26.3 C
Yangon
spot_img

CATEGORY

Politics

NUG အစိုးရ လက်အောက်ခံ မြိုင်မြို့နယ် ပညာရေး ဘုတ်အဖွဲ့ နှစ်ပတ်လည် အခမ်းအနား ပြုလုပ်

ရန်ကုန်၊ စက်တင်ဘာ ၂၇ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) လက်အောက်ခံ ပညာရေး ဝန်ကြီးဌာန (MOE)၏ မြိုင်မြို့နယ်ပညာရေးဘုတ်အဖွဲ့ နှစ်ပတ်လည် အခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရသည်။

မုံရွာ လူထု သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင် မွေးနေ့ အထိမ်းအမှတ်နှင့် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ စက်တင်ဘာ ၂၇ မုံရွာ လူထု သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင် မွေးနေ့ အထိမ်းအမှတ်နှင့် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြပွဲကို မုံရွာခရိုင် အတွင်းရှိ ကျေးရွာတစ်ရွာတွင် မုံရွာလူထုသပိတ် ဦးဆောင်ကော်မတီမှ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြည်ကြီးတံခွန် သပိတ် အင်အားစုများ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြ

ရန်ကုန်၊ စက်တင်ဘာ ၂၇ မန္တလေး ပြည်ကြီးတံခွန် သပိတ် အင်အားစုများ ဦးဆောင်ကာ ယနေ့ စက်တင်ဘာလ ၂၇ ရက်နေ့တွင် "တိုင်းပြည်အပေါ် စစ်တပ်ကပေးတဲ့ ဒုက္ခပဲရှိတယ် စစ်တပ်ကပေးတဲ့ကျေးဇူးတစ်ခုမှမရှိဘူး" စာတန်း ကိုင်ဆောင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။

အာဏာရှင် မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစုမှ စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်

ရန်ကုန်၊ စက်တင်ဘာ ၂၇ အာဏာရှင် မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစုမှ သံဃာတော်များ ဦးဆောင်ကာ ယနေ့ စက်တင်ဘာလ ၂၇ ရက်နေ့တွင် "စစ်ရာဇဝတ်မှုနှင့် လူမျိုးတုံးသတ်ဖြတ်မှု့တရားခံ စစ်ကောင်စီကို ကုလသမဂ္ဂနှင့် နိုင်ငံတကာက အရေးယူပေးကြရန် တောင်းဆိုအပ်ပါသည်" စာတန်း ကိုင်ဆောင်ကာ စစ်အာဏာရှင် တော်လှန်ရေး...

သံဃသမဂ္ဂ ဆရာတော်များ စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်

ရန်ကုန်၊ စက်တင်ဘာ ၂၇ မန္တလေး သံဃသမဂ္ဂ သပိတ် စစ်ကြောင်း ဆရာတော်များ ဦးဆောင်ကာ ယနေ့ စက်တင်ဘာလ ၂၇ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရန်ကုန်တွင် အကြမ်းဖက် ဖက်ဆစ် စစ်တပ်ဆန့်ကျင်ရေး ဘန်နာသပိတ်ပြုလုပ်

ရန်ကုန် ၊ စက်တင်ဘာ ၂၇ ရန်ကုန်မြို့တစ်နေရာတွင် လုံခြုံရေးတင်းကြပ်ပြီး ကင်းလှည့်နေသည့် လမ်းကြောင်းများကြားမှ တော်လှန်လူငယ် Demon မှ "ငါတို့ငြိမ်ချင်ငြိမ်မယ် ငါတို့လှုပ်ချင်လှုပ်မယ်ငါတို့မြို့ ငါတို့ပိုင်တယ်" စာသားပါ သပိတ်ဘန်နာ (Banner) ကို ချိတ်ဆွဲပြီး Strike ပြုလုပ်ခဲ့ပါသည်။

ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ် ၅၆၅ ရက်မြောက်အဖြစ် စစ်အာဏာရှင် ချေမှုန်းရေး ဆန္ဒပြ

ရန်ကုန်၊ စက်တင်ဘာ ၂၇ စစ်ကိုင်းတိုင်း၊ ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ်စစ်ကြောင်းသည် အကြမ်းဖက်စစ်အာဏာရှင် အမြစ်ဖြတ် ချေမှုန်းရေး ကြွေးကြော်ကာ စက်တင်ဘာလ ၂၇ ရက် ယနေ့တွင် ၅၆၅ ရက်မြောက်အဖြစ် ချီတက်ဆန္ဒပြကြသည်။

ရန်ကုန်တွင် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြ

ရန်ကုန်၊ စက်တင်ဘာ ၂၇ ရန်ကုန်တွင် စက်တင်ဘာ ၂၇ ရက်​နေ့ ဗကသများအဖွဲ့ချုပ်ဝင်ကျောင်းသားသမဂ္ဂများကဦးဆောင်ပြီး မဟာမိတ်အဖွဲ့အစည်းများပူးပေါင်းကာ "အထွေထွေအကျပ်အတည်းဖြေရှင်းရေးမှသည် စစ်အာဏာရှင် စနစ်ဖျက်သိမ်းရေးဆီသို့" စာသားပါ ဘန်နာကိုင်ဆွဲ၍ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး လှုပ်ရှားမှုပြုလုပ်သည်။ ဗမာပြည်အနှံ့အပြားတွင် ဗကသများအဖွဲ့ချုပ်က "အထွေထွေအကျပ်အတည်းဖြေရှင်းရေးမှသည် စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေးဆီသို့" စာသားနှင့် ပြောက်ကျားသပိတ်များဖော်ဆောင်လျက်ရှိကြောင်းဗကသက သတင်းထုတ်ပြန်သည်။

ဂျပန်ဝန်ကြီးချုပ်ဟောင်း အာဘေး၏ နိုင်ငံတော်ဈာပနသို့ အကြမ်းဖက်စစ်တပ် သံတမန် တက်ခွင့်ပြုမှု လုံး၀ လက်မခံနိုင်ကြောင်း ဆန္ဒပြ

ရန်ကုန်၊ စက်တင်ဘာ ၂၇ ဂျပန်ဝန်ကြီးချုပ်ဟောင်း Mr.Shinzo Abe ​၏ နိုင်ငံတော်ဈာပနသို့ မြန်မာ နိုင်ငံကိုယ်စား​ပြုအဖြစ် အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ သံရုံးမှ စိုးဟန်ကို တက်ရောက်ခွင့်ပြုထားသည့် အတွက် ဂျပန်ရောက်မြန်မာနိုင်ငံသားများမှ လုံးဝလက်မခံနိုင်ကြောင်း ဂျပန်အစိုးရနှင့်နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ကန့်ကွက်ဆန္ဒဖော်ထုတ်ကြသည်။ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနသို့ အိတ်ဖွင့်ပေးစာပေးပို့ကာ ဂျပန်ရောက်မြန်မာနိုင်ငံသားများ​၏ ဆန္ဒကိုထင်ဟပ်စေနိုင်သည့် ကြွေးကြော်သံများ၊ထင်မြင်ယူဆချက်များကို ထုတ်ဖော်ဟစ်ကြွေးခဲ့ကြပါသည်...

ယင်းမာပင် အနောက်ခြမ်းသပိတ်စစ်ကြောင်းတွင် အခြားသပိတ်စစ်ကြောင်းများမှ ကော်မတီဝင်များနှင့်ခေါင်းဆောင်များ ပူးပေါင်း ချီတက်

ရန်ကုန်၊ စက်တင်ဘာ ၂၆ စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်အနောက်ခြမ်းဒေသသပိတ်စစ်ကြောင်းသို့ သွေးမအေးတဲ့ရွှေနွယ်သွေးသပိတ်ကော်မတီ၊ မုံရွာလူထုသပိတ်ဦးဆောင်ကော်မတီ၊ ပုလဲသပိတ်ဦးဆောင်သူများနှင့် ဒေသခံလူထုတို့ ပူးပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ယနေ့ ချီတက်ကြသည်။ "လေယာဥ်ပျံမြင်ရင်လက်ပြတတ်တဲ့အရွယ်တွေကို လေယာဥ်ပျံမြင်တိုင်း လက်ခလယ်ထောင်ပြတတ်အောင် မင်းတို့လုပ်လိုက်တာဘဲ….." စားသားပါဘန်နာကို ကိုင်စွဲကာ လူထုအင်အားကောင်းကောင်းဖြင့် စစ်အာဏာရှင်ပြုတ်ကျရေးချီတက်သပိတ်မှောက်ကြသည်။ "စာသင်ကြားနေချိန် လက်နက်ကြီးပေါင်းမြောက်များစွာနဲ့ ပစ်သတ်ခံရတဲ့ ကလေးသူငယ်များအတွက်၊ ကိုယ့်ကလေးရဲ့ အလောင်းပါပြန်မရတဲ့...

Latest news

- Advertisement -spot_img