25 C
Yangon
spot_img

CATEGORY

Politics

ကလေးမြို့၊ တာဟန်းရပ်ကွက်တွင် ယမန်နေ့ညက စစ်ကောင်စီတပ်နှင့် မြို့ပေါ်ပြောက်ကျားတပ်ဖွဲ့ကြား ပစ်ခတ်မှုဖြစ်ပြီး စစ်သား ၂ ဦး သေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၁၇ စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ တာဟန်းရပ်ကွက်၊ တာဟန်းဈေးအနောက်ဘက်လမ်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပ.က.ဖ ကလေးမြို့ (မြို့ပေါ်ပြောက်ကျားအဖွဲ့) ကြား ယမန်နေ့ ဇန်နဝါရီလ ၁၆ ရက် ည ၇ နာရီခန့်တွင် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး စစ်သား ၂ ဦး နေရာတွင် သေဆုံးကြောင်း...

မအူပင်ကျေးရွာတွင်  ပြည်သူ ၄ ဦးကို စစ်တပ်က နှိပ်စက် သတ်ဖြတ်၊ ရွာထဲရှိ ကျန်ရှိ ပြည်သူများနှင့် အခြေအနေ အသေးစိတ် မသိရှိရသေး

ရန်ကုန်၊ ဇန်နဝါရီ ၁၇ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် မအူပင်ကျေးရွာတွင်  စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီး အင်အား ၈၀ ခန့်က ဇန်နဝါရီလ ၁၆ ရက်နေ့ ဝင်ရောက်စီးနင်း တပ်စွဲထားပြီး ပြည်သူ ၄ ဦးကို မတရားနှိပ်စက်ကာ ဖမ်းဆီး သတ်ဖြတ်လိုက်ကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။  စစ်တပ်၏...

ရွှေဘိုတွင် အကြမ်းဖက် ဖက်ဆစ် စစ်တပ်ဆန့်ကျင်ရေး ဆန္ဒပြချီတက်(ရုပ်/သံ)

ရန်ကုန်၊ ဇန်နဝါရီ ၁၇ ရွှေဘိုရှိ ကျေးရွာတစ်ရွာတွင် ပြည်သူများက အကြမ်းဖက် ဖက်ဆစ် စစ်တပ်ဆန့်ကျင်ရေး ဆန္ဒပြခြင်းကို ဇန်နဝါရီ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် ချီတက်ခဲ့ကြသည်။

Breaking News- ဖရူဆိုရှိ စစ်​ဘေး​ရှောင်စခန်းကို နံနက် ၁ နာရီအချိန် စစ်တပ်က ​လေယာဥ်ဖြင့် ဗုံးကျဲ၊ ၇ နှစ်အရွယ် သမီးငယ် အပါအဝင် စစ်​ဘေး​ရှောင်ပြည်သူ ၃ ဦး ပွဲချင်းပြီး​သေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၁၇  ကရင်နီပြည်နယ်၊ ဖရူဆိုရှိ စစ်​ဘေး​ရှောင်စခန်းကို ယ​နေ့ နံနက် ၁ နာရီအချိန် စစ်တပ်က ​လေယာဥ်ဖြင့် ဗုံးကျဲသဖြင့် အသက် ၇ နှစ်အရွယ် သမီးငယ် အပါအဝင် စစ်​ဘေး​ရှောင်ပြည်သူ ၃ ဦး ပွဲချင်းပြီး​သေဆုံးသွား​ကြောင်း ပြည်သူ့ကာကွယ်​ရေးတပ်၊ ဖရူဆိုက သတင်းထုတ်ပြန်သည်။ ဇန်နဝါရီ...

ရွှေဘိုတွင် အကြမ်းဖက် ဖက်ဆစ် စစ်တပ်ဆန့်ကျင်ရေး ဆန္ဒပြချီတက်

ရန်ကုန်၊ ဇန်နဝါရီ ၁၇ ရွှေဘိုရှိ ကျေးရွာတစ်ရွာတွင် ပြည်သူများက အကြမ်းဖက် ဖက်ဆစ် စစ်တပ်ဆန့်ကျင်ရေး ဆန္ဒပြခြင်းကို ဇန်နဝါရီ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် ချီတက်ခဲ့ကြသည်။

ဖက်ဆစ်စစ်တပ် ချေမှုန်းရေး ၃၄၄ ရက်မြောက် ကလေးမြို့ပင်မသပိတ်စစ်ကြောင်း ချီတက်ဆန္ဒပြ

ရန်ကုန်၊ ဇန်နဝါရီ ၁၇ အကြမ်းဖက် ဖက်ဆစ် စစ်တပ် အမြစ်ဖြတ် ချေမှုန်းရေး စစ်ကိုင်းတိုင်း၊ ကလေးမြို့ရှိ တော်လှန်ကျောင်းသားပြည်သူများသည် ဇန်နဝါရီလ ၁၇ ရက် နံနက်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ၃၄၄ ရက်မြောက်သပိတ်စစ်ကြောင်းဖြင့် လှည့်လည်ဆန္ဒပြကြသည်။

KNU တပ်မဟာ ၅ နယ်မြေ၊ မဲပလိကျေးရွာရှိ BGF စခန်းကို KNLA ဝင်ရောက်တိုက်ခိုက်ပြီး မီးရှို့ဖျက်ဆီး

ရန်ကုန်၊ ဇန်နဝါရီ ၁၇ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ နယ်မြေ၊ မူတြော် (ဖာပွန်) ခရိုင်၊ မဲပလိကျေးရွာရှိ စစ်ကောင်စီလက်အောက်ခံ BGF စခန်းကို KNLA တပ်မဟာ ၅၊ တပ်ရင်း ၁၀၂ တပ်ဖွဲ့များက ဇန်နဝါရီလ ၁၆ ရက်တွင် ဝင်ရောက်တိုက်ခိုက်ပြီး...

မန္တလေး တိုင်းရင်းဆေးရုံအနီး ကင်းစခန်း ပေါက်ကွဲသံနှင့်ပစ်ခတ်မှုဖြစ်ပြီး စစ်သား ၂ ဦးသေဆုံးဟုဆို၊ အိုးဘိုထောင်ဘက်တွင်လည်း သေနတ်သံကြားရ၊ တောင်ဥက္ကလာပ မီတာရုံးတွင်လည်း ဗုံးပေါက် 

ရန်ကုန်၊ ဇန်နဝါရီ ၁၆  မန္တလေးတိုင်း၊ ရွှေကျင်တိုးဂိတ်အနီး၊ မန္တလေးတိုင်းရင်းဆေးရုံ ကင်းစခန်းတစ်ခုတွင် ယနေ့ ညနေ ၆ နာရီဝန်းကျင်အချိန် ဗုံးပေါက်ကွဲမှုဖြစ်ပြီး ပစ်ခတ်သံများ ထွက်ပေါ်လာကာ ဗုံးပေါက်ကွဲမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရှိရသည်။  ယနေ့ ညနေ ၆ နာရီအချိန်တွင်...

ပုလဲမြို့နယ်၊ မုံသွင်ကျေးရွာသို့ စစ်တပ်ဝင်စီး၍  ကျောင်းထိုင်ဆရာတော်ပါ ထွက်ပြေးရ၊ ဘုန်းကြီး ကျောင်းနှင့် ပြည်သူများ၏နေအိမ်များကို စစ်တပ်က ဖျက်ဆီး လုယက်

ရန်ကုန်၊ ဇန်နဝါရီ ၁၆  စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ မုံသွင်ကျေးရွာကို ယနေ့ ဇန်နဝါရီလ ၁၆ ရက်နေ့တွင် စစ်တပ်က ဝင်ရောက်စီးနင်းသဖြင့် ရွာဦးဘုန်းကြီးကျောင်းမှ ကျောင်း ထိုင်ဆရာတော်ပါထွက်ပြေးရပြီး ဘုန်းကြီးကျောင်းနှင့် ပြည်သူများ၏နေအိမ်များကို စစ်တပ်က ဖျက်ဆီးလုယက်သွားကြောင်း ဒေသခံများထံမှ သိရှိရသည်။

လွိုင်ကော်၊ မိုင်းလုံးရပ်ကွက် တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ အနည်းဆုံး ၂၀ ဦး ထိခိုက်သေဆုံးနိုင်

ရန်ကုန်၊ ဇန်နဝါရီ ၁၆ ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့၊ မိုင်းလုံးရပ်ကွက်ရှိ စက်မှုလယ်ယာရုံးနှင့် ၁၁ ထပ် ဟိုတယ်အနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့ကြား ယနေ့ ဇန်နဝါရီလ ၁၆ ရက် နံနက် ၉ နာရီမှ စတင်ကာ ညနေ ၅ နာရီ ၄၅ မိနစ်ထိ...

Latest news

- Advertisement -spot_img