22 C
Yangon
spot_img

CATEGORY

Politics

ရန်ကုန် ဆူးလေတွင် လက်ကမ်း စာစောင်များ ဖြန့်ကျဲကာ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂ရန်ကုန် ဆူးလေတွင် တော်လှန်လူငယ်များ ဦးဆောင်ကာ ယနေ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် "NUGသည် ကျနော်တို့ အစိုးရဖြစ်ပြီး PDF သည် ကျနော်တို့ စစ်တပ်ဖြစ်သည်"၊ "အာဏာရှင် မချူပ်ငြိမ်းသရွှေ့ လူထုရဲ့ တော်လှန်ရေး ဟာလည်း ဘယ်တော့မှ မရပ်တန့်ဘူး"...

မုံရွာမြို့ပေါ်တွင် စစ်အုပ်စုက သတ်မှတ်ခဲ့သည့် နိုင်ငံတော် အလံအား မီးရှို့ကာ ဖက်ဆစ် စစ်တပ် ချေမှုန်းရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂ မုံရွာ လူငယ်များစည်းရုံး နှင့် ရပ်ကွက် သပိတ်စစ်ကြောင်းတို့ ပူးပေါင်းကာ မုံရွာမြို့ ရပ်ကွက်တစ်ခုတွင် ပင်လုံ စာချုပ်ချုပ်ဆိုခြင်း (၇၅) နှစ်မြောက် အထိမ်းအမှတ် အဖြစ် ယနေ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် "ပင်လုံ ကတိကဝတ်အရင်းတည် ဖက်ဒရယ် ပြည်ထောင်စုသို့...

ပင်လုံစာချုပ်ပါ ပြည်ထောင်စု ပေါင်းစည်းရေး NUG အစိုးရ ဦးဆောင်ရမည်ဖြစ်ပြီး တိုင်းရင်းသားအားလုံး ပူးပေါင်းရန် KIA စစ်ဦးစီးချုပ်က တိုက်တွန်း

֎ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပယ်ဖျက်ပြီးဖြစ်၍ ဖက်ဒရယ်ပြည်ထောင်စု လမ်းပွင့်ပြီ֎ ဒေါ်အောင်ဆန်းစုကြည်က ပင်လုံစာချုပ်ကို ပေါ့ပေါ့တန်တန် ပြောဆိုခဲ့မှု စိတ်မကောင်းဖြစ်ခဲ့ရရန်ကုန်၊ ဖေဖော်ဝါရီ ၁၂ ပင်လုံစာချုပ်ပါ ပြည်ထောင်စု ပေါင်းစည်းရေး အမျိုးသားညီညွတ်ရေးအစိုးရ ဦးဆောင်ဦးရွက်ပြု တာဝန်ယူရမည်ဖြစ်ပြီး တိုင်းရင်းသားအားလုံး ပူးပေါင်းရန် KIA စစ်ဦးစီးချုပ်က တိုက်တွန်းပြောဆိုလိုက်သည်။...

ယင်းမာပင်တွင် ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး ရွာပေါင်းစုံ သပိတ်စစ်ကြောင်း ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂ယင်းမာပင် အရှေ့ခြမ်းနှင့် ဆားလင်းကြီး မြောက်ခြမ်း ရွာပေါင်းစုံသပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

မြစ်ကြီးနားတွင် ကချင်လူငယ်များက စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂မြစ်ကြီးနားမြို့ အ.ထ.က စီတာပူကျောင်းရှေ့တွင် ယနေ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့ ပင်လုံစာချုပ် (၇၅)နှစ်ပြည့်နေ့တွင် အာဏာရှင်စနစ်ဆန့်ကျင်သော ကချင်လူငယ်များ(Youth Against Dictatorship-Kachin)က ဦးဆောင်ကာ တစ်ပြည်ထောင်စနစ်နှင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်သော လှုပ်ရှားမှုအဖြစ် ''ကိုယ့်ကြမ္မာကို ကိုယ်တိုင်ထုဆစ်ကြ၊ အတုအယောင် ပြည်ထောင်စုကို...

စစ်ကောင်စီချေမှုန်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုသစ် တည်ဆောက်ရေး ကလေးမြို့ပြည်သူများ ချီတက်ဆန္ဒပြ

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁၂အကြမ်းဖက်စစ်ကောင်စီ အမြစ်ဖြတ် ချေမှုန်းရေး၊ ဖက်ဒရယ်ပြည်ထောင်စုသစ်တည်ဆောက်ရေး၊ လူမျိုးကြီးဝါဒတိုက်ထုတ်ရေး ကြွေးကြော်ကာ ကလေးမြို့ရှိ တော်လှန်ကျောင်းသားပြည်သူများသည် ယနေ့ ဖေဖေါ်ဝါရီလ ၁၂ နေ့တွင် ၃၇၀ ရက်မြောက် သပိတ်စစ်ကြောင်းဖြင့် လှည့်လည်ချီတက်ဆန္ဒပြကြသည်။

သရက်ချောင်းမြို့နယ်တွင် “ဘုံရန်သူကို ချေမှုန်းဖို့ တောင်တန်းပြည်မ ညီညွတ်စို့” စာတန်းနှင့် ဖက်ဆစ် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် "ဘုံရန်သူကို ချေမှုန်ဖို့ တောင်တန်း ပြည်မ ညီညွတ်စို့" စာတန်းနှင့် ဖက်ဆစ် စစ်အာဏာရှင်ဆန်ကျင်ရေး ဆန္ဒပြခြင်းကို ပြည်သူများက ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။

ထားဝယ်တွင် တော်လှန် လူငယ်များ ဦးဆောင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး ကမ်ပိန်း လှုပ်ရှားမှု ပြုလုပ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂ထားဝယ်မြို့တွင် တော်လှန်လူငယ်များ ဦးဆောင်ကာ ယနေ့ ဖေဖော်ဝါရီလ ၁၂ရက်နေ့တွင် "ဘုံရန်သူကို ချေမှုန်းဖို့ တောင်တန်းပြည်မ ညီညွတ်စို့" ခေါင်းစဉ်ဖြင့် စစ်အာဏာရှင် ဆန့်ကျင်ရေး ကမ်ပိန်း လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဖားကန့်တွင် အတုအ​ယောင် ပြည်​ထောင်စုအလိုမရှိ၊ စစ်အာဏာရှင် ဆန့်ကျင်ရေး နှင့် KIA PDF NUG ထောက်ခံကြောင်း ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂ ကချင်ပြည်နယ်၊ ဖားကန့်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး နှင့် KIA၊ PDF ၊ NUG ထောက်ခံပွဲအဖြစ် ပြည်သူ ၅၀၀ ​ကျော်က အင်အားပြည့် ယ​နေ့ ချီတက် ဆန္ဒပြကြသည်။ ဖေဖော်ဝါရီ ၁၂ ရက်နေ့ အင်တာနက်ဖြတ်တောက်ခံထားရသည့် ဖားကန့်တွင် ဆန္ဒပြပြည်သူများက...

ယင်းမာပင်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ရွှေရေကြည် စစ်ကြောင်း ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁ယင်းမာပင်မြို့နယ်တွင် အောင်လံလွှင့်မည် ရွှေရေကြည် သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

Latest news

- Advertisement -spot_img