30 C
Yangon

ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ ICRC ရုံးရှေ့တွင် ကိုဂျင်မီ၊ ကိုဇေယျာသော်၊ ကိုသူရဇော်နှင့် ကိုလှမျိုးအောင်တို့ကို စစ်တပ် သတ်ဖြတ်မှု အရေးယူပေးရန် ဆန္ဒပြ

Must read

ရန်ကုန်၊ ဇူလိုင် ၂၅

ဂျပန်နိုင်ငံရောက် မြန်မာများ နိုင်ငံသားများ ဦးဆောင်ကာ တိုကျိုမြို့ရှိ International Committee of the Red Cross (ICRC) ရုံးရှေ့တွင် ကိုဂျင်မီ၊ ကိုဇေယျာသော်၊ ကိုသူရဇော်နှင့် ကိုလှမျိုးအောင်တို့ကို အကြမ်းဖက် စစ်တပ်က မတရား ဖမ်းဆီး ကွပ်မျက်ခဲ့ခြင်းအပေါ် မကျေနပ်သောကြောင့်နိုင်ငံတကာ အဖွဲ့အစည်းများမှ စစ်တပ်ကို အရေးယူဆောင်ရွက်ပေးရန် ယနေ့ ဇူလိုင်လ ၂၅ ရက်နေ့တွင် ဆန္ဒပြခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က နိုင်ငံရေး အကျဉ်းသားတွေကို မတရားသဖြင့် သေဒဏ်ချမှတ်ခြင်းကို အရေးယူပေးရန်၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းကိုပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်း ကိုအရေးယူရန်၊ နိုင်ငံရေး အကျဉ်းသားများ အပေါ် စစ်တပ်က ဖိနှိပ်ချုပ်ချယ်မှု များကို ချက်ချင်း အရေးယူ ဆောင်ရွက်ပေးရန် စသည့် အချက်များကို အဓိကထား တောင်းဆိုခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article