24 C
Yangon
spot_img

CATEGORY

News

ထိုင်းနိုင်ငံတွင် ထိုင်းလူမျိုး ပါဆယ်ပို့သမားကို မြန်မာအလုပ်သမားတချို့က ထိုးကြိတ်မှု ထိုင်းမျိုးချစ်အဖွဲ့များက ကြားဝင်လာပြီး ထိုးကြိတ်ခဲ့သော မြန်မာအလုပ်သမားများကို ရှာဖွေနေ၊ ထိုင်းရောက် မြန်မာများ အထူးသတိထားနေထိုင်ရမည့် အခြေအနေဟု သတိပေး

ရန်ကုန်၊ ဇန်နဝါရီ ၁၃ ထိုင်းနိုင်ငံတွင် ထိုင်းနိုင်ငံသား ပါဆယ်ပို့သမားများနှင့် မြန်မာအလုပ်သမားတချို့အကြား ရန်ဖြစ်ထိုး ကြိတ်မှု ထိုင်းမျိုးချစ်အဖွဲ့များက ကြားဝင်လာပြီး ထိုးကြိတ်ခဲ့ မြန်မာအလုပ်သမားများကို ရှာဖွေနေကြောင်း ထိုင်းမျိုးချစ်အဖွဲ့များ ကတရားဝင် သတင်းထုတ်ပြန်ထားသည်။ ဇန်နဝါရီလ ၁၂ ရက်နေ့ ထိုင်းနိုင်ငံ စမွတ်ပရာကန်ခရိုင်တွင် အစားအသောက်ပို့ဆောင်သူ ထိုင်းနိုင်ငံ သား ပါဆယ်ပို့သမားနှင့်...

ထားဝယ်၊ မုံရွာနှင့် ရမည်းသင်း မြို့နယ်တို့တွင် စစ်တပ်က စစ်မှုထမ် အပတ်စဉ် ၂၁ အတွက် လူငယ် ၂၀၀ နီးပါးကို ပေါ်တာဆွဲ ဖမ်းဆီးပြီး စစ်သင်တန်းကျောင်းများသို့ ပို့ဆောင်

ရန်ကုန်၊ ဇန်နဝါရီ ၁၃ တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်က လူငယ် ၁၀၀ နီးပါးကို ပေါ်တာဆွဲ ဖမ်းဆီးပြီး စစ်သင်တန်းကျောင်းသို့ ပို့ဆောင်လိုက်ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဇန်နဝါရီလ ၅ ရက်နေ့မှ စတင်ကာ အကြမ်းဖက် စစ်တပ်က ထားဝယ်မြို့ပေါ် ရပ်ကွက်များနှင့်...

အမေရိကန်တွင် မြန်မာနိုင်ငံသားများအတွက် ယာယီခိုလှုံနေထိုင်ခွင့် (TPS) ပြန်လည်ပေးအပ်ရန် ဥပဒေမူကြမ်းတစ်ရပ်ကို ဒီမိုကရက်နှင့်ရီပတ်ဘလစ်ကန်ပါတီမှ လွှတ်တော်အမတ် ၆ ဦးက တင်သွင်း၊ မြန်မာနိုင်ငံသားများအတွက် TPS ပယ်ဖျက်မှု အမေရိကန်သမ္မတထရမ့်၏ မှားယွင်းသော ဆုံးဖြတ်ချက်အဖြစ် ထောက်ပြ

ရန်ကုန်၊ ဇန်နဝါရီ ၁၃ အမေရိကန်နိုင်ငံတွင် မြန်မာနိုင်ငံသားများကို ယာယီခိုလှုံခွင့် (TPS) ပြန်လည်ပေးအပ်ရန်အတွက် ဥပဒေမူကြမ်းတစ်ရပ်ကို ဒီမိုကရက်နှင့်ရီပတ်ဘလစ်ကန်ပါတီမှ လွှတ်တော်အမတ် ၆ ဦးက တင်သွင်းလိုက်ကြောင်း အဆိုပါ လွှတ်တော်အမတ်များက တရားဝင် ထုတ်ပြန်ကြေညာသည်။ ဇန်နဝါရီလ ၁၂ ရက်နေ့ အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးရာ ဆပ်ကော်မတီ ဥက္ကဋ္ဌနှင့်...

ဘားအံမြို့နယ်ရှိ KNA ဘက်တံဆိပ်ပြောင်းသွားသော BGF စခန်း ၂ ခုကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု KNA စစ်သည် ၁ ဦးသေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၁၃ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ KNA ဘက်တံဆိပ်ပြောင်းသွားသော BGF စခန်း ၂ ခုကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာ KNA စစ်သည် ၁ ဦးသေဆုံးသွားကြောင်း ကရစ်စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့ ဇန်နဝါရီလ ၁၂ ရက်နေ့ မွန်းလွဲ...

ကြံ့ဖွတ်ပါတီအနိုင်ယူရန် အကွက်ချထားသော မြန်မာစစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲကို အာဆီယံနှင့်နိုင်ငံတကာ ပယ်ချကြရန် SAC-M က တိုက်တွန်း

ရန်ကုန်၊ ဇန်နဝါရီ ၁၃ စစ်တပ်ကျောထောက်နောက်ခံပေးထားသော ကြံ့ဖွတ်ပါတီအနိုင်ယူရန် အကွက်ချထားသော မြန်မာစစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲကို အာဆီယံနှင့်နိုင်ငံတကာ ပယ်ချကြရန် မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ-SAC-M က တိုက်တွန်းသည်။ မြန်မာနိုင်ငံအနှံ့ဆန့်ကျင်ကန့်ကွက်မှုများ၊ ရွေးကောက်ပွဲပထမပိုင်း လာရောက်မဲပေးသူ အလွန်နည်းပါးသည့်အခြေအနေများနှင့် နေရာအနှံ့ ရွေးကောက်ပွဲဆိုင်ရာမူမမှန်မှုများကို ဂရုမစိုက်ဘဲ မြန်မာစစ်အုပ်စုက ၎င်း၏ အတုအယောင်ရွေးကောက်ပွဲ ဆက်လက်ကျင်းပရန် စီစဉ်နေကြောင်း၊...

မင်းအောင်လှိုင်၏ ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်မှုတွင် သီတဂူ၊ ဝီရသူ အပါအဝင် အစွန်းရောက် မဘသ ဘုန်းကြီးများ ပါဝင်ပတ်သက်နေမှုများကို ICJ တရားရုံးသို့ ဂမ်ဘီယာနိုင်ငံက တရားဝင်တင်ပြ

ရန်ကုန်၊ ဇန်နဝါရီ ၁၃ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော စစ်တပ်၏ ရိုဟင်ဂျာ လူမျိုးတုန်းသတ် ဖြတ်မှုတွင် သီတဂူ၊ ဝီရသူ အပါအဝင် မဘသ ဘုန်းကြီးများ ပါဝင်ပတ်သက်နေမှုများကို အပြည်ပြည်ဆိုင်ရာ တရားရုံး -ICJ တရားရုံးသို့ ဂမ်ဘီယာနိုင်ငံရှေ့နေ Arsalan Suleman က...

အမ်း-ပဒါန်းလမ်းပိုင်းနှင့် ပုသိမ်-မုံရွာလမ်းပိုင်းတို့တွင် အလင်းဝင်ခဲ့သော စစ်သား ၁၃ ဦး ကျောင်သားလက်ရုံးတပ်တော်၏ ရဲဘော်များအဖြစ် တာဝန်ထမ်းဆောင်နေ၊ စစ်သုံ့ပန်း ၁၆ ဦးကိုလည်း ဖမ်းဆီးရရှိ

ရန်ကုန်၊ ဇန်နဝါရီ ၁၂ မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း -ပဒါန်းလမ်းပိုင်းနှင့် ပုသိမ် -မုံရွာလမ်းမကြီး တဝိုက်တို့တွင် အလင်း ဝင်ခဲ့သော စစ်သား ၁၃ ဦး သည် ကျောင်းသားလက်ရုံးတပ်တော်၏ ရဲဘော်များအဖြစ် တာဝန်ထမ်းဆောင်နေကြောင်း ကျောင်းသားလက်ရုံး တပ်တော် အထွေထွေအတွင်းရေးမှူး ၂ နွေညိမ်းက ရန်ကုန်...

ဖလမ်းမြို့နယ် သီးဘွာလ်ရွာရှိ တိုက်နယ်ဆေးရုံကို စစ်တပ်က‌ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု အဆောက်အဦးများပျက်စီး၊ ချောင်းဦးတွင်လည်း စစ်တပ်က ကျေးရွာချင်းဆက် လမ်းပိုင်းများ၌ နင်းမိုင်းများ ထောင်ထားခဲ့

ရန်ကုန်၊ ဇန်နဝါရီ ၁၂ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ သီးဘွာလ်ရွာရှိ တိုက်နယ်ဆေးရုံကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အဆောက်အဦးများ ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဇန်နဝါရီလ ၁၁ ရက်နေ့ ည ၉ နာရီ ၂၂ မိနစ်ခန့်တွင် ဖလမ်းမြို့နယ်...

ညောင်ဦးနှင့် ကျွန်းစုမြို့နယ်ရှိ ကျေးရွာများကို စစ်ကြောင်းထိုးနေသော စစ်တပ်က ဆက်တိုက် မီးရှို့ဖျက်ဆီးမှု နေအိမ် ၇၀ ကျော်ပြာကျ

ရန်ကုန်၊ ဇန်နဝါရီ ၁၂ မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်အတွင်း စစ်ကြောင်းထိုးခဲ့သော အကြမ်းဖက် စစ်တပ်က ကျေးရွာများကို ဆက်တိုက် မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် ၇၀ ကျော် မီးလောင်ပြာကျခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဇန်နဝါရီလ ၃ ရက်နေ့တွင် ညောင်ဦးမြို့မှ ထွက်လာသော အကြမ်းဖက် စစ်တပ်...

ဂန့်ဂေါ၊ ရေဦးနှင့် မင်းတုန်းမြို့နယ်တို့တွင် စစ်တပ် စစ်ဆေးရေးဂိတ်နှင့် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၁၂ မကွေးတိုင်း၊ ဂန့်ဂေါမြို့အဝင်ရှိ အကြမ်းဖက် စစ်တပ်၏ ဝီလ စစ်ဆေးဂိတ်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နဂါးညီနောင်မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။ ဇန်နဝါရီလ ၁၀ ရက်နေ့ ညနေ ၆ နာရီခန့်တွင် ဂန့်ဂေါမြို့အဝင်၌...

Latest news

- Advertisement -spot_img