24 C
Yangon
spot_img

CATEGORY

News

ရေဦးနှင့် မြစ်ခြေမြို့ရှိ ကျေးရွာများကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု အသက် ၈ နှစ်အရွယ် ကလေးငယ် ၁ ဦး သေဆုံးပြီး ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ ဇန်နဝါရီ ၁၃ စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်ရှိ ပင်စိမ်းခင်းရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် အသက် ၈ နှစ်အရွယ် ကလေးငယ် ၁ ဦး သေဆုံးပြီး ပြည်သူ ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရေဦးမြို့နယ် အနောက်ခြမ်းဇုန် သတင်းဆက်သွယ်ရေးတာဝန်ခံ ထူးခန့်ဇော်(အမေ့သား)က...

မြန်မာစစ်တပ် ကျူးလွန်သော စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် တရားစွဲဆိုနိုင်ရေး ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO)က တီမောနိုင်ငံတွင် တရားဝင်တိုင်ကြား

ရန်ကုန်၊ ဇန်နဝါရီ ၃ အကြမ်းဖက် မြန်မာစစ်တပ်က ကျူးလွန်ခဲ့သော စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် စစ်ရာဇဝတ်မှုများအတွက် တရားစွဲနိုင်ရေး ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO)က တီမောနိုင်ငံတွင် တရားဝင်တိုင်ကြားလိုက်ကြောင်း အဆိုပါ အဖွဲ့ သတင်းထုတ်ပြန်သည်။ မြန်မာစစ်ကောင်စီက ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများမှ နစ်နာသူများကို ကိုယ်စားပြုသည့်အဖွဲ့က...

မြစ်ခြေ-ကမ္မ လမ်းပိုင်း တစ်လျှောက်ရှိ ကျေးရွာများကို စစ်တပ်က လေယာဉ်ဖြင့် ဆက်တိုက်ဗုံးကျဲနေ၊ ကျောက်ထုမြို့ အနီးအနားရှိ ကျေးရွာများကိုလည်း စစ်တပ်က လက်နက်ကြီး၊ Y-12 လေယာဉ်တို့ဖြင့် တိုက်ခိုက်

ရန်ကုန်၊ ဇန်နဝါရီ ၁၃ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေ-ကမ္မ လမ်းပိုင်း တစ်လျှောက်ရှိ ကျေးရွာများကို စစ်တပ်က လေယာဉ်ဖြင့် ဆက်တိုက်ဗုံးကျဲနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဇန်နဝါရီလ ၁၂ ရက်နေ့ ညနေပိုင်းမှ စတင်ပြီး ယနေ့ ဇန်နဝါရီလ ၁၃ ရက်နေ့ မွန်းလွဲပိုင်းထိ...

လောင်းလုံးမြို့ပေါ်ရှိ ဌာနဆိုင်ရာရုံးများနှင့် စစ်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်

ရန်ကုန်၊ ဇန်နဝါရီ ၁၃ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာများကို တော် လှန်ရေးတပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်တပ် ပစ်ခတ်သော လက်နက်ကြီးထိမှန်၍ နေအိမ်များ ပျက်စီးခဲ့ကြောင်း ဒေသတော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဇန်နဝါရီလ ၁၃...

ရေဦးမြို့ အထွက်ရှိ စစ်တပ်၏ ရွှေကျီးမင်းဂိတ်ကို ဝင်ရောက်တိုက်ခိုက်မှု ဂိတ်တာဝန်ခံ စစ်ဗိုလ် ၁ ဦးအပါအဝင် စစ်သား ၁၃ ဦးသေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၁၃ စစ်ကိုင်းတိုင်း၊ ရေဦးမြို့အထွက်ရှိ အကြမ်းဖက် စစ်တပ်၏ ရွှေကျီးမင်းဂိတ်ကို ဝင်ရောက်တိုက်ခိုက်ရာ ဂိတ်တာဝန်ခံ စစ်ဗိုလ် ၁ ဦးအပါအဝင် စစ်သား ၁၃ ဦးသေဆုံးခဲ့ကြောင်း ရွှေဘိုခရိုင် တပ်ရင်း ၂၄ မှ ပြန် ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။ ဇန်နဝါရီလ ၈ ရက်နေ့...

မင်းတုန်းမြို့နယ် ပဇင်းဒါးကျေးရွာကို စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး ပြည်သူ ၃၀၀ ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးထားကာ နေအိမ်များကို မီးရှို့ဖျက်ဆီး

ရန်ကုန်၊ ဇန်နဝါရီ ၁၃ မကွေးတိုင်း၊ မင်းတုန်းမြို့နယ် ပဇင်းဒါးကျေးရွာကို စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး ပြည်သူ ၃၀၀ ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးထားကာ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သရက်ခရိုင် အမှတ်-၄ တပ်ရင်းမှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဇန်နဝါရီလ ၁၃ ရက်နေ့...

ကျောက်ကြီးနှင့်မူးမြို့နယ်တို့တွင် စစ်တပ်၏ အကြမ်းဖက် ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံး ၊ ပခုက္ကူမြို့နယ်တွင်လည်း စစ်တပ် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်

ရန်ကုန်၊ ဇန်နဝါရီ ၁၃ ပဲခူးတိုင်း၊ လယ်ဒို မြို့နယ် နှင့်မူးမြို့နယ်အတွင်း စစ်တပ်က လက်နက်ကြီး၊ ဒရုန်းများဖြင့် ပစ်ခတ်မှု ကြောင့် ပြည်သူ ၁ ဦးသေဆုံးခဲ့ပြီး ၃ ဦး ထိခိုက် ဒဏ်ရာရရှိကာ နေအိမ်(၁)လုံးထိမှန်ပျက်စီးခဲ့ရကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။ ဇန်နဝါရီ ၁၁ ရက်နေ့...

ရန်ကုန်-ပြည်လမ်းအနီး ကြို့ပင်ကောက်မြို့နယ်အတွင်း စစ်တပ်နှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲဖြစ်ပွား

ရန်ကုန်၊ ဇန်နဝါရီ ၁၃ ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ် ရန်ကုန်-ပြည်လမ်းအနီးတွင် အကြမ်းဖက် စစ်တပ်နှင့် PDF တပ်များအကြား ယနေ့ နံနက် အစောပိုင်းမှ စတင်ပြီး တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသပြည်သူများနှင့် တော် လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဇန်နဝါရီလ ၁၃ ရက်နေ့...

ထိုင်းပါဆယ်ပို့သမားကို ရန်ဖြစ်ထိုးကြိတ်ခဲ့သော မြန်မာအလုပ်သမား ၆ ဦး ထိုင်းရဲထံတွင် အဖမ်းခံ၊ နှစ်ဖက်စလုံးကို ဒဏ်ငွေချမှတ် ပြန်လွှတ်ပေးနောက် နှစ်ဖက် ပြေလည်

ရန်ကုန်၊ ဇန်နဝါရီ ၁၃ ထိုင်းနိုင်ငံ၊ Samut Prakan ရှိ The One စားသောက်ဆိုင်ရှေ့တွင် ထိုင်းပါဆယ်ပို့သမားကို ရန်ဖြစ် ထိုးကြိတ်ခဲ့သော မြန်မာအလုပ်သမား ၆ ဦးမှာ ထိုင်းရဲထံတွင် အဖမ်းခံလိုက်ပြီး ရန်ဖြစ်သော နှစ်ဖက်စလုံးကို ဒဏ်ငွေချမှတ်ကာ ပြန်လွှတ်ပေးလိုက်ကြောင်း ထိုင်းသတင်းများအရ သိရှိရသည်။ ၂၀၂၆ ခုနှစ်၊...

မင်းတပ်၊ မတူပီ၊ ကန်ပက်လက်နှင့် ဒိုင်ရ်ကာကွယ်ရေးတပ်ဖွဲ့ ၄ ခုစုစည်းပြီး ချင်းပြည်သူ့တပ်မတော် ဖွဲ့စည်းပြီး ချင်းညီနောင်အဖွဲ့ဝင်အဖြစ် ဆက်လက် ပူးပေါင်းပါဝင်

ရန်ကုန်၊ ဇန်နဝါရီ ၁၃ ချင်းပြည်နယ်၊ မင်းတပ်၊ မတူပီ၊ ကန်ပက်လက်နှင့် ဒိုင်ရ်ကာကွယ်ရေးတပ်ဖွဲ့ ၄ ဖွဲ့စုစည်းပြီး ချင်းပြည် သူ့တပ်မတော်အဖြစ်ဖွဲ့စည်းလိုက်ပြီး ချင်းညီနောင်အဖွဲ့ဝင်အဖြစ် ဆက်လက်ပါဝင်ကာ စစ်ရေး၊ နိုင် ငံရေးလုပ်ငန်းစဉ်များကို အရှိန်မြှ့င်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ချင်းပြည်သူ့အစည်း အရုံး/ ချင်းပြည်သူ့တပ်မတော်က ယမန်နေ့ ဇန်နဝါရီလ ၁၂ ရက်နေ့တွင်...

Latest news

- Advertisement -spot_img