32 C
Yangon
spot_img

CATEGORY

Politics

စစ်အာဏာရှင် ချေမှုန်းရေး ၃၈၆ ရက်မြောက် ကလေးမြို့သပိတ်စစ်ကြောင်း ချီတက်ဆန္ဒပြ

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၂၈ အကြမ်းဖက် စစ်အာဏာရှင် အမြစ်ဖြတ်ချေမှုန်းရေး စစ်ကိုင်းတိုင်း၊ ကလေးမြို့ရှိ တော်လှန်ကျောင်းသားပြည်သူများသည် ဖေဖေါ်ဝါရီလ ၂၈ ရက်တွင် ၃၈၆ ရက်မြောက် သပိတ်စစ်ကြောင်းဖြင့် လှည့်လည်ချီတက်ဆန္ဒပြပြီး ရုရှားနိုင်ငံ၏ ကျူးကျော်တိုက်ခိုက်မှုကို ခုခံစစ်ဆင်နွှဲနေသော ယူကရိန်းပြည်သူများနှင့်အတူ ရပ်တည်ကြောင်း ပြသခဲ့ကြသည်။

မြန်မာနှင့်ယူကရိန်ပြည်သူများ လွတ်လပ်ခွင့်နှင့်ရပိုင်ခွင့်များရရှိရေး ရန်ကုန် ပြင်သစ်သံရုံးက ဆန္ဒထုတ်ဖော်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈ မြန်မာနှင့် ယူကရိန်း နိုင်ငံတို့မှ ပြည်သူလူထု၏ ရပိုင်ခွင့်များနှင့် လွတ်လပ်ခွင့် များကို အပြည့်အဝ လေးစားလိုက်နာမှုရရှိရန် မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ် သံရုံး သည် ၎င်းတို့နှင့်အတူရပ်တည်လျက်ကြောင်း ယနေ့ ဆန္ဒထုတ်ဖော်သည်။

ယင်းမာပင်တွင် ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး ရွာပေါင်းစုံ သပိတ်စစ်ကြောင်း ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈ ယင်းမာပင် အရှေ့ခြမ်းနှင့် ဆားလင်းကြီး မြောက်ခြမ်းရှိ ပြည်သူများ စုပေါင်း၍ ၃၅၅ ရက်မြောက်နေ့ ရွာပေါင်းစုံသပိတ် စစ်ကြောင်းကို ယနေ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

ရန်ကုန်တွင် “အဖိနှိပ်ခံပဲရှိတယ် ဘာသာလူမျိုးမကွဲပြားဘူး” ကြွေးကြော်သံဖြင့် စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ် ချီတက်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈ ယနေ့ နံနက်ခင်း ရန်ကုန်မြို့တနေရာတွင် ရန်ကုန်လူထုသပိတ်က ဆန္ဒပြ ပြည်သူများမှ "အဖိနှိပ်ခံပဲရှိတယ် ဘာသာလူမျိုးမကွဲပြားဘူး" ဟူသော စာသားနှင့် အတူ "ပေတရာပေါ်မှာစီးတဲ့ သွေးတွေ မခြောက်သေးဘူး" "အသက်တွေကို အားနာတတ်တဲ့တစ်နေ့ ပါဝင်ကူညီပါ" နှင့် "ကမ္ဘာမကြေဘူး" ကြွေးကြော်လျက် ရန်ကုန်မြို့တွင်...

မန္တလေးတွင် စက်မှုပန်းခြံ၌ “သွေးကြွေးကိုသွေးနဲ့ဆပ်ကြ”စာတန်းချိတ်ဆွဲကာ ဖက်ဆစ် စစ်အာဏာရှင် ဆန့်ကျင်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈ မန္တလေးမြို့တွင် အစစ်အဆေး အဖမ်းအဆီးများသော ၆၂ လမ်း၊ ၇၈ လမ်း၊ စက်မှုပန်းခြံ၌ အမရပူရမြို့နယ် ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)မှ “သွေးကြွေးကိုသွေးနဲ့ဆပ်ကြ” စာတန်းပါ ဘန်နာကို အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင် ဆန့်ကျင်သည့် အနေနှင့် ယနေ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင်...

ထားဝယ်လူထုလှုပ်ရှားမှုသပိတ် အကြမ်းဖက်ဖြိုခွင်းခံရမှု တစ်နှစ်ပြည့် လောင်းလုံးမြို့နယ်အတွင်းဆန္ဒထုတ်ဖော်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း ယနေ့ ဖေဖော်ဝါရီလ ၂၈ရက် နံနက်ပိုင်းတွင် အမျိုးသမီးများ၊အခြေခံပညာ ကျောင်းသူ/သားများနှင့် လူငယ်များပူးပေါင်းကာ ထားဝယ်ဒီမိုကရေစီအရေးလှုပ်ရှားမှု လူထုသပိတ် အကြမ်းဖက်ဖြိုခွင်းခံရမှု တစ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ် အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြသည်။။

နယူးယောက်တွင် NUG ငွေတိုက်စာချုပ်ရောင်းချပွဲ ၃ နာရီအတွင်း ဒေါ်လာ ၁၆၈,၂၀၀ ဖိုး ရောင်းချခဲ့

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၂၈ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့၊ Queens ရပ်ကွက်၊ Flushing Town Hall တွင် ဖေဖေါ်ဝါရီလ ၂၇ ရက်က အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ငွေတိုက်စာချုပ်များကို ရောင်းချပေးခဲ့ပြီး ၃ နာရီအတွင်း ဒေါ်လာ ၁၆၈,၂၀၀ ဖိုး ရောင်းချနိုင်ခဲ့ကြောင်း...

ရေကြည်ပင်တွင် အကြမ်းဖက် စစ်အာဏာရှင် တော်လှန်ရေး ပြည်သူများ ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇ ယင်းမာပင်မြို့နယ် ရေကြည်ပင်ရွာ သပိတ်စစ်ကြောင်း ပြည်သူများ ဦးဆောင်ကာ ယနေ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် အကြမ်းဖက် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင် ဆန့်ကျင်ရေး စုန်းချောင်း ပြည်သူများ ဆန္ဒပြချီတက်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇ စစ်ကိုင်း‌တိုင်းဒေသကြီး ၊ ယင်းမာပင်မြို့နယ် ၊ စုန်းချောင်းရွာ ပြည်သူများက စစ်အာဏာရှင် ဆန့်ကျင်သည့် ဆန္ဒပြချီတက်ခြင်းကို ဖေဖော်ဝါရီ ၂၇ ရက် တွင် ပြုလုပ်ခဲ့သည်။

ယင်းမာပင်တွင် ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး ရွှေနွယ်သွေး သပိတ်စစ်ကြောင်း ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇ ယင်းမာပင်တွင် သွေးမအေးတဲ့ ရွှေနွယ်သွေး သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး ချီဆန္ဒပြခဲ့ကြောင်း သိရသည်။

Latest news

- Advertisement -spot_img