27 C
Yangon
spot_img

CATEGORY

Politics

ဒီပဲယင်း ယဉ်ကျေးရွာကို စစ်တပ်က ရဟတ်ယာဉ်ဖြင့် ပစ်ခတ်ပြီးနောက် ရွာကို စီးနင်းကာ မီးရှို့ဖျက်ဆီးနေ

ရန်ကုန်၊ ဇန်နဝါရီ ၁၄  စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် အရှေ့ခြမ်း ယဉ်ကျေးရွာကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ယနေ့ ဇန်နဝါရီလ ၁၄ ရက်နေ့ မွန်းလွဲ ၁နာရီ ၃ဝမိနစ်ခန့်က စတင်ကာ ရဟတ်ယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်ပြီးနောက် ထောက်ပို့ရဟတ်ယာဉ်များဖြင့် စစ်တပ်က လူချကာ ကျေးရွာကို ဝင်ရောက်စီးနင်းပြီး...

ရန်ကုန်၊မန္တလေးနှင့်ပုသိမ်တို့ တွင် ဗုံးများ ဆက်တိုက်ပေါက်ကွဲ၊ စစ်ကောင်စီတပ်များက ရမ်းကားပစ်ခတ်မှုများ လုပ်ဆောင်

ရန်ကုန်၊ ဇန်နဝါရီ ၁၄  ရန်ကုန်နှင့်မန္တလေးတွင် ယနေ့ ဇန်နဝါရီလ ၁၄ ရက်နေ့နှင့် ယမန်နေ့ ဇန် နဝါရီလ ၁၃ ရက်နေ့တို့တွင် ဗုံးများ ဆက်တိုက်ပေါက်ကွဲပြီး စစ်ကောင်စီတပ်များက ရမ်းကားပစ်ခတ်မှုများလုပ်ဆောင်ခဲ့ကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။  ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ဇန်နဝါရီလ ၁၄ ရက်နေ့ နံနက်...

ရန်ကုန် တောင်ဥက္ကလာတွင် စစ်ကောင်စီ ဖွင့်လှစ်ထားသော ကျောင်းတက်ရောက်နေသည့် ကျောင်းသားများနှင့် ဆရာ၊ ဆရာမများအား စစ်ကျွန်ပညာရေး သပိတ်မှောက်မှုတွင် ပါဝင်လာရန် လက်ကမ်းစာစောင်များ လိုက်ဝေ

ရန်ကုန်၊ ဇန်နဝါရီ ၁၄  ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ်‌တွင် မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)နှင့် မြို့နယ်အတွင်းရှိ ဗကသများအဖွဲ့ချုပ်ဝင် အခြေခံပညာကျောင်းသားများသမဂ္ဂဖြစ်ကြသော အထက(၁)၊ အထက(၂)၊ အထက(၃)၊ အထက(၄)၊Success Private School ကျောင်းများ ကျောင်းသားများ ဦးဆောင်ကာ ယနေ့ ဇန်နဝါရီလ ၁၄ ရက်နေ့တွင် စစ်ကောင်စီ ဖွင့်လှစ်ထားသော...

အကြမ်းဖက် စစ်ကောင်စီ ချေမှုန်းရေး လောင်းလုံးမြို့နယ်ရှိ တော်လှန်လူငယ်များ ဆန္ဒပြ

ရန်ကုန်၊ ဇန်နဝါရီ ၁၄ အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီ အမြစ်ဖြတ် ချေမှုန်းရေး တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်ရှိ တော်လှန်ကျောင်းသားလူငယ်များသည် ယနေ့ ဇန်နဝါရီလ ၁၄ ရက်တွင် ပြောက်ကျားဆန္ဒပြကြသည်။

ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များ၏ ဝန်းရံမှုဖြင့် စစ်ကိုင်းတိုင်းတွင် စစ်အာဏာ ရှင်ဆန့်ကျင်ရေးသပိတ်စစ်ကြောင်း ချီတက်

ရန်ကုန်၊ ဇန်နဝါရီ ၁၄  ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များ၏ ဝန်းရံမှုဖြင့် စစ်ကိုင်းတိုင်း စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်စစ်ကြောင်းသည် ယနေ့တွင် ချီတက် ဆန္ဒပြကြသည်။  အဆိုပါသပိတ်စစ်ကြောင်းတွင် မုံရွာလူထုသပိတ်ကော်မတီအဖွဲ့ဝင် ကိုသန်းကျော်ဦးက တော်လှန်ရေးတရားများကို ဟောကြား၍ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်စစ်ကြောင်း ချီတက်ကြကြောင်း သိရှိရသည်။ Photo- မုံရွာလူထုသပိတ်ကော်မတီ။

ဒီပဲယင်းနှင့်ခင်ဦးမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ရဟတ်ယာဉ်များဖြင့်ပစ်ခတ်ပြီး စစ်အင်အားအများအပြားချသွား

ရန်ကုန်၊ ဇန်နဝါရီ ၁၄  စစ်ကိုင်းတိုင်း၊ ဒီပဲယင်းနှင့်ခင်ဦးမြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ရဟတ်ယာဉ်များဖြင့် ပစ်ခတ်ပြီးစစ်အင်အားအများအပြား ချသွားကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။  ဇန်နဝါရီလ ၁၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၀ အချိန်တွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ တိုက်ခိုက်ရဟတ်ယာဉ် ၂ စင်း၊ ရိုးရိုးရဟတ်ယာဉ် ၁...

ရန်ကုန်သာကေတ၊ မုံရွာနှင့် ရေစကြိုတို့တွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများ၊ ပျူစောထီးနှင့် ရာအိမ်မှူး ပစ်သတ်ခံရ

ရန်ကုန်၊ ဇန်နဝါရီ ၁၄  ရန်ကုန်သာကေတမြို့နယ်၊ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်နှင့် မကွေးတိုင်း၊ ရေစကြိုမြို့နယ်တို့တွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများ၊ ပျူစောထီးနှင့် ရာအိမ်မှူး ပစ်သတ်ခံရကြောင်း ဒေသခံများထံမှ သိရှိရသည်။  ဇန်နဝါရီလ ၁၃ ရက်နေ့ စစ်ကိုင်းတိုင်း၊မုံရွာမြို့နယ် တောပုကျေးရွာ ပျူစောထီးအဖွဲ့ဝင် ငြိမ်းဆောင် သေနတ်ဖြင့် ပစ်သ တ်ခံရကြောင်း သိရသည်။  သေဆုံးသူ ငြိမ်းဆောင်သည်...

ယင်းမာပင်ခရိုင်တွင်းရှိ ကျေးရွာများစုပေါင်းပြီး ဖက်ဆစ်စစ်တပ်ဖြုတ်ချရေး ချီတက်ဆန္ဒပြ

ရန်ကုန်၊ ဇန်နဝါရီ ၁၄ ယင်းမာပင်မြို့နယ် အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိ ကျေးရွာများမှ တော်လှန်ပြည်သူများစုပေါင်းကာ ၃၁၀ ရက်မြောက် သပိတ်စစ်ကြောင်းဖြင့် ဇန်နဝါရီ ၁၄ ရက်တွင် အကြမ်းဖက် ဖက်ဆစ်စစ်တပ် ဖြုတ်ချရေး ချီတက်ဆန္ဒပြကြသည်။

ကမ္ဘောဒီယားဝန်ကြီးချုပ်ဟွန်ဆင်၏ မင်းအောင်လှိုင်ကို ထောက်ပံ့ကူညီသည့်ခရီးစဉ်ကို အမေရိကန်ရောက် မြန်မာများ ကန့်ကွက်စာပေးပို့ ဆန္ဒပြ

ရန်ကုန်၊ ဇန်နဝါရီ ၁၄ အမေရိကန်ပြည်ထောင်စုရောက်ရှိနေသော မြန်မာများက ကမ္ဘောဒီယားဝန်ကြီး ချုပ်ဟွန်ဆင်၏ မင်းအောင်လှိုင်ကို ထောက်ပံ့ကူညီသည့်ခရီးစဉ်ကို ကန့်ကွက်ကြောင်းပေးပို့စာကို ဝါရှင်တန်ဒီစီရှိ ကမ္ဘောဒီယားသံရုံးသို့ သွား ရောက် ပို့ဆောင်ပြီး ကန့်ကွက်ဆန္ဒပြကြသည်။

NUG အစိုးရထောက်ခံကြိုဆိုကြောင်းနှင့် ဖက်ဆစ်စစ်တပ်ဖြုတ်ချရေး ရွှေဘိုတွင် ချီတက်ဆန္ဒပြ

ရန်ကုန်၊ ဇန်နဝါရီ ၁၄ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ထောက်ခံကြိုဆိုကြောင်းနှင့် အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီ အမြစ်ဖြတ် ဖြုတ်ချရေး စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ကျေးရွာ ၁ ရွာရှိ တော်လှန်ပြည်သူများသည် ဇန်နဝါရီလ ၁၄ ရက် နံနက်တွင် လှည့်လည်ချီတက်ဆန္ဒပြကြသည်။

Latest news

- Advertisement -spot_img