24 C
Yangon
spot_img

CATEGORY

News

ဂန့်ဂေါခရိုင် ယောဒေသအတွင်းရှိ ပျူစောထီးရွာများနှင့် စစ်တပ်စခန်းများကို တပြိုင်တည်း တိုက်ခိုက် သိမ်းပိုက်မှု စစ်တပ်ဘက်မှ ၄၂ ဦးသေဆုံးပြီး သေနတ် ၈ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိ

ရန်ကုန်၊ ဇန်နဝါရီ ၁၀ မကွေးတိုင်း၊ ဂန့်ဂေါခရိုင် ယောဒေသအတွင်းရှိ ပျူစောထီးရွာများနှင့် စစ်တပ် စခန်းများကို တပြိုင်တည်း တိုက်ခိုက် သိမ်းပိုက်ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ၄၂ ဦးသေဆုံးပြီး သေနတ် ၈ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် ဂန့်ဂေါခရိုင်စစ်ဌာနမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်...

မုန်းမြို့ရှိ ကျေးရွာများကို စစ်တပ်က လေယာဉ်၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှု ပြည်သူ ၄ ဦး သေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရကာ နေအိမ် ၃ လုံးပျက်စီး

ရန်ကုန်၊ ဇန်နဝါရီ ၁၀ ပဲခူးတိုင်း၊ မုန်းမြို့ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေယာဉ်၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၄ ဦး သေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရကာ နေအိမ် ၃ လုံးပျက်စီးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။ ဇန်နဝါရီလ ၈...

ရန်ကုန်-မန္တလေး အမှတ် ၁ ကားလမ်းပိုင်းရှိ စစ်တပ် ဂိတ်စခန်းများကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၈ ဦးသေဆုံးပြီး သေနတ် ၃ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိ

ရန်ကုန်၊ ဇန်နဝါရီ ၁၀ မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်၊ ရန်ကုန်-မန္တလေး အမှတ် ၁ ကားလမ်းပိုင်းရှိ အကြမ်းဖက် စစ်တပ် ဂိတ်စခန်းများကို ဝင်ရောက် တိုက်ခိုက်ရာ စစ်သား ၈ ဦးသေဆုံးပြီး သေနတ် ၃ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း သရက်ခရိုင်ကွပ်ကဲရေးရုံးက သတင်းထုတ်ပြန်ထားသည်။ ဇန်နဝါရီ ၈...

ရန်ကုန်နှင့်ပဲခူးအစပ်တွင် စစ်ဆင်ရေးများ ဖော်ဆောင်ရန်ရှိနေသဖြင့် စစ်ရေးအခြေအနေများကို ပြည်သူများ သတိပြုကြရန် တိုက်တွန်း

ရန်ကုန်၊ ဇန်နဝါရီ ၁၀ ရန်ကုန်တိုင်းနှင့်ပဲခူးတိုင်းအစပ်တွင် စစ်ဆင်ရေးများ ဖော်ဆောင်ရန်ရှိနေသဖြင့် ပြည်သူများအနေဖြင့် စစ်ရေးအခြေအနေများကို သတိပြုကြရန် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၂ စစ်ဆင်ရေးနယ်မြေ၊စစ်ဆင်ရေးမှူး ရဲဘော်တင်ဦးက တိုက်တွန်းပြောဆိုသည်။ ရန်ကုန်နှင့်အနီးစပ်ဆုံး ပဲခူးတိုင်း စစ်ဆင်ရေးနယ်မြေတွင် ယမန်နေ့ ဇန်နဝါရီလ ၉ ရက်နေ့ ပဲခူးတိုင်း၊ ရန်ကုန်-မန္တလေး လမ်းဟောင်းရှိ တောကျွဲအင်းမြို့...

တရုတ်နှင့်မြန်မာစစ်တပ် ပူးပေါင်းလုပ်ဆောင်မည့် ရေအားလျှပ်စစ်စီမံကိန်း ဧရိယာဒေသဖြစ်သော ဧရာ၀တီမြစ်ဆုံကို အမွေ အနှစ်ဒေသအဖြစ် NUG က ကြေညာလိုက်ပြီး မည်သည့်စီမံကိန်းမှ မလုပ်ရန် တားမြစ်မိန့် ထုတ်ပြန်

ရန်ကုန်၊ ဇန်နဝါရီ ၁၀ ကချင်ပြည်နယ်တွင် တရုတ်နှင့်စစ်တပ်က ပူးပေါင်းလုပ်ဆောင်မည့် ရေအားလျှပ်စစ်စီမံကိန်း ဧရိယာဒေသဖြစ်သော မြစ်ဆုံဒေသကို ကြားကာလ အမွေအနှစ်အဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ-NUG က ကြေညာပြီး မည်သည့်စီမံကိန်းမှ မလုပ်ရန် တားမြစ်မိန့်ကိုလည်း ထုတ်ပြန်လိုက်သည်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ အမွေအနှစ်ဆိုင်ရာ ကြားကာလ စီမံအုပ်ချုပ်မှု ဗဟိုအဖွဲ့ (Interim Board for...

မုံရွာ- ချောင်းဦးလမ်းနှင့် မြင်းမူမြို့နယ်တို့တွင် ဆက်ကြေးကောက်ရန်နှင့် မိုင်းရှင်းလင်းရေးထွက်လာသော စစ်တပ်နှင့် ပျူစောထီးများကို မိုင်းဆွဲတိုက်ခိုက်

ရန်ကုန်၊ ဇန်နဝါရီ ၁၀ စစ်ကိုင်းတိုင်း၊ မုံရွာ-ချောင်းဦးလမ်းမပေါ်တွင် ဆက်ကြေးကောက်ရန်နှင့် မိုင်းရှင်းလင်းရေး ထွက်လာသော စစ်တပ်နှင့်ပျူစောထီးများကို ပဒေသာမိုင်းဖြင့် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း CHINDWIN FIGHTER GROUP.CFG မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။ ဇန်နဝါရီလ ၈ ရက်နေ့ နံနက် ၉နာရီ ၀၉မိနစ်ဝန်းကျင်ခန့်အချိန် မုံရွာမြို့နယ်တွင်နာမည်ဆိုးဖြင့်...

နတ်တလင်းနှင့် သာယာဝတီခရိုင်ရှိ စစ်တပ် စခန်းများ တိုက်ခိုက်ခံရပြီးနောက် ဇီးကုန်းနှင့် ကြို့ပင်ကောက်မြို့ အဝင်လမ်းများကို စစ်တပ်က ဖျက်ဆီးပြီး ရွေးကောက်ပွဲ အပိုင်း ၂ အတွက် ကြိုတင်မဲများ လိုက်လံ ကောက်ခံနေ

ရန်ကုန်၊ ဇန်နဝါရီ ၁၀ ပဲခူးတိုင်း၊ နတ်တလင်း ခရိုင်နှင့် သာယာဝတီခရိုင်ရှိ အကြမ်းဖက် စစ်တပ် စခန်းများ တိုက်ခိုက်ခံရပြီးနောက် ဇီးကုန်းနှင့် ကြို့ပင်ကောက်မြို့ အဝင်လမ်းများကို စစ်တပ်က မြေတူးစက်များဖြင့် လာရောက် ဖျက်ဆီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဇန်နဝါရီလ ၇ ရက်နေ့တွင် နတ်တလင်းမြို့နယ်၊...

ထီးလင်းမြို့ရှိ စစ်စခန်းသို့ စစ်ကူလာပို့ချိန် တိုက်လေယာဉ်၊ Y12 လေယာဉ်များက မြို့ပတ်ဝန်းကျင်ကို ဗုံးကျဲတိုက်ခိုက်

ရန်ကုန်၊ ဇန်နဝါရီ ၁၀ မကွေးတိုင်း၊ ထီးလင်းမြို့ရှိ စစ်တပ်စခန်းသို့ ရဟတ်ယာဉ် ၂ စီးက ဆင်းသက်၍ စစ်ကူများ လာပို့ချိန် တိုက်လေယာဉ်၊ Y12 လေယာဉ်များဖြင့် ဗုံးကျဲပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ယောအလင်းတန်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ယနေ့ ဇန်နဝါရီလ ၁၀ ရက် နံနက် ၁၁...

ချင်းအမျိုးသားပဋိညာဉ်ကို အတည်ပြုလိုက်ပြီးနောက် ချင်းညီနောင်စိုးမိုးနယ်မြေအတွင်း နိုင်ငံရေး၊ စစ်ရေးကို မဏ္ဍိုင် ၃ ရပ်ဖြင့် ဝန်ဆောင်မှုပေးမည်ဟု ကြားကာလချင်းအတိုင်ပင်ခံကောင်စီက ကြေညာ

ရန်ကုန်၊ ဇန်နဝါရီ ၁၀ ချင်းပြည်နယ်အတွက် ချင်းအမျိုးသားပဋိညာဉ်ကို အတည်ပြုလိုက်ပြီးနောက် ချင်းညီနောင်စိုးမိုးနယ် မြေအတွင်း နိုင်ငံရေး၊ စစ်ရေးကို မဏ္ဍိုင် ၃ ရပ်ဖြင့် ပြည်သူကို ဝန်ဆောင်မှုပေးမည်သွားဖြစ်ကြောင်း ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ က ယမန်နေ့ ဇန်နဝါရီလ ၉ ရက်နေ့တွင် ကြေညာ သည်။ ချင်းပြည်နယ်အတွင်း ချင်းညီနောင် စိုးမိုးနယ်မြေအတွင်းရှိ...

ဂန့်ဂေါမြို့ ခလရ ၅၀ တပ်ရင်းနှင့် စစ်အုပ်စုတပ်စွဲထားရာ နေရာများကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်

ရန်ကုန်၊ ဇန်နဝါရီလ ၁၀ မကွေးတိုင်း၊ ဂန့်ဂေါမြို့အခြေစိုက်ခလရ ၅၀ တပ်ရင်းနှင့် စစ်အုပ်စုတပ်စွဲထားရာနေရာများကို ရှော့ တိုက်ခိုက်ဒုံးများဖြင့် တိုက်ခိုက်ခဲ့ရာ စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း ယောအလင်းတန်း မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။ ယနေ့ ဇန်နဝါရီလ ၁၀ ရက် နံနက် ၆ နာရီခန့်အချိန်...

Latest news

- Advertisement -spot_img