36 C
Yangon

မြိုင်မြို့နယ် သပိတ် စစ်ကြောင်း ဦးဆောင်ကာ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြ

Must read

ရန်ကုန်၊ သြဂုတ် ၁၈

မြိုင်မြို့နယ် အခြေခံပညာ အထွေထွေသပိတ် ကော်မတီ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်မှ ရဲဘော်များ၊ ဒေသခံကာကွယ်ရေးရဲဘော်များနှင့် ပြည်သူလူထုတို့ ပူးပေါင်းကာ ယနေ့ သြဂုတ်လ ၁၈ ရက်နေ့တွင် “ထောင်တွင်း အကြမ်းဖက်မှု သတ်ဖြတ်မှု ဒို့လက်မခံ ပညာရေးနဲ့လူထုအသံ”၊ “ထောင်တွင်းတိုက်ပွဲများ ဝန်းရံကြ”၊ “လူမဆန်ယုတ်မာမှုကိုလူမှန်ရင်ဆန့်ကျင်ရမယ်” စာသားများ ကိုင်ဆောင်ပြီး ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

“စစ်ဖိနပ်အောက် လုံးဝအရှုံးမပေးဘဲ အသက်စွန့်ကာ တော်လှန်တိုက်ပွဲဝင်နေကြတဲ့ ထောင်တွင်းရဲဘော်တွေရဲ့ ထောင်တွင်းတိုက်ပွဲတွေကို ဝန်းရံပေးကြဖို့ ၊ ထောင်တွင်းတိုက်ပွဲတွေနဲ့အတူ ရပ်တည်ပေးကြဖို့ အင်မတန်လိုအပ်ပါတယ်။ထောင်တွင်းမတရားအကြမ်းဖက်နေမှုတွေ ၊ သတ်ဖြတ်နေမှုတွေအပါအဝင် စစ်အုပ်စုရဲ့ မတရားမှုတွေကြောင့် အသက်အန္တရာယ်ပါ အထူးစိုးရိမ်နေရတဲ့ ထောင်တွင်းကရဲဘော်တွေအတွက် ကျွန်တော်တို့ပြည်သူတွေ အသံကျယ်ကျယ်ပိုထွက်ကြဖို့လိုပါတယ်။ကျွန်တော်တို့ပြည်သူတွေ သွေးအေးသွားလို့ လုံးဝမဖြစ်ပါဘူး။အကျဉ်းထောင်တွင်းက ရဲဘော်တွေအတွက် အကျယ်ထောင်ထဲက ပြည်သူတွေ ပိုမိုအားစိုက်ပြီး တိုက်ပွဲဝင်ပေးကြပါ။လက်နက်အားကိုးနဲ့ ထင်တိုင်းကျဲနေတဲ့ စစ်အုပ်စုနဲ့အာဏာရှင်စနစ်ဆိုးကို အမြစ်ပြတ်ချေမှုန်းကြပါ။ ပေးဆပ်ခဲ့ကြရတဲ့ အသက်တွေနဲ့ဘဝတွေ ၊ ဆုံးရှုံးလိုက်ရတဲ့ အခွင့်အရေးတိုင်းအတွက် အာဏာရှင်စနစ်အမြစ်ပြတ်ကျရှုံးသည်အထိ ကျွန်တော်တို့အားလုံး ဆက်လက်ချီတက်တိုက်ပွဲဝင်ကြရမယ်။အဖိနှိပ်ခံလူထုလူတန်းစားအားလုံး စည်းလုံးမှုရှိရှိနဲ့ ပြိုင်တူတွန်းကြမှ ကျွန်တော်တို့အားလုံးမျှော်ရည်သော တော်လှန်ရေးပန်းတိုင်ဆီ အမြန်ဆုံး ရောက်ရှိပါလိမ့်မယ်” ဟု သပိတ်ကော်မတီဝင် ၂ ဦးနှင့် ဗကသများ အဖွဲ့ချုပ်မှ ရဲဘော် တစ်ဦးက သပိတ်တရားများ ဟောပြောခဲ့သည်။

BEGSC-MYAING

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article