31 C
Yangon
spot_img

CATEGORY

Politics

လောင်းလုံးတွင် တော်လှန်လူငယ်များ ဦးဆောင်ကာ အကြမ်းဖက် စစ်တပ်က ပြုလုပ်မည့် သင်္ကြန်ပွဲ ပြည်သူများ မပါဝင်ကြရန် ဆန္ဒပြ

ရန်ကုန်၊ ဧပြီ ၁၁ လောင်းလုံးမြို့နယ်လုံးဆိုင်ရာ အခြေခံပညာ ကျောင်းသားများ သမဂ္ဂနှင့် တော်လှန် လူငယ်များ ဦးဆောင်ကာ ယနေ့ ဧပြီလ ၁၁ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က ပြုလုပ်မည့် သင်္ကြန်ပွဲ ပြည်သူများ မပါဝင်ကြရန် ဆန္ဒပြခဲ့ကြောင်း သိရသည်။

ယင်းမာပင်တွင် အမျိုးသမီးများ ဦးဆောင်သည့် “သင်္ကြန်မှာ ယိမ်းမက တော်လှန်နွေမ” အကြမ်းဖက် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဧပြီ ၁၁ ယင်းမာပင်မြို့နယ်တွင် အမျိုးသမီး ဦးဆောင်သည့် ရွာပေါင်းစုံ သပိတ် စစ်ကြောင်း ယနေ့ ဧပြီလ ၁၁ ရက်နေ့တွင် "သင်္ကြန်မှာ ယိမ်းမက တော်လှန်နွေမ" စာတန်းကိုင်ဆောင်ကာ အကြမ်းဖက် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

ကလေးမြို့တွင် စစ်ကောင်စီက လုံခြုံရေးတင်းကြပ်ထားသည့်ကြားမှ စစ်အာဏာရှင်ဖြုတ်ချရေး ၄၂၈ ရက်မြောက် ပင်မသပိတ်စစ်ကြောင်း ချီတက်ဆန္ဒပြ

ရန်ကုန်၊ ဧပြီ ၁၁ ကလေးမြို့တွင် ယမန်နေ့က မြို့တွင်းတိုက်ပွဲများပြင်းထန်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက လုံခြုံရေးတင်းကြပ်နေသည့်ကြားမှ စစ်အာဏာရှင်ဆန့်ကျင်ရေး ၄၂၈ ရက်မြောက်ကလေးမြို့ပင်မသပိတ်စစ်ကြောင်း ယနေ့ ဧပြီလ ၁၁ ရက်နေ့တွင် ချီတက်ဆန္ဒပြကြသည်။

လက်ပံတောင်းတောင် ပင်မသပိတ်စစ်ကြောင်း “ဖက်ဆစ်သင်္ကြန် တို့လက်မခံ” စာတန်းကိုင်ဆောင်ကာ ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဧပြီ ၁၀ ဆားလင်းကြီးတွင် လက်ပံတောင်းတောင် ပင်မသပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဧပြီလ ၁ဝ ရက်နေ့တွင် "ဖက်ဆစ်သင်္ကြန် တို့လက်မခံ" စာတန်းကိုင်ဆောင်ကာ ဖက်ဆစ် စစ်တပ်က ပြုလုပ်မည့် သင်္ကြန်ပွဲ ပြည်သူများ မပါဝင်ကြရန် ချီတက် ဆန္ဒပြခဲ့ကြောင်း...

ယင်းမာပင်တွင် ” ဖက်ဆစ် သြင်္ကန် တို့တော်လှန် တွန်းလှန်တိုက်ထုတ် အမြစ်ဖြုတ်” ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဧပြီ ၁၀ ယင်းမာပင်မြို့နယ်တွင် သွေးမအေးတဲ့ ရွှေနွယ်သွေး သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဧပြီလ ၁၀ ရက်နေ့တွင် "ဖက်ဆစ် သြင်္ကန် တို့တော်လှန် တွန်းလှန်တိုက်ထုတ် အမြစ်ဖြုတ်" စာတန်းကိုင်ဆောင်ကာ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

တန့်ဆည်တွင် အကြမ်းဖက် စစ်တပ်က ပြုလုပ်မည့် သင်္ကြန်ပွဲ ပြည်သူများ မပါဝင်ကြရန် ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဧပြီ ၁၀ တန့်ဆည်မြို့နယ် ပင်မသပိတ်အင်အားစု ဦးဆောင်ကာ ယနေ့ ဧပြီလ ၁၀ ရက်နေ့တွင် "အပျော်သင်္ကြန် ဒို့ငြင်းဆန် တော်လှန်သင်္ကြန် ပြည်သူ့အသံ" စာတန်းကိုင်ဆောင်ကာ အကြမ်းဖက် စစ်တပ်က ပြုလုပ်မည့် သင်္ကြန်ပွဲ ပြည်သူများ မပါဝင်ကြရန် ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။...

စစ်အာဏာရှင် ချေမှုန်းရေး ၄၂၇ ရက်မြောက် ကလေးမြို့သပိတ်စစ်ကြောင်း ချီတက်ဆန္ဒပြ

ရန်ကုန်၊ ဧပြီ ၁၀ အကြမ်းဖက်စစ်အာဏာရှင် အမြစ်ဖြတ် ချေမှုန်းရေး စစ်ကိုင်းတိုင်း၊ ကလေးမြို့ရှိ တော်လှန်ပြည်သူများသည် ယနေ့ ဧပြီလ ၁၀ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အစစ်အဆေး လုံခြုံရေးတင်းကြပ်ထားသည့်ကြားမှာ ၄၂၇ ရက်မြောက် သပိတ်စစ်ကြောင်းဖြင့် ချီတက်ဆန္ဒပြကြသည်။

ရန်ကုန် UG လူငယ်များမှ No သင်္ကြန်လှုပ်ရှားမှုပြုလုပ်

ရန်ကုန်၊ ဧပြီ ၁၀ အကြမ်းဖက် စစ်ကောင်စီကျင်းပသည့် သကြ်န်ပွဲကို လုံးဝလက်မခံကြောင်း ပြသသည့် အနေနှင့် ရန်ကုန်မြို့ရှိ တော်လှန်လူငယ်များမှ လူအများသွားလာရာနေရာများတွင် No -သင်္ကြန်လှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြသည်။" ကားမှတ်တိုင်တွေမှာ ဘတ်စ်ကားတွေပေါ်မှာ လမ်းဘေးဓာတ်တိုင်လို လူမြင်သာတဲ့နေရာတွေမှာ ဒီ No -သကြ်န်စတေကာတွေလိုက်ကပ်ပြီး စစ်ကောင်စီကျင်းပတဲ့ သင်္ကြန်ကို...

အရာတော်တွင် အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင် ဆန့်ကျင်ရေးချီတက် ဆန္ဒပြ

ရန်ကုန်၊ ဧပြီ ၁၀ အရာတော်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီရဲ့ပစ်ခတ်ဖြိုခွင်းမှုကြောင့် ပထမဆုံးကျရှုံးခဲ့ရသော ရဲဘော်ရှိုင်းဝေဖြိုး၏ ၁ နှစ်ပြည့်မြောက်နေ့ဖြစ်သည့် ယ‌နေ့ဧပြီ ၁၀ ရက်နေ့တွင် အရာတော်မြို့နယ် လူထုသပိတ်ဦးဆောင်ကော်မတီမှ ဦးဆောင်၍ "သနပ်ခါးမြို့တော်အရာတော်”မြို့ဝင်ဆိုင်းဘုတ်နားတွင် ပျောက်ကြားသပိတ်ပြုလုပ်၍ ရဲဘော်ရှိုင်းဝေဖြိုးကို ဦးညွတ်အလေးနီပြုခဲ့ကြသည်။

PDF ရဲဘော်များ စုပေါင်း၍ “ဖက်ဆစ် အုပ်စုသွေးကြောင်ရေး တော်လှန်သင်္ကြန်မှာ ပါဝင်ပေး” စာသားများအပါအဝင် အကြမ်းဖက် စစ်ကောင်စီ စီစဉ်သည့် သင်္ကြန်တွင် ပြည်သူများ မပါဝင်ရေး လှုံ့ဆော် ဆန္ဒပြ

ရန်ကုန် ၊ ဧပြီ ၁၀ တောတွင်းရောက် တော်လှန်ရေးရဲဘော်များ စုပေါင်း၍ “ဖက်ဆက်အုပ်စုသွေးကြောင်ရေး တော်လှန်သင်္ကြန်မှာ ပါဝင်ပေး”၊ “နှစ်ကူးသင်္ကြန်မဟုတ် စစ်ရူး သင်္ကြန်”၊ “ကျည်မို မိုင်းမိုး သင်္ကြန်မိုး”စသည့် အကြမ်းဖက် စစ်ကောင်စီ စီစဉ်သည့် သင်္ကြန်တွင် ပြည်သူများ မပါဝင်ရေးလှုံ့ဆော်ဆန္ဒပြခြင်းကို ယနေ့ ဧပြီ ၁၀...

Latest news

- Advertisement -spot_img