေါမြို့နယ် သူရဲသူမိန် ရဲစခန်းနှင့် လက်နက်ကြီး တပ်ဆင်ထားသော တာဝါတိုင်ကို ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း Bago District People's Defense Organization - ပဲခူးခရိုင် ပကဖ မှ တာဝန်ရှိသူ...

မင်းကင်းမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၅ ဦး ထိခိုက်သေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၁၄ စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ရာ စစ်သား ၅ ဦး ထိခိုက် သေဆုံးခဲ့ကြောင်း ကျောင်းသားတော်လှန်ရေးတပ်တော် ( S.R.F ) အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဇန်နဝါရီလ...

ကျွန်းလှ သဖန်းဆိပ်ဆည်အနီးရှိ ရွှေဖောင်လုပ်ကိုင်သော နေရာများ အပါအဝင် ကျေးရွာများကို စစ်တပ်က လေယာဉ်ဖြင့် ၁၀ ကြိမ်ဗုံးကျဲ တိုက်ခိုက်၊ မြစ်ခြေမြို့ အနီးရှိ ကျေးရွာများကို စစ်တပ်က ၂ ရက်ဆက် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ ဇန်နဝါရီ ၁၄ စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ သဖန်းဆိပ်ဆည်အနီးရှိ ရွှေဖောင်လုပ်ကိုင်သော နေရာများ အပါအဝင် ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ၁၀ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း Infinity Group မှ တာဝန်ရှိသူ တစ်ဦးနှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့...

Latest news

- Advertisement -spot_img