28 C
Yangon

သရက်ထောင်တွင် အကျဉ်းဦးစီးဌာနမှ လက်ထောက် ဦးစီးမှူး ကျော်ဇေယျစိုးက အကျဉ်းသားများကို တိုက်ပိတ်၍ ငွေ ခြိမ်းခြောက် တောင်းပြီး မူးယစ်ဆေးဝါး ရောင်းချနေ

Must read

ရန်ကုန်၊ ဩဂုတ် ၂၂

မကွေးတိုင်း၊ သရက်မြို့နယ်ရှိ သရက်အကျဉ်းထောင်တွင် အကျဉ်းဦးစီးဌာနမှ လက်ထောက် ဦးစီးမှူး ဗိုလ်ကျော်ဇေယျစိုးက အကျဉ်းသားသစ်များကို တိုက်ပိတ်၍ တစ်ဦးလျှင် ငွေကျပ် ၅ သိန်း ခြိမ်းခြောက် တောင်းခံပြီး ထောင်တွင်းတွင် မူးယစ်ဆေးဝါး ရောင်းချနေကြောင်း အကျဉ်းထောင်နှင့်နီးစပ်သူများက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

သရက်အကျဉ်းထောင်တွင် တာဝန်ထမ်းဆောင်လျက်ရှိသော လက်ထောက် ဦးစီးမှူး ဗိုလ်ကျော်ဇေယျစိုးက ဓားပြမှုဖြင့် ထောင်ကျလာသော အကျဉ်းသားများကို လက်သပ်မွေး၍ အချုပ်သစ် အကျသစ် အကျဉ်းသားများထံမှ ခြိမ်းခြောက် ငွေတောင်းယူခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

အကျဉ်းထောင်သို့ အသစ်ရောက်လာသော အကျဉ်းသားတိုင်းကို သီးသန့် တိုက်ပိတ်ထားပြီး အကျဉ်းသား ၁ ဦးလျှင် ငွေကျပ် ၃ သိန်းမှ ၅ သိန်း အထိ ငွေညှစ် တောင်းယူလျက်ရှိနေခြင်းဖြစ်ကြောင်း၊ ၎င်းတို့ တောင်းသော ငွေကြေး မပေးနိုင်သူများကို ပုံစံမောင်းခြင်း၊ ခြိမ်းခြောက်ရိုက်နှက်ခြင်းနှင့် မတန်တဆ အလုပ်ကြမ်းများခိုင်းစေခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။

“အကျဉ်းသားသစ်တွေကို ကိုယ်ရော စိတ်ရော ဆင်းရဲအောင် ညှင်းပန်း နှိပ်စက်ပြီး မခံနိုင်တော့တဲ့အဆုံးမှာ မပြေလည်တဲ့ မိသားစုတွေက ပေါင်နှံရောင်းချပြီး ရလာသော ငွေကိုပေးမှ ပိတ်ထားတဲ့တိုက်ကနေ အိပ်ဆောင်များသို့ ပြောင်းရွှေ့တာတွေလုပ်ပေးတဲ့ မပေးနိုင်တဲ့သူတွေကို နည်းမျိုးစုံနဲ့ကို နှိပ်စက်နေတာ” ဟု အကျဉ်းထောင်နှင့်နီးစပ်သူ တစ်ဦးက ပြောဆိုသည်။

ထို့ပြင် ဗိုလ်ကျော်ဇေယျစိုးသည် ထောင်ကျအကျဉ်းသားများကို ထိုးကြိတ်ရိုက်နှက်ပြီး အကျဉ်းထောင်သို့ မူးယစ်ဆေးဝါးများသွင်းကာ ရောင်း ချ၍ စီးပွားရှာမှုများလည်း လုပ်ဆောင်နေကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article