30 C
Yangon
spot_img

CATEGORY

Politics

ပခုက္ကူတွင် သွေးစွန်းသောနေ့ တစ်နှစ်ပြည် အမှတ်တရ ပခုက္ကူ ပင်မသပိတ်စစ်ကြောင်းကို ညနေပိုင်းတွင် ပြုလုပ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁ပခုက္ကူတွင် အကြမ်းဖက်ဖက်ဆစ် စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်ကို အသံတိတ်သပိတ်အပြီး ညနေ ၅ နာရီခွဲ အချိန်တွင် ပြည်သူများ စုဝေးကာ သွေးစွန်းသောနေ့ တစ်နှစ်ပြည် အမှတ်တရ ပခုက္ကူ ပင်မသပိတ်စစ်ကြောင်း ချီတက်ခြင်းကို ဖေဖော်ဝါရီ ၁ရက်နေ့တွင် ပြုလုပ်ခဲ့သည်။

အကြမ်းဖက် အာဏာသိမ်းဖက်ဆစ် စစ်ကောင်စီနှင့် လက်တွဲအလုပ်လုပ်နေခြင်းများကို ကန့်ကွက်သည့် လက်ကမ်းစာစောင်များကို နယူးဒေလီမြို့တွင် လိုက်လံဖြန့်ဝေ

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁ဖက်ဆစ်စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော အကြမ်းဖက် အာဏာသိမ်း စစ်ကောင်စီနှင့် လက်ရှိအချိန်ထိ အိန္ဒိယအစိုးရက လက်တွဲ အလုပ်လုပ်နေခြင်းများကို ကန့်ကွက်ကြောင်းနှင့် ဖက်ဆစ်စစ်တပ်၏ အာဏာသိမ်းပြီးနောက်ပိုင်း ကျူးလွန်ထားသော ပြစ်မှုများရေးသားထားသည့် လက်ကမ်းစာစောင်များကို India for Myanmar အဖွဲ့က ယနေ့ ဖေဖေါ်ဝါရီလ...

စစ်အာဏာရှင်ကို ကြံ့ကြံ့ခံ တော်လှန်နေတဲ့ မန္တလေးပြည်သူများ၏ အသံတိတ် သပိတ်မွန်းလွဲပိုင်း မြင်ကွင်း

ရန်ကုန်၊ ဖေဖော်ဝါရီ ၁ မန္တလေးပြည်သူများက စစ်အာဏာရှင်ကို တော်လှန်တဲ့ အသံတိတ် သပိတ်မှာ ကြံ့ကြံ့ခံ ပါဝင်နေကြပါတယ်။ မွန်းလွဲ ၂ နာရီခွဲနီးပါးရှိလာသည်အထိ မန္တလေးမြို့ ယာဉ်အသွားအလာနဲ့ လူအသွားအလာ လုံး၀ မရှိသလောက်ကို နည်းပါးနေပါတယ်။ Photo - Simulation

စစ်ကိုင်း၊ ကနီနှင့် မုံရွာ-အမြင့်လမ်းတို့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး အသံတိတ် သပိတ် ပြုလုပ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ကိုင်းမြို့၊ ကနီမြို့နှင့် မုံရွာ-အမြင့်လမ်းတို့တွင် ယနေ့ ဖေဖော်ဝါရီလ ၁ရက်နေ့၌ စစ်အာဏာရှင် ဆန့်ကျင်ရေး အသံတိတ် သပိတ်ပြုလုပ်ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်း ကလေးမြို့နှင့် ရှမ်းပြည်နယ် ဟဲဟိုးမြို့များတွင်လည်း အသံတိတ်သပိတ်တွင် ပါဝင် ဆန္ဒပြ

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နှင့် ရှမ်းပြည်နယ် ဟဲဟိုမြို့များရှိ ဒေသခံပြည်သူများသည် ယနေ့ ဖေဖေါ်ဝါရီလ ၁ ရက် မတရားအာဏာသိမ်းမှု ၁ နှစ်ပြည့်နေ့တွင် စစ်အာဏာရှင်တော်လှန်ရေး အသံတိတ်သပိတ်တွင် ပါဝင်ဆင်နွှဲဆန္ဒပြကြသည်။

စစ်တပ်မြို့ဟု ခေါ်တွင်ခံရသော ပြင်ဦးလွင်နှင့် လယ်ဝေးမှာပါ အသံတိတ် သပိတ်ပြုလုပ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁အကြမ်းဖက် စစ်ကောင်စီ တပ်ရင်း၊ တပ်ဖွဲ့များ အများဆုံးတည်ရှိပြီ စစ်တပ်မြို့ဟု ခေါ်တွင်ခံရသော ပြင်ဦးလွင်နှင့် နေပြည်တော် လယ်ဝေးတို့တွင် ယနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့၌ အသံတိတ် သပိတ်ပြုလုပ်လျက်ရှိကြောင်း သိရသည်။

မြစ်ကြီးနားနှင့် နမ္မတီးမြို့ခံပြည်သူများ စစ်အာဏာရှင်တော်လှန်ရေး အသံတိတ်သပိတ်တွင် ပါဝင် ဆန္ဒပြ

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားနှင့် နမ္မတီးမြို့ရှိ ဒေသခံပြည်သူများသည် ယနေ့ ဖေဖေါ်ဝါရီလ ၁ ရက် မတရားအာဏာသိမ်းမှု ၁ နှစ်ပြည့်နေ့တွင် စစ်အာဏာရှင်တော်လှန်ရေး အသံတိတ်သပိတ်တွင် ပါဝင်ဆင်နွှဲဆန္ဒပြကြသည်။

ရန်ကုန်တိုင်း သုံးခွနှင့် ခရမ်းတို့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး အသံတိတ် သပိတ်ပြုလုပ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁ရန်ကုန်တိုင်း တောင်ပိုင်း သုံးခွမြို့နှင့် ခရမ်းမြို့တို့ တွင် ယနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး အသံတိတ် သပိတ်ပြုလုပ်နေကြောင်း သိရသည်။

ရှမ်းပြည်နယ် တောင်ကြီးနှင့် မူဆယ်မြို့တွင် စစ်အာဏာရှင်တော်လှန်ရေး အသံတိတ်သပိတ်မြင်ကွင်းများ

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁ရှမ်းပြည်နယ်မြို့တော် တောင်ကြီးနှင့် မူဆယ်မြို့များရှိ ဒေသခံပြည်သူများသည် ယနေ့ ဖေဖေါ်ဝါရီလ ၁ ရက် မတရားအာဏာသိမ်းမှု ၁ နှစ်ပြည့်တွင် စစ်အာဏာရှင်တော်လှန်ရေး အသံတိတ်သပိတ် ပါဝင်ဆင်နွှဲဆန္ဒပြကြသည်။

မွန်ပြည်နယ် ဘီးလင်းနှင့် မော်လမြိုင်တို့တွင် အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး အသံတိတ် သပိတ် ပြုလုပ်နေသော မြင်းကွင်းများ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁မွန်းပြည်နယ်၊ ဘီးလင်းမြို့နှင့် မော်လမြိုင်မြို့တို့တွင် ယနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့၌ အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး အသံတိတ်သပိတ် ပြုလုပ်နေကြောင်း သိရသည်။

Latest news

- Advertisement -spot_img