25.1 C
Yangon
spot_img

CATEGORY

Politics

ရန်ကုန်တွင် “ကျေးလက်ဒေသကိုရှို့တဲ့မီး မင်းတို့စစ်စခန်းတွေလောင်မြိုက်စေ” စာတန်း ကိုင်ဆောင်ကာ ချီတက် ဆန္ဒပြ၊ UN ဘာလုပ်နေလဲဟု မေးခွန်းထုတ်

ရန်ကုန်၊ စက်တင်ဘာ ၂၄ ရန်ကုန်တွင် "ကျေးလက်ဒေသကိုရှို့တဲ့မီး မင်းတို့စစ်စခန်းတွေလောင်မြိုက်စေ"ဟုသောဘန်နာဖြင့်ဖက်ဆစ်ဆန့်ကျင်ရေးလှုပ်ရှားမှုကို ယနေ့ ပြုလုပ်ကြသည်။ အဆိုပါ ဆန္ဒပြပွဲကို ရန်ကုန်သူပုန်များ သပိတ်ကော်မတီ-YRSC၊Burma Youth Revolutionary Force(BYRF)၊ပုဇွန်တောင်၊ဗိုလ်တထောင်လူငယ်များသပိတ်ကော်မတီ-PBYSC ၊တောင်ဥက္ကလာပမြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)၊ လှိုင်သာယာမြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂ(လသယအကသ)စသည့်တော်လှန်ရေးပျောက်ကြားသပိတ်အင်အားစုများက ပူးပေါင်း၍ဖက်ဆစ် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြကြခြင်းဖြစ်ကြောင်း သိရှိရသည်။ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းကျေးရွာတွင် စာသင်ကြားနေသော အပြစ်မဲ့ကလေးငယ်များအား...

ကချင်ပြည်နယ်တွင် အားမာန်သစ်အမျိုးသမီးများသမဂ္ဂမှ လက်ယက်ကုန်းရွာ သေဆုံးသူများအတွက် ဝမ်းနည်းခြင်းအထိန်းအမှတ်နှင့် ဦးကျော်မိုးထွန်းထောက်ခံကမ်ပိန်း ပြုလုပ်

ရန်ကုန်၊ စက်တင်ဘာ ၂၄ ကချင်ပြည်နယ် တောတွင်းတစ်နေရာတွင် အားမာန်သစ်အမျိုးသမီးများသမဂ္ဂမှ လက်ယက်ကုန်းရွာမှ သေဆုံးကျောင်းသူသားများအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်နှင့် ဦးကျော်မိုးထွန်းကို သံအမတ်အဖြစ် ထောက်ခံကမ်ပိန်းသပိတ်ကို ပြုလုပ်ခဲ့ကြသည်။

စစ်အာဏာရှင် ချေမှုန်းရေး ကလေးမြို့ပင်မသပိတ်အင်အားစု ချီတက်ဆန္ဒပြ

ရန်ကုန်၊ စက်တင်ဘာ ၂၄ အကြမ်းဖက် စစ်အာဏာရှင် အမြစ်ဖြတ် ချေမှုန်းရေး စစ်ကိုင်းတိုင်း ကလေးမြို့ပင်မသပိတ်အင်အားစုမှ တော်လှန်ကျောင်းသားပြည်သူများသည် စက်တင်ဘာလ ၂၄ ရက် ယနေ့တွင် ၅၉၅ ရက်မြောက်အဖြစ် ချီတက်ဆန္ဒပြကြသည်။ ဆန္ဒပြသူများက 'ကလေးပါမကျန် သက်တဲ့ဖက်ဆစ်တပ် ပြည်သူ့အားနဲ့အမြစ်ဖြတ်' စာတန်းကိုင်ဆောင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်ခဲ့ကြသည်။

အမေရိကန် နယူးယောက်ရှိ UN ရုံးချုပ်ရှေ့တွင် မြန်မာနိုင်ငံဆိုင်ရာ ကုလသံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိရေး ကမ္ဘောဒီး ယားနိုင်ငံနှင့် မြန်မာနိုင်ငံ ပူးပေါင်းချီတက် ဆန္ဒဖော်ထုတ်“

ရန်ကုန်၊ စက်တင်ဘာ ၂၃ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တွင် လူ့အခွင့်ရေး တရားမျှတမှုရှိရေး ဥပဒေစိုးမိုးရေး ဒီမိုကရေစီပြန်လည်ထွန်းကားရေး အဖမ်းဆီးခံနိုင်ငံရေးအကျဉ်းသားများနှင့် အပြစ်မဲ့ပြည်သူများလွတ် မြောက်ရေး တို့အတွက် ချီတက်လာသော အဝေးရောက် ကမ္ဘောဒီးယားပြည်သူများနှင့် မြန်မာပြည်သူများတို့သည် ကုလသမဂ္ဂတွင် သံအမတ်ကြီးဦးကျော်မိုးထွန်းဆက်လက်ထားရှိရေးအတွက် ၊Credential Campaign ကို UN ရုံးချုပ်ရှေ့တွင်၊ ဆက်လက်၍ဆန္ဒဖေါ်ထုတ်ခဲ့ကြသည်။ အဆိုပါဆန္ဒဖော်ထုတ်ပွဲကို...

ဘူးသီးတောင်တွင် ရခိုင်တိုင်းရင်းသားများနေထိုင်သော သပိတ်တောင်ကျေးရွာကို စစ်တပ်က မီးရှို့ ဖျက်ဆီး

ရန်ကုန်၊ စက်တင်ဘာ ၂၄ ရခိုင်ပြည်နယ်၊ ဘူသီးတောင်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က ရခိုင်တိုင်းရင်းသားများနေထိုင်သော သပိတ်တောင်ကျေးရွာကို မီးရှို့ဖျက်ဆီးကြောင်း ဒေသသတင်းရင်းမြစ်များနှင့်ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ သတင်းပေးပို့ကြသည်။ ဘူးသီးတောင်မြို့နယ်မှ ခမရ ၂၁၀ တပ် ရင်းမှတပ်ဖွဲ့ဝင်များက စက်တင်ဘာလ ၂၃ ရက် နေ့ ည ၉ နာရီအချိန်တွင် သပိတ်တောင်ကျေးရွာကို မီးရှို့ဖျက်ဆီးခြင်းဖြစ်ကြောင်း၊...

မြစ်ကြီးနားရှိ ကြံ့ဖွတ်ရုံးကို အကွက်ရိုက်ပြီး ပွဲစားများမှတဆင့် ရောင်းချနေ၊ ယခင် အဓမ္မသိမ်းယူထားသည့် မြေနေရာများစွာကိုလည်း အချင်းချင်း လာဘ်သိပ်ထိုးရောင်းချခဲ့

ရန်ကုန်၊ စက်တင်ဘာ ၂၃ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ယုဇနရပ်ကွက်၊ ပြည်ထောင်စုလမ်းဘေးရှိ ကြံ့ဖွတ် မြို့နယ်နှင့် ခရိုင် တွဲကာ ဖွင့်လှစ်ထားသည့် ကြံ့ဖွတ်ရုံး မြေကွက်ကို အကွက်များ ရိုက်ကာ ပွဲစားများမှတဆင့် ရောင်းချနေကြောင်း မြစ်ကြီးနားမြို့ခံများ ထံမှ သိရှိရသည်။ အဆိုပါ ရုံးနေရာသည် Hotel Madira အနီး...

ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ သပိတ် စစ်ကြောင်း စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ စက်တင်ဘာ ၂၃ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်တွင် ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ စက်တင်ဘာလ ၂၃ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

ယင်းမာပင်တွင် လှည်းယာဉ် သပိတ်စစ်ကြောင်း အပါအဝင် ပြည်သူ့ သပိတ်စစ်ကြောင်းများ စစ်အာဏာရှင် ဖြုတ်ချရေး စုပေါင်း ချီတက်

ရန်ကုန်၊ စက်တင်ဘာ ၂၃ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ရွှေဥက္ကံ ကျေး ရွာ၏ ညနေဆည်းဆာလှည်းယာဥ်သပိတ်ကို လူထုအင်အားကောင်းကောင်းဖြင့် ချီတက်ကြသည်။ ယင်းမာပင်ဆားလင်းကြီး သပိတ်ကော်မတီဝင်များ ရွှေနွယ်သွေးသပိတ်ဦးဆောင်သူများ၊ ယင်းမာပင်မြောက်ခြမ်းမှ သပိတ်ကော်မတီဝင်များနှင့် မြန်မာအမျိုးသမိးများ မဟာမိတ်အဖွဲ့(WAB) အဖွဲ့ဝင်များက ပူပေါင်းချီတက်ခဲ့ကြသည်။ "ငါတို့အညာကိုလာမထိနဲ့" မီး" ပွင့်သွားမယ်"ဆိုသည့် စာသားကို ကိုင်ဆွဲ ချီတက်ရင်း...

“ကလေးပါမကျန်သတ်တဲ့ ဖက်ဆစ်တပ် ပြည်သူ့အားနဲ့အမြစ်ဖြတ်”ဟု ကလေးမြို့သပိတ်စစ်ကြောင်းက ချီတက်ကြွေးကြော်

ရန်ကုန်၊ စက်တင်ဘာ ၂၃ စစ်ကိုင်းတိုင်း၊ က​လေးမြို့တွင် "ကလေးပါမကျန် သတ်တဲ့ဖက်ဆစ်တပ် ပြည်သူ့အားနဲ့အမြစ်ဖြတ်" ​ကြွေး​ကြော်၍ ယနေ့ စက်တင်ဘာ ၂၃ ရက်​နေ့ညနေပိုင်း၌ စစ်အာဏာရှင် စနစ်ကို ကန့်ကွက်သပိတ် မှောက် ကြ သည်။ ကလေးမြို့ပင်မသပိတ်သည် နေ့စဥ်ပျက်ရက်မရှိ စစ်အာဏာရှင် စနစ်ကို သပိတ်မှောက်လျက်ရှိရာ ယနေ့နှင့်ဆိုလျှင် ရက်ပေါင်း(၅၉၄)ရက်တိုင်...

ရွှေနွယ်သွေးသပိတ်ကော်မတီက စစ်အာဏာရှင် ချေမှုန်းရေး ချီတက် သပိတ်မှောက်

ရန်ကုန်၊ စက်တင်ဘာ ၂၃ စစ်ကိုင်းတွင် ရွှေနွယ်သွေးလူထုသပိတ်စစ်ကြောင်း ရက်ပေါင်း(၅၀၃)ပြည့်နေ့တွင် "အညာရဲ့သွေး သွေးမအေး ရွှေနွယ်မြေရဲ့တော်လှန်ရေး" စာသားပါဘန်နာနှင့် "UN, Prove Your Existence for Justice" ကုလသမဂ္ဂ၊ တရားမျှတမှုအတွက် သင်၏တည်ရှိမှုကို သက်သေပြပါ စာသားပါဘန်နာတို့ကို ကိုင်စွဲကာ စစ်အာဏာရှင်ပြုတ်ကျရေး သပိတ်မှောက်ကြသည်။

Latest news

- Advertisement -spot_img