25 C
Yangon

မြလိပ်တောင်အမြင့်ဆုံးထိပ်နေရာတွင် အာဏာရှင်ဆန့်ကျင်ရေးစာတမ်းကို မန္တလေးသပိတ်အင်အားစုအဖွဲ့ဝင်များမှတက်ရောက်ချိတ်ဆွဲ

Must read

မိုးသည်းထန်စွာရွာသွန်းနေသည့်ကြားမှ ခက်ခဲကြမ်းတမ်းတဲ့လမ်းအသွယ်သွယ် ကျောက်ဆောင်ကြီးများကို ဖြတ်သန်းပြီးအမြင့်ဆုံးတောင်ထိပ်နေရာအထိတက်ရောက်ကာ အာဏာရှင်ဆန့်ကျင်ရေးနဖူစည်းစာတမ်းကို မန္တလေးသပိတ်အင်အားစုမှချိတ်ဆွဲခဲ့ပါတယ်။

ပေ(၃၀)ကျော်အရှည်ရှိတဲ့ အဝတ်စအနီရဲရဲပေါ်မှာ စာလုံးအဖြူများဖြင့်ရေးသားခဲ့တာဖြစ်ပါတယ်။

မြလိပ်တောင်ဟာ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ ဒုဌဝတီမြစ်ကမ်းဘေးမှာရှိပြီး အမြင့်ပေ(၃၀၀၀)ကျော်ရှိတဲ့ကျောက်ဆောင်ကျောက်ချွန်ကျောက်ကြမ်းများနှင့်ခက်ခက်ခဲခဲ ဇွဲကောင်းကောင်းနဲ့တက်ရောက်မှရနိုင်တဲ့တောင်ဖြစ်ကြောင်းတောင်တက်သမားတိုင်းအသိဖြစ်ပါတယ်။

ယခင်နှစ် ၂၀၂၁ ခုနှစ်ဧပြီ ၁၈ရက်မှာလည်းမြလိပ်တောင်ထိပ်မှာ ကျွန်တော်တို့”မန္တလေးမှလူငယ်တစ်စု” အမည်နဲ့ အာဏာရှင်ဆန့်ကျင်ရေးစာတန်းချိတ်ဆွဲခဲ့ဖူးပါတယ်။ ယခုလှုပ်ရှားမှုက ဒုတိယအခေါက်ဖြစ်ပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article