31 C
Yangon

ဘူးသီးတောင်တွင် ရခိုင်တိုင်းရင်းသားများနေထိုင်သော သပိတ်တောင်ကျေးရွာကို စစ်တပ်က မီးရှို့ ဖျက်ဆီး

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၄

ရခိုင်ပြည်နယ်၊ ဘူသီးတောင်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က ရခိုင်တိုင်းရင်းသားများနေထိုင်သော သပိတ်တောင်ကျေးရွာကို မီးရှို့ဖျက်ဆီးကြောင်း ဒေသသတင်းရင်းမြစ်များနှင့်ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ သတင်းပေးပို့ကြသည်။

ဘူးသီးတောင်မြို့နယ်မှ ခမရ ၂၁၀ တပ် ရင်းမှတပ်ဖွဲ့ဝင်များက စက်တင်ဘာလ ၂၃ ရက် နေ့ ည ၉ နာရီအချိန်တွင် သပိတ်တောင်ကျေးရွာကို မီးရှို့ဖျက်ဆီးခြင်းဖြစ်ကြောင်း၊ စစ်အင်အား ၈၀ ခန့်ပါ စစ်ကြောင်းတစ်ကြောင်းကလည်း
သပိတ် တောင်မြောက် ကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်သဖြင့် အသက်(၂၈)နှစ်အရွယ်မာမတ် ဟလင် နှင့် အသက်(၂၅)နှစ်အရွယ် မရိုဂီယာရို့ကျည် စ ထိမှန်ဒဏ်ရာရရှိကြောင်း ၊ထို့ပြင် မောင်တောမြို့နယ်၊ ခြံချောင်းရွာကိုလည်း ယနေ့ည ၉ နာရီ တွင် မီးရှို့ဖျက်ဆီးကြောင်း Arakan Princess Media က သတင်းဖော်ပြသည်။

“၂၀၁၇ တုန်းက ရိုဟင်ဂျာတွေကို လူမျိုးတုန်းသတ်ဖြတ်ချိန်တုန်းက ရွာတွေကို ဖျက်ဆီးသလိုပဲ အခုလည်း အဲဒီလို တကျော့ပြန်လုပ်တာပါပဲ။ စစ်တပ်က သူတို့မနိုင်တော့ရင် ပြည်သူကို ပြဿနာရှာတာပါပဲ” ဟု ရခိုင်ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်တလျှောက်တွင် စစ်ကောင်စီတပ်များနှင့် AA တပ်များအကြား တိုက်ပွဲများ ဆက်တိုက်သလိုဖြစ်ပွားလျက်ရှိနေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article