26 C
Yangon
spot_img

CATEGORY

Politics

ယင်းမာပင်တွင် ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး ရွာပေါင်းစုံ သပိတ်စစ်ကြောင်း ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဇန်နဝါရီ ၂၅  ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ် ကျေးရွာပေါင်းစုံ သပိတ်စစ်ကြောင်း ပြည်သူများ ဦးဆောင်ကာ ယနေ့ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်များ နိုင်ငံတစ်ဝန်း မိုင်းဆွဲ တိုက်ခိုက်ခံရ၊ စစ်ကိုင်းနှင့်မကွေး တိုင်းတို့တွင် စစ်သား ၉ ဦးသေဆုံး‌ပြီး လက်နက်များ သိမ်းဆည်းရမိ

ရန်ကုန်၊ ဇန်နဝါရီ ၂၅  မင်းအောင်လှိုင်ဦးဆောင်သော အကြမ်းဖက် စစ်ကောင်စီတပ်များသည် နိုင်ငံတစ်ဝန်း မိုင်းဆွဲတိုက်ခိုက်ခံနေရပြီး သေဆုံးမှုများပြားနေကြောင်း ဒေသကာကွယ်ရေးတပ်များထံမှ သိရှိရသည်။ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် ယနေ့ ဇန်နဝါရီလ ၂၅ ရက်နေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်အချိန် ကုန်ကြီးကွေ့အနီးတွင် စစ်ကောင်စီတပ်ကို ဖောင်းဒိုင်းအဖွဲ့က ရှေ့ထွက်...

စစ်ကျွန်ပညာရေးကို လက်သင့်မခံ၍ ကျောင်းတက်ရောက်ခြင်းမရှိသော CDM ကျောင်းသားများထံ sign petition လက်မှတ်များ ကောက်ခံမည် 

ရန်ကုန်၊ ဇန်နဝါရီ ၂၅  အကြမ်းဖက် စစ်ကောင်စီ တိုင်းပြည် အာဏာ မတရားရယူပြီး စစ်ကျွန် ပညာရေး ကျောင်းများ ဖွင့်လှစ်ချိန်တွင် ကျောင်း တက်ရောက်ခြင်းမရှိဘဲ CDM ပြုလုပ်ထားသော ကျောင်းသူကျောင်းသားများထံမှ sign petition လက်မှတ်များ ကောက်ခံသွားမည်ဖြစ်ကြောင်း အခြေခံပညာ ကျောင်းသားများရေးရာ အဖွဲ့ချုပ်ထံမှ သိရသည်။...

အလုပ် မဖြစ်သေးသည့် တရုတ်ယွမ်နှင့်ကျပ်ငွေ တိုက်ရိုက် ပေးချေမှုစနစ်

By လမ်းသစ် နယ်စပ်တွင် ယွမ်ငွေနဲ့ ကျပ်ငွေ တိုက်ရိုက်ပေးချေခွင့်ပြုထားသည်မှာ တလကျော်ခဲ့ဖြစ်သည်။ သို့သော်လည်း အကောင့်ဖွင့်လှစ်သူ နည်းပါးပြီး သိသာထင်ရှားသော ရလာဒ် ဖြစ်မပေါ်သေးချေ။ နယ်စပ်တွင် အဆိုပါဘဏ်စနစ်ကို အသုံးပြုသည့် ယွမ်ငွေနှင့် ကျပ်ငွေ တိုက်ရိုက်ပေးချေသည့် စနစ်ကို အသုံးပြုသူ နည်းပါးနေသေးသည် ဟု လုပ်ငန်းရှင်တို့က ဆိုသည်။ ၂၀၂၁ခုနှစ်...

ခမရ ၅၇၉ မှ တပ်သား စိုင်းလင်းထွန်း အောက်ချင်းတွင်းဒေသ ဒီမိုကရက်တစ်ပြောက်ကျားတပ်ဖွဲ့ထံ အလင်းဝင်

ရန်ကုန်၊ ဇန်နဝါရီ ၂၅ အကြမ်းဖက်စစ်ကောင်စီ အမှတ် ၁၄ စစ်ဆင်ရေးကွပ်ကဲမှုလက်အောက်ခံ ခမရ ၅၇၉ မှ တပ်သား စိုင်းလင်းထွန်းသည် စစ်ကိုင်းတိုင်း၊ အောက်ချင်းတွင်းဒေသရှိ ဒီမိုကရက်တစ်ပြောက်ကျားတပ်ဖွဲ့ထံ  CDM ပြုလုပ်ကာ အလင်းဝင်ကြောင်း DGF က သတင်းထုတ်ပြန်သည်။ "သူက ဇာတိမြေကို ပြန်လာရင်းနဲ့ ကျနော်တို့ လာပူးပေါင်းတယ်၊...

ထားဝယ် ဝဲကျွန်းညောင်ရမ်းရပ်ကွက်တွင် ပရဟိတ လုပ်ဆောင်နေသော လူငယ် ၇ဦးကို စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီး 

ရန်ကုန်၊ ဇန်နဝါရီ ၂၅   ထားဝယ်မြို့၊ ဝဲကျွန်းညောင်ရမ်းရပ်ကွက်၊ ရေသိမ်လမ်းသွယ်တွင် ကုသိုလ်ဖြစ် အခမဲ့ဆေးခန်းအရေးပေါ်ကားတစ်စီးနှင့် ပရဟိတ လုပ်ဆောင်နေသော လူငယ် ၇ဦးကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ဇန်နဝါရီ ၂၄ ရက်နေ့ ည ၈ နာရီ ၃ဝမိနစ်ခန့်တွင် အကြောင်းမဲ့ ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း...

ရေးမြို့နယ်၊သထုံနှင့်ကြာအင်းဆိပ်ကြီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးသေဆုံး၊ ၁၂ ဦးဒဏ်ရာပြင်းထန်

ရန်ကုန်၊ ဇန်နဝါရီ ၂၅  ရေးမြို့နယ်၊ သထုံမြို့နယ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်တို့တွင် စစ်ကောင်စီတပ် ဖွဲ့များကို PDF နှင့် KNLA တပ်များက တိုက်ခိုက်ရာ စစ်သား ၁၀ ဦးသေဆုံးပြီး ၁၂ ဦးဒဏ်ရာပြင်းထန်ကြောင်း ဒေသကာကွယ်ရေးတပ်များက သတင်းထုတ်ပြန်သည်။  မွန်ပြည်နယ်၊ သထုံမြို့နယ်၊ မိုးကောင်းကျေးရွာနှင့် ပုတိမ်ရိုးကျေးရွာကြား ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်တွင် ယနေ့...

ရန်ကုန်တာ​မွေတွင် စစ်အာဏာရှင် ဆန့်ကျင်​ရေး ပိုစတာချိတ်ဆွဲ

ရန်ကုန်၊ ဇန်နဝါရီ ၂၅  ရန်ကုန်တာ​မွေတွင် စစ်အာဏာရှင် ဆန့်ကျင်​ရေး ပိုစတာယ​နေ့ချိတ်ဆွဲသည်။ အ.ထ.က (၃)တာမွေကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်) နှင့် တာမွေမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှ ကျောင်းသားလူငယ်များပူးပေါင်းကာ တာမွေမြို့နယ်အတွင်း "ဘာတိုက်ပွဲလဲ လူထုတိုက်ပွဲ" စာသားပါဘန်နာအား ချိတ်ဆွဲ၍ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး၊ လူထုလှုံ့ဆော်ရေး လှုပ်ရှားမှုတရပ် ပြုလုပ်ကြသည်။  Photo-ဗကသများအဖွဲ့ချုပ်

AZSCO အမည်ရှိရုရှားသင်္ဘောက တင့်ကားအပါအဝင် လက်နက်ကြီးအမြောက် များ၊ လက်နက်ခဲယမ်းကို သီလဝါဆိပ်ကမ်းတွင် လာချပေး၊ ညတွင်း ချင်း ဆိပ်ကမ်းမှ သယ်ယူ

ရန်ကုန်၊ ဇန်နဝါရီ ၂၅  ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်ရှိ ၊ သီလဝါ MITT ဆိပ်ကမ်းတွင် AZSCO အမ ည်ရှိ ရုရှားသင်္ဘောက ဇန်နဝါရီလ ၂၄ ရက်နေ့တွင် တင့်ကားများ၊ လက်နက် ကြီး အမြောက်များ၊ လက်နက်ခဲယမ်းများကို လာချပေးခဲ့ပြီး ယင်းတင့်ကားနှင့် လက်နက်ကြီးအမြောက်များကို ယမန်နေ့ညပိုင်းတွင်...

ရွှေဘိုတွင် အကြမ်းဖက် ဖက်ဆစ် စစ်တပ်ဆန့်ကျင်ရေး ဆန္ဒပြချီတက်

ရန်ကုန်၊ ဇန်နဝါရီ ၂၅ ရွှေဘိုရှိ ကျေးရွာတစ်ရွာတွင် ပြည်သူများက အကြမ်းဖက် ဖက်ဆစ် စစ်တပ်ဆန့်ကျင်ရေး ဆန္ဒပြခြင်းကို ဇန်နဝါရီ ၂၅ရက်နေ့ နံနက်ပိုင်းတွင် ချီတက်ခဲ့ကြသည်။

Latest news

- Advertisement -spot_img