26.3 C
Yangon
spot_img

CATEGORY

News

တရုတ်နိုင်ငံထုတ် စစ်သုံး Sinotruk စစ်သုံးမော်တော်ယာဥ်များကို မြန်မာစစ်လက်နက်ပွဲစား MCM ၏ ကြားခံကုမွဏီသစ်တစ်ခုမှတဆင့် တင်သွင်းမှုများရှိနေ

ရန်ကုန်၊ ဇွန် ၂၆ နာမည်ဆိုးဖြင့်ကျော်ကြားသော မြန်မာစစ်လက်နက်ပွဲစားကုမ္ပဏီဖြစ်သည့် Myanmar Chemical and Machinery (MCM) သည် ၄င်း၏ ကြားခံကုမ္ပဏီတစ်ခုဖြစ်သည့် Golden Mega Power Co., Ltd.မှတဆင့် တရုတ်နိုင်ငံထုတ် Sinotruk စစ်သုံးမော်တော်ယာဥ်များကို နှစ်ကြိမ်တိုင် တင်သွင်းခဲ့ကြောင်း ဧပြီ ၂၀၂၃...

မိုးကုတ်မြို့ အနောက်ပိုင်းရဲစခန်းကို တော်လှန်ရေးတပ်များ ၀ိုင်းဝန်းတိုက်ခိုက်နေပြီး ရဲစခန်းအနီးသို့ TNLA ရဲဘော်များ ဝင်ရောက်လာ၊ မိုးကုတ်မြို့ထဲအထိ တိုက်ပွဲများ ကျယ်ပြန့်လာ

ရန်ကုန်၊ ဇွန် ၂၆ မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်၊အ နောက်ပိုင်းရဲစခန်းကို TNLA ဦးဆောင်သော တော်လှန် ရေးတပ်များက ၀ိုင်းဝန်းတိုက်ခိုက်နေပြီး ရဲစခန်းအနီးသို့ တော်လှန် ရေးတပ် သားများ ဝင်ရောက်လာသည်ကို မြင်တွေ့ရကြောင်း မိုးကုတ်မြို့မှ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဇွန်လ ၂၆ ရက်နေ့ နံနက်...

လွယ်ဂျယ်မြို့တွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့အဖြစ် လူထုလမ်းလျှောက်ပွဲ ပြုလုပ်

ရန်ကုန်၊ ဇွန် ၂၆ ကချင်ပြည်နယ် လွယ်ဂျယ်မြို့တွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့အဖြစ် ပြည်သူများက လူထုလမ်းလျှောက်ပွဲကို ယနေ့ ဇွန် ၂၆ ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ လွယ်ဂျယ်မြို့ကို အကြမ်းဖက်စစ်တပ်လက်မှ ပြန်လည်ရရှိထားခြင်းဖြစ်ပြီး လမ်းလျှောက်ပွဲတွင် ရပ်မိရပ်ဖများ ကချင်ရိုးရာယဉ်ကျေးမှုအဖွဲ့၊ရှမ်းရိုးရာယဉ်ကျေးမှုအဖွဲ့၊တရုပ်ရိုးရာယဉ်ကျေးမှုအဖွဲ့၊ကျောင်းသားကျောင်းသူဆရာဆရာမများအပါအဝင် စုစုပေါင်းလူဦးရေ ၈၀၀ ခန့်က ကချင်၊ရှမ်း၊တရုပ်ဘာသာစကားတို့ဖြင့် မူးယစ်ဆေးဝါး ကင်းရှင်းရေး...

ဆီဆိုင်မြို့နယ်အတွင်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပြီး စစ်တပ်နှင့် PNO အဖွဲ့က ပြည်သူ ၂ ဦးကို ဖမ်းဆီး သတ်ဖြတ်၍ တစ်အိမ်လျှင် ငွေကျပ် ၃ သောင်း လိုက်လံ ကောက်ခံ

ရန်ကုန်၊ ဇွန် ၂၆ ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့နယ်အတွင်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပြီး အကြမ်းဖက် စစ်တပ်နှင့် ၎င်းတို့ လက်အောက်ခံ PNO အဖွဲ့က ပြည်သူ ၂ ဦးကို ဖမ်းဆီး သတ်ဖြတ်၍ တစ်အိမ်လျှင် ငွေကျပ် ၃ သောင်း လိုက်လံ ကောက်ခံနေကြောင်း...

ရေးမြို့နယ် မြို့မရဲစခန်းမှ ဒုတပ်ကြပ်ရဲ ၁ ဦး လက်နက်ယူဆောင်လာပြီး ရေးဘီးလူး တပ်ဖွဲ့ထံ အလင်းဝင်မှု ဆုငွေ ကျပ်သိန်း ၃၀ ချီးမြှင့်

ရန်ကုန်၊ ဇွန် ၂၆ မွန်ပြည်နယ်၊ ရေးမြို့ပေါ် မြို့မရဲစခန်းမှ ဒုတပ်ကြပ်ရဲ ၁ ဦး လက်နက်ယူဆောင်လာပြီး ရေးဘီးလူး တပ်ဖွဲ့ထံ အလင်းဝင်ရောက်ခဲ့သောကြောင့် ဆုငွေ ကျပ်သိန်း ၃၀ ချီးမြှင့်ခဲ့ကြောင်း သိရသည်။ ရေးမြို့မ ရဲစခန်းတွင် တာဝန်ထမ်းဆောင်နေသော ဒုတပ်ကြပ် ရဲထက်ပိုင်သည် AK 47 ၁...

မြင်းမူမြို့ရှိ စစ်ကြောင်းနှင့် စစ်တပ် ဂိတ်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲမှု စစ်သား ၂ ဦးသေဆုံး

ရန်ကုန်၊ ဇွန် ၂၆ စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ပေါ်ရှိ စစ်ကြောင်းနှင့် ဆက်ကြေးကောက်နေသော အကြမ်း ဖက်စစ်တပ် ဂိတ်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း Sagaing District Drone Force-SDDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ဇွန်လ ၂၄ ရက်နေ့...

ကျောက်မဲမြို့မရဲစခန်းကို သိမ်းပိုက်ရရှိပြီး စခန်းမှူး အရှင်ဖမ်းမိ၊ အမှတ် ၃၅၂ အမြောက် တပ်နှင့် စခန်းသာကုန်းတို့တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွား

■ မိုးကုတ်မြို့နယ်၊ ဒေါ်နန်းကြည်တောင်ကို စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲ ရန်ကုန်၊ ဇွန် ၂၆ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မရဲစခန်းကို ယနေ့ နံနက်ပိုင်း TNLA ဦးဆောင်သော တော်လှန်ရေးတပ်များက တိုက်ခိုက်ရာ ရဲစခန်းကို သိမ်းပိုက်ရရှိပြီး စခန်းမှူးကိုလည်း အရှင်ဖမ်းဆီးရရှိကြောင်း ကျောက်မဲမြို့မှ စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။ "ဒီမနက်မှာ ကျောက်မဲမြို့မရဲစခန်းကို...

အိုးဘိုအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားကိုထက်ရန်နိုင်ကို ထောင်အာဏာပိုင်များက ရိုက်သတ်

ရန်ကုန်၊ ဇွန် ၂၆ မန္တလေးမြို့ အိုးဘိုအကျဥ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားကိုထက်ရန်နိုင်သည် အကျဉ်းဦးစီးဝန်ထမ်းများ၏ ဝိုင်းဝန်းရိုက်နှက်မှုကြောင့် သေဆုံးခဲ့ရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။ ဇွန်လ ၂၀ ရက်နေ့ ကြာသပတေးနေ့ နံနက် ၇ နာရီဝန်းကျင်တွင် အိုးဘိုထောင်၏ အမျိုး သားအိပ်ဆောင်...

ကျောက်မဲမြို့ပေါ်ရှိ ခရိုင်ရဲရုံး၊ စသုံးလုံးရုံး၊ စည်ပင်ရုံးအပါအဝင် ဌာနဆိုင်ရာရုံး ၁၀ ခုထက်မနည်းကို TNLA ကသိမ်းယူ၊ ကျောက်မဲမြို့မရဲစခန်းကို တော်လှန်ရေးတပ်များ ဝင်တိုက်နေ

ရန်ကုန်၊ ဇွန် ၂၆ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ပေါ်ရှိ ခရိုင်ရဲရုံး၊ စသုံးလုံးရုံး၊ စည်ပင်ရုံးအပါ အဝင် ဌာနဆိုင်ရာရုံး ၁၀ ခုထက်မနည်းကို TNLA ကသိမ်းယူထားကြောင်း ကျောက်မဲမြို့မှ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့​ ပြောဆိုသည်။ ဇွန်လ ၂၅ ရက်နေ့ ကျောက်မဲမြို့နယ် ငြိမ်းချမ်းရေးကုန်း၊ စခန်းသာ၊ ခိုရောင်းရွာ၊ နားအိုက်ခန့်ရွာတွင်...

မတ္တရာ၊ အင်ကြင်းမြိုင်ကျေးရွာရှိ လေကြောင်းရန်ကာကွယ်ရေးတပ်မှ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၇၀ ကျော် အဆက်အသွယ်ပြတ်တောက်နေ

ရန်ကုန်၊ ဇွန် ၂၆ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ အင်ကြင်းမြိုင်ကျေးရွာရှိ အမှတ် ၁၀၁၄ လေ ကြောင်းရန် ကာကွယ်ရေးတပ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀ ကျော် အဆက် အသွယ်ပြတ်တောက်နေကြောင်း စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။ ဇွန်လ ၂၅ ရက်နေ့ နံနက်ပိုင်း မန္တလေးတိုင်း၊ မတ္တရာမြို့နယ် အရှေ့ဘက်၊ ဆည်တော်ကြီးရေလှောင်တမံအနီး...

Latest news

- Advertisement -spot_img