25.4 C
Yangon
spot_img

CATEGORY

News

မင်းအောင်လှိုင် လက်အောက်တွင် မြန်မာကျပ်ငွေ တန်ဖိုး ၈၀ ရာခိုင်နှုန်း ထိုးကျသွားပြီး စီးပွားရေးမှာလည်း ၅၀ ရာခိုင်နှုန်းအောက် ထိုးကျခဲ့ဟု စီးပွားရေး ပညာရှင် ပါမောက္ခ ဒေါက်တာရှောင်တာနယ် ပြောဆို

ရန်ကုန်၊ ဩဂုတ် ၂၂ အကြမ်းဖက် မင်းအောင်လှိုင်၏ လက်အောက်တွင် မြန်မာနိုင်ငံ၏ စီးပွားရေးသည် ဖြစ်သင့်သည်ထက် ၅၀ ရာခိုင်နှုန်းထိုးကျသွားပြီး မြန်မာကျပ်ငွေတန်ဖိုးမှာလည်း ၈၀ ရာခိုင်နှုန်းကျဆင်းသွားကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေး အကြံပေး ဒေါက်တာ ရှောင်တာနယ်က ပြောဆိုလိုက်သည်။ ဩဂုတ်လ ၂၁ ရက်နေ့ ပြုလုပ်ခဲ့သည့်...

ပေါက်ခေါင်းတွင် ပြည်သူများကို တပ်သားသစ်များအဖြစ် ပေါ်တာဆွဲ ဖမ်းဆီးနေသည့် ချောင်းကောင်းရွာ အုပ်ချုပ်ရေးမှူး ညွန့်နိုင် ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ ဩဂုတ် ၂၂ ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်တွင် ပြည်သူများကို ပေါ်တာဆွဲ ဖမ်းဆီးနေသည့် ချောင်းကောင်းရွာ အကြမ်းဖက် စစ်တပ်ခန့် အုပ်ချုပ်ရေးမှူး ညွန့်နိုင်ကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ၃၆၀၁ PPDF တပ်ရင်းသတင်းပြန်ကြားတာဝန်ခံက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။ ဩဂုတ်လ ၂၀ ရက်နေ့...

မုံရွာတွင် PDF အယောင်ဆောင်၍ စီးပွားရေး လုပ်ငန်းရှင်များထံမှ ခြိမ်းခြောက် ငွေတောင်းနေသူများကို ဖမ်းဆီး အရေးယူမည်ဟု တရားဝင် အသိပေး

ရန်ကုန်၊ ဩဂုတ် ၂၂ စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်နှင့် ကျေးရွာများတွင် PDF အယောင်ဆောင်၍ စီးပွားရေး လုပ်ငန်းရှင်များထံမှ ခြိမ်းခြောက် ငွေတောင်းနေသူများကို ဖမ်းဆီး အရေးယူမည်ဖြစ်ကြောင်း မုံရွာခရိုင်အမှတ် ၉ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။ မုံရွာမြို့ပေါ်နှင့် ကျေးရွာများရှိ စီးပွားရေး လုပ်ငန်းရှင်များကို PDF...

တနင်္သာရီ၊ ထုံမခါရွာ ဘုန်းကြီးကျောင်းကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကျဲမှု ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ ဩဂုတ် ၂၂ တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ထုံမခါရွာ ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း-၁ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။ ဩဂုတ်လ ၂၀...

လောင်းလုံးမြို့နယ်တွင် တော်လှန်လူငယ်များ ဦးဆောင်၍ စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဩဂုတ် ၂၂ လောင်းလုံးမြို့နယ်တွင် ဒီမိုကရေစီ အရေးလှုပ်ရှားမှုသပိတ်ကော်မတီ (DDMSC) မှ တော်လှန်လူငယ်များ ဦးဆောင်၍ စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။ #မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution...

ရခိုင်ပြည်၊ အမ်းနှင့် မောင်တောမြို့နယ်မှ စစ်ကောင်စီတပ်သားများ ဇွန်၊ ဇူလိုင်နှင့်ယခုလအတွက် လစာမရ

ရန်ကုန်| ဩဂုတ် ၂၂ ရခိုင်ပြည် အမ်းမြို့နယ်နှင့် မောင်တောမြို့တွင် တာဝန်ကျနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ဇွန်၊ ဇူလိုင်နှင့် ယခုကာလအတွက် လစာ မရရှိကြကြောင်း စစ် တပ်အသိုင်းအဝိုင်းထံမှ သိရသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ဇွန်နှင့် ဇူလိုင်လအတွက် သတ်မှတ်လစာများကို မရရှိသေးခြင်းဖြစ်ပြီး လမ်းကြောင်းအဆင်မပြေ၍ ငွေမရောက်သည့်အကြောင်း ပြချက်ပေးနေကြောင်း အမ်းမြို့နယ်မှ စစ်တပ်သတင်းရင်းမြစ်က...

မလေးရှား၊ စင်ကာပူ နှင့် ထိုင်းအပါအဝင် ပြည်ပနိုင်ငံများသို့ PV နိုင်ငံကူးလက်မှတ်ဖြင့် သွား ရောက် အလုပ်လုပ်ကိုင်မည်ဟု မသင်္ကာသူမှန်သမျှကို လေယာဉ်ပေါ် တက်ခွင့်မပေးဘဲ စစ်ကောင်စီပူးပေါင်းအဖွဲ့က လေဆိပ်မှ လှည့်ပြန်ခိုင်းနေမှုများ များပြားလာ

ရန်ကုန်၊ ဩဂုတ် ၂၂ မလေးရှား၊ စင်ကာပူနှင့်ထိုင်းနိုင်ငံ အပါအဝင် ပြည်ပနိုင်ငံများသို့ အလည်အပတ်နိုင်ငံကူးလက်မှတ် PV ဖြင့် သွားရောက် အလုပ်လုပ်ကိုင်မည်ဟု မသင်္ကာသူမှန်သမျှကို လေယာဉ်ပေါ် တက်ခွင့်မပေးဘဲ လေဆိပ်မှ လှည့်ပြန်ခိုင်းနေမှုများ များပြားလာကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီများမှ တာဝန်ရှိသူတချို့ က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ "စင်ကာပူကို PV Passport...

သရက်ထောင်တွင် အကျဉ်းဦးစီးဌာနမှ လက်ထောက် ဦးစီးမှူး ကျော်ဇေယျစိုးက အကျဉ်းသားများကို တိုက်ပိတ်၍ ငွေ ခြိမ်းခြောက် တောင်းပြီး မူးယစ်ဆေးဝါး ရောင်းချနေ

ရန်ကုန်၊ ဩဂုတ် ၂၂ မကွေးတိုင်း၊ သရက်မြို့နယ်ရှိ သရက်အကျဉ်းထောင်တွင် အကျဉ်းဦးစီးဌာနမှ လက်ထောက် ဦးစီးမှူး ဗိုလ်ကျော်ဇေယျစိုးက အကျဉ်းသားသစ်များကို တိုက်ပိတ်၍ တစ်ဦးလျှင် ငွေကျပ် ၅ သိန်း ခြိမ်းခြောက် တောင်းခံပြီး ထောင်တွင်းတွင် မူးယစ်ဆေးဝါး ရောင်းချနေကြောင်း အကျဉ်းထောင်နှင့်နီးစပ်သူများက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။ သရက်အကျဉ်းထောင်တွင် တာဝန်ထမ်းဆောင်လျက်ရှိသော...

စစ်ကောင်စီက ဝန်ကြီးဌာန ၃၄ ခု၊ ရန်ကုန်၊ မန္တလေးနှင့်နေပြည်တော်ရှိ ဝန်ထမ်းများကို ဒီဂျစ်တယ်ငွေကြေးဖြင့် လစဉ် လစာပေးရန် ပုဂ္ဂလိဘဏ်များနှင့် စစ်တပ်ကျောထောက်ခံပြုထားသော ငွေ ကြေး ဝန်ဆောင်မှု ကုမ္ပဏီများကို လုပ်ပိုင်ခွင့်ချထားပေး

■ နိုင်ငံ၏ ဘတ်ဂျက်လိုငွေပြမှု ဘီလီယံ ၂ သောင်းနီးပါးကို ငွေသား ရိုက်မထုတ်တော့ဘဲ ဒီဂျစ်တယ်ငွေကြေးဖြင့် အစားထိုးဖြေရှင်းမည် ရန်ကုန်၊ ဩဂုတ် ၂၂ အကြမ်းဖက်စစ်ကောင်စီက ဝန်ကြီးဌာန ၃၄ ခု၊ ရန်ကုန်၊ မန္တလေးနှင့်နေပြည်တော်ရှိ ဝန်ထမ်းများကို ဒီဂျစ်တယ်ငွေကြေးဖြင့် လစဉ် လစာပေးရန် ပုဂ္ဂလိဘဏ်များနှင့် စစ်တပ်ကျောထောက်ခံပြုထားသော ငွေကြေးဝန်ဆောင်မှု...

ဆားလင်းကြီးရှိ ရေရှည်စစ်ရှောင်စခန်းကို အာဟာရဒါနထမင်းတစ်နပ် လှူဒါန်း

ဆားလင်းကြီးရှိ ရေရှည်စစ်ရှောင်စခန်းကို အာဟာရဒါနထမင်းတစ်နပ် လှူဒါန်း ရန်ကုန်၊ ဩဂုတ် ၂၁ ဆားလင်းကြီးရှိ ရေရှည်စစ်ရှောင်စခန်းကို ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီက အလှူရှင်ကိုယ်စား အာဟာရဒါနထမင်းတစ်နပ် လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

Latest news

- Advertisement -spot_img