35 C
Yangon
spot_img

CATEGORY

Politics

မင်းအောင်လှိုင်က ပြည်ထောင်စုအတိုင်ပင်ခံကောင်စီကို ဖွဲ့စည်းရန် ကြေညာမှု စစ်တပ်က အာဏာကို ဆက်ထိန်းချုပ်ရေး လုပ်ဆောင်ချက်အဖြစ် နိုင်ငံတကာ မီဒီယာများက ဖော်ပြ

ရန်ကုန်၊ ဖေဖော်ဝါရီ ၅ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြည်ထောင်စုအတိုင်ပင်ခံကောင်စီကို ဖွဲ့စည်းရန် ဥပဒေတစ်ရပ် ကြေညာလိုက်မှုအပေါ် စစ်တပ်က အာဏာကို ဆက်လက်ထိန်းချုပ်နိုင်ရေး လုပ်ဆောင်ချက်အဖြစ် အေပီနှင့်ရိုက်တာ သတင်းဌာနတို့က ရေးသားဖော်ပြကြပြီး ယင်းသတင်းကိုလည်း နိုင်ငံတကာ မီဒီယာများကလည်း အကျယ်တဝင့် ပြန်လည်ဖော်ပြလျက်ရှိသည်။ ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် မင်းအောင်လှိုင်က...

မြန်မာနိုင်ငံအတွက် ဒေါ်လာ ၁၂၁ သန်း အကူအညီ အကောင်အထည်ဖော်ရန် အချိန် ၈ လ သာကျန်တော့ပြီး NUG ၊ EROs နှင့်တော်လှန်ရေးအဖွဲ့များထံသို့ အမှန်တကယ် ရောက်ရှိရေး ဆောင်ရွက်ပေးရန် အမေရိကန်အစိုးရကို BRI က တောင်းဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၅ အမေရိကန်သမ္မတထရမ့်က လက်မှတ်ရေးထိုးလိုက်သည့် အစိုးရအသုံးစရိတ်ဥပဒေပါ မြန်မာနိုင်ငံအတွက် ဒေါ်လာ ၁၂၁ သန်း အကူအညီများ အကောင်အထည်ဖော် သုံးစွဲရန် အချိန် ၈ လ သာကျန်တော့ကြောင်း အမေရိကန်အခြေစိုက် Burma Research Institute (BRI) က ပြောဆိုလိုက်သည်။ အမေရိကန်အစိုးရအနေဖြင့် အကူအညီများကို...

တရားမဝင် စီးပွားကုန်သွယ်မှုများဖြင့် ရာထူးချအဖမ်းခံထားရသော အရှေ့ပိုင်းတိုင်း တိုင်းမှူးဟောင်း ဗိုလ်ချုပ် နိုင်ဇော်ဦး ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခံရ ၊ စစ်ဆင်ရေး ကျရှုံးမှုဖြင့် အခြားစစ်အရာရှိကြီးများလည်း သေဒဏ်နှင့်ပြစ်ဒဏ်များ အသီးသီးကျ

ရန်ကုန်၊ ဖေဖော်ဝါရီ ၄ ရှမ်းပြည်နယ်တွင် တရားမဝင် ကုန်သွယ်ရေးနှင့် စီးပွားရေးများဖြင့် ရာထူးချအဖမ်းခံထားရသော အရှေ့ပိုင်းတိုင်း တိုင်းမှူးဟောင်း ဗိုလ်ချုပ် နိုင်ဇော်ဦး ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခံရကြောင်း စစ်ဘက်သတင်းရင်းမြစ်များကို ကိုးကား၍ CDM ဗိုလ်ကြီးဇင်ယော်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ၂၀၂၅ ခုနှစ် အောက်တိုဘာလအတွင်း ရှမ်းပြည်နယ်တွင်...

တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့တွင် စစ်အာဏာသိမ်းမှုအလိုမရှိဆန္ဒပြပွဲကျင်းပ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂ တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့တွင် ကိုရီးယားမြန်မာပူးပေါင်းကာ အကြမ်းဖက်စစ်အုပ်စု၏ မတရားစစ်အာဏာအသိမ်းခံရသည်ကို အလိုမရှိ ဆန့်ကျင်ဆန္ဒပြပွဲကျင်းပခဲ့ကြောင်း သိရှိရသည်။

နယ်သာလန်၊ ပြင်သစ်နှင့် ယူကေတို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုဆန္ဒပြပွဲပြုလုပ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂ နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့ ၊ ပြင်သစ်နိုင်ငံ Lyon မြို့နှင့် ယူကေနိုင်ငံ လန်ဒန်မြို့တို့တွင် မြန်မာတိုင်းရင်းသားများ စုပေါင်း၍ နွေဦးတော်လှန်ရေး ၅ နှစ်ပြည့် စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုဆန္ဒပြပွဲပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။

ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ၅ နှစ်ပြည့် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုသပိတ်အဖြစ် မြန်မာသံရုံးရှေ့ ချီတက် ဆန္ဒထုတ်ဖော်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁ ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ဂျပန်ရောက်မြန်မာပြည်သူများက ၅ နှစ်ပြည့် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုသပိတ်အဖြစ် မြန်မာသံရုံးရှေ့ ချီတက် ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရှိရသည်။

ထိုင်ဝမ်ရောက် မြန်မာများက စစ်အာဏာသိမ်းမှု ၅ နှစ်ပြည့် သရုပ်ဖော်ခြင်းနှင့် ထိုင်ဝမ်အစိုးရက မြန်မာခိုလှုံခွင့်ရှာဖွေသူများကို လက်တွေ့ကျကျ အကာအကွယ်ပေးရန် တောင်းဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၁ ထိုင်ဝမ်ရှိ နန်ရှီကျောင်း (Nanshijiao) MRT ဘူတာတွင် Taiwan Alliance for Myanmar (TAM)က ဦးဆောင်၍ မြန်မာနိုင်ငံစစ်အာဏာသိမ်းမှု ၅ နှစ်ပြည့်ကို အောက်မေ့သတိရ‌စေရန်ရည်ရွယ်၍ သရုပ်ဖော်ပြသခြင်းနှင့် ထိုင်ဝမ်အစိုးရက မြန်မာခိုလှုံခွင့်ရှာဖွေသူများကို လက်တွေ့ကျကျ အကာအကွယ်ပေးရန် တောင်းဆိုခြင်းပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။

ယင်းမာပင် ဆားလင်းကြီး ရွာပေါင်းစုံသပိတ်ကော်မတီက ၅ နှစ်ပြည့် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုသပိတ်ပြုလုပ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁ စစ်ကိုင်းတိုင်း ယင်းမာပင် ဆားလင်းကြီး ရွာပေါင်းစုံသပိတ်ကော်မတီသည် တော်လှန်ရေး ၅ နှစ်ပြည့် လူထုလှုပ်ရှားမှုအဖြစ် ဒေသတွင်းသပိတ်အင်အားစုများနှင့် ပူးပေါင်းပြီး "တော်လှန်ဒီရေမြင့်သို့....." စာသားကိုင်စွဲကာ တော်လှန်ရေး ငါးနှစ်ပြည့် စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်ကို ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။

ဖားကန့်မြို့တွင် စစ်အာဏာသိမ်း ဆန့်ကျင်ရေး လူထုလုပ်ရှားမှုနှင့် မြစ်ဆုံစီမံကိန်း ဆန့်ကျင်ကန့်ကွက်မှု ပြုလုပ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁ ကချင်ပြည်နယ် ဖားကန့်မြို့တွင် မင်းအောင်လှိုင်ဦးဆောင်သော အကြမ်းဖက်စစ်တပ် စစ်အာဏာသိမ်း ၅ နှစ်ပြည့်အဖြစ် စစ်အာဏာသိမ်း ဆန့်ကျင်ရေး လူထုလုပ်ရှားမှုနှင့် မြစ်ဆုံစီမံကိန်း ဆန့်ကျင်ကန့်ကွက်မှု ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။ ဖားကန့်မြို့ပေါ်တွင် လက်နက်ကြီး ပစ်ခတ်မှုများ ရှိနေသည့်ကြားမှ ဖားကန့်ပြည်သူများက “မြစ်ဆုံစီမံကိန်း အလိုမရှိ”၊ ” မြစ်ဆုံစီမံကိန်း...

စစ်အာဏာသိမ်းမှု ၅ နှစ်ပြည့်လာချိန် မြန်မာ့အကျပ်အတည်း အခြေအနေ ပိုမိုဆိုးရွားလာနေဟု ကုလအတွင်းရေးမှူးချုပ် သတိပေး ၊ မြန်မာစစ်တပ်က အကြမ်းဖက်မှုများဖြင့် အာဏာတည်မြဲစေရန် ကြိုး ပမ်းနေဟု ဝေဖန်ထောက်ပြ

ရန်ကုန်၊ ဇန်နဝါရီ ၃၁ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး အန်တိုနီယို ဂူတာရက်စ်က မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာ သိမ်းယူခဲ့သည့် ၅ နှစ်ပြည့်မြောက်လာသည့်အချိန်တွင် လူသားချင်းစာနာထောက်ထားမှုအကူ အညီပေးရေး၊ နိုင်ငံရေးနှင့် လုံခြုံရေးအခြေအနေများ ပိုမို ဆိုးရွားလာနေကြောင်း သတိပေး ပြောကြားသည်။ ဇန်နဝါရီလ ၃၀ ရက်နေ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတာရက်စ်၏ ပြောရေးဆိုခွင့်ရှိသူ...

Latest news

- Advertisement -spot_img