25 C
Yangon

၅/ မုံရွာမြို့ရဲ့ ရဲရဲတောက် သွေးသစ်လူငယ်များက “အပျော်သင်္ကြန် တို့ငြင်းဆန် တော်လှန်သင်္ကြန် ပြည်သူ့အသံ”ကြွေးကြော်ချီတက်

Must read

ရန်ကုန်၊ ဧပြီ ၈

အာဇာနည်တို့သွေး ရဲရဲတောက်နေတဲ့ မုံရွာမြို့အထင် ကရ အာဇာနည်လမ်းမပေါ်မှာ မုံရွာလူငယ်များအစည်း အရုံးနဲ့ ရပ်ကွက်သပိတ်စစ်ကြောင်းတို့ပူးပေါင်းပြီး အာဏာရှင်ကိုဆန့်ကျင်ကြောင်း ချီတက်သပိတ်မှောက်ခဲ့ကြပါတယ်။

“အပျော်သင်္ကြန် တို့ငြင်းဆန် တော်လှန်သင်္ကြန် ပြည်သူ့အသံ”ဆိုတဲ့စာသားကို သပိတ်တပ်ဦးအရှေ့ကနေလွင့်ထူပြီး ချီတက်ခဲ့တာဖြစ်တယ်။

“ဒီနှစ်ရဲ့ လာမယ့်အတာသင်္ကြန်ကာလမှာ ပြည်သူများအနေနဲ့ စကစ မှအထူးပြုလုပ်ထားသော သင်္ကြန်ရေကစားမဏ္ဍပ်များကို သွားရောက် ရေကစားခြင်းမပြုကြရန်၊ ပြည်သူများအနေဖြင့် ဒီတော်လှန်ရေးကာလ ဒီအချိန်အခါသည် ပျော်ရွှင်မြူးတူးရမယ့်အချိန်မဟုတ်သေးပေ၊ ပျော်ရွှင်မှုတွေ အလေလိုက်မှုတွေကို ချေဖျက်ပြီး တော်လှန်သော သင်္ကြန်အဖြစ် ပြောင်းလဲကာ စကစကိုလုံးဝဆန့်ကျင်ကြောင်း ပြည်သူ့အသံကို ကျယ်ကျယ်လောင်လောင်ထုတ်လွင့်ကြပါလို့ တိုက်တွန်းနှိုးဆော်လိုက်ပါတယ်”လို့ သပိတ်ဦးဆောင်သူတွေက ဆိုပါတယ်။

ပြည်သူလူထုအနေနဲ့လည်း ဒီနှစ်အတာသင်္ကြန်မှာ အိမ်ထဲမှာနေပြီး ဆိတ်ငြိမ်သောတော်လှန်သင်္ကြန်အဖြစ် ပူးပေါင်းပါဝင်ပေးကြဖို့လည်း တောင်းဆိုထားပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article