31 C
Yangon
spot_img

CATEGORY

Politics

မိတ္တီလာတွင် ကျဆုံးသွားသည့် ပြည်သူ ၂ ဦး ၁ နှစ်ပြည့် စစ်အာဏာရှင် ကျဆုံးရေး ဆန္ဒပြ

ရန်ကုန်၊ မတ် ၂၇ မန္တလေးတိုင်း၊ မိတ္တီလာတွင် ကျဆုံးသွားသည့် ပြည်သူ ၂ ဦး၏ ၁ နှစ်ပြည့် စစ်အာဏာရှင် ကျဆုံးရေး အဖြစ် ယနေ့ ဆန္ဒပြကြသည်။

ရန်ကုန် မြောက်ဥက္ကလာတွင် တော်လှန်လူငယ်များ ဖက်ဆစ် စစ်တပ် ချေမှုန်းရေး ဆန္ဒပြ

ရန်ကုန်၊ မတ် ၂၇ ရန်ကုန် မြောက်ဥက္ကလာတွင် SCUG တော်လှန်လူငယ်များ ဦးဆောင်ကာ ယနေ့ မတ်လ ၂၇ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

တောင်ကိုရီးယားတွင် ၇၇ နှစ်မြောက် ဖက်ဆစ်တော် လှန်ရေးနေ့ အထိမ်း အမှတ် မင်းအောင်လှိုင်နှင့်ပူတင်ကို ရှုတ်ချ ဆန္ဒပြ

ရန်ကုန်၊ မတ် ၂၇ တောင်ကိုရီးယားနိုင်ငံတွင် အကြမ်းဖက် မင်းအောင်လှိုင်ဦးဆောင်သော အကြမ်း ဖက် စစ်တပ် နှင့် စစ်ရာဇဝတ်ကောင် ရုရှားသမ္မတပူတင်တို့ကို ရှုတ်ချကြောင်း ယနေ့ ဆန္ဒပြကြသည်။ စစ်အာဏာရှင်များကို ကန့်ကွက်ဆန္ဒထုတ်ဖော်ခြင်းကို မြန်မာ့နွေဦးတော်လှန် ရေးထောက်ခံသူများ-ကိုရီးယား အဖွဲ့ နှင့် မြန်မာကျောင်းသားများအသင်း-ကိုရီးယား တို့က...

မလေးရှားနိုင်ငံတွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ပြင်ပရောက် မြန်မာနိုင်ငံသားများ ဆန္ဒပြ

ရန်ကုန်၊ မတ် ၂၇ မလေးရှားနိုင်ငံတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေမလေးရှား) မှ အလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့် မလေးရှားရောက် မြန်မာ ဒီမိုကရေစီအရေးလှုပ်ရှားသူများ စုပေါင်းကာ ယနေ့ မတ်လ ၂၇ ရက်နေ့ ဖက်ဆစ် တော်လှန်ရေးနေ့တွင် ဖက်ဆစ် စစ်တပ် ချေမှုန်းရေး ဆန္ဒပြခဲ့ပြီး...

မုံရွာတွင် စစ်အာဏာရှင် ဆန့်ကျင်ရေး နှင့် ဖက်ဆစ်ဝါဒ အမြစ်ဖြတ်ရေး ချီတက် သပိတ်မှောက်

ရန်ကုန်၊ မတ် ၂၇ မုံရွာ-အမြင့်လမ်းဘေးရှိ ကျေးရွာတစ်ရွာက ယနေ့ ဖက်ဆစ် တော်လှန် ရေးနေ့တွင်"ဖက်ဆစ်ဝါဒ အမြစ်ဖြတ်ကြ"ဟူသော စာတန်းကိုကိုင်စွဲလျက် စစ်အာဏာ ရှင်ကို တော်လှန်ဆန့်ကျင် သွေးမအေးကြောင်း ပြသကြသည်။တဆက်တည်းမှာပဲ ပြည်သူလူထုက စစ်အာဏာရှင်လက်အောက်မှာ နေသားကြမသွားဘဲ ရရာနည်းမျိုးစုံဖြင့် တော်လှန်ပုန်ကန်နေရန် လိုအပ်ကြောင်း၊ ပြည်သူပါဝင်မှုမရှိလျှင် တော်လှန်ရေးအောင်မြင်မည်မဟုတ်ကြောင်း...

အရာတော်တွင် ဖက်ဆစ်‌တော်လှန်ရေးနေ့ စစ်အာဏာရှင် ဖြုတ်ချရေး သပိတ်‌မှောက်ချီတက်ဆန္ဒပြ

ရန်ကုန်၊ မတ် ၂၇ စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများ အဖွဲ့ချုပ်)က ဦးဆောင်သည့် ကျေးရွာပြည်သူလူထုသပိတ်စစ်ကြောင်းသည် "ဖက်ဆစ်ဝါဒတိုက်ဖျက်ကြ၊ ပြည်သူ့ဒီမိုကရေစီတည်ဆောက်ကြ" ဘန်နာစာတန်းများ ကိုင်ဆောင်ကာ အညာမြေကိုယ်စားပြုသည့် ထန်းတက်ရာတွင် အသုံးပြုသည့် ပစ္စည်းများ ကိုင်ဆောင်ပြီး စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး သပိတ်မှောက် ချီတက်ဆန္ဒပြခဲ့ကြ‌ကြောင်း သိရှိရသည်။

ဖားကန့်အာဇာနည် ကိုသန့်ဇော် ကျဆုံးခြင်း ၁ နှစ်ပြည့် စစ်အာဏာရှင် ဖြုတ်ချရေး ချီတက် သပိတ်မှောက်

ရန်ကုန်၊ မတ် ၂၇ ကချင်ပြည်နယ်၊ ဖားကန့်မြို့ တွင် မတ်လ ၂၇ ရက်နေ့က ပြည်သူ ၅၀၀ ခန့်ကဖားကန့် လူထု သပိတ် အေးမြ သာယာ သပိတ်စစ်ကြောင်း တွင် ကျဆုံးခဲ့သော အသက် ၁၉ နှစ် အရွယ် ကို...

ဝမ်းတွင်းမှ ကျဆုံးအာဇာနည် သူရဲကောင်း ၂ ဦးအတွက် စစ်အာဏာရှင် ကျဆုံးရေး သွေးမအေးသပိတ်

ရန်ကုန်၊ မတ် ၂၇ ယမန်နှစ် မတ်လ ၂၇ ရက်နေ့ နွေဦးတော်လှန်ရေးတွင်ကျဆုံးသွားသော ဒေါက်တာဖြိုးသန့်ဝေ နှင့် ကိုမင်းမင်းစိုး(ခ)ကိုမင်းမင်း တို့ ကျဆုံးခြင်းတနှစ်ပြည့် ဝမ်းတွင်းမြို့နယ် လူငယ်များ ဦးဆောင်၍ online သွေးမအေးသပိတ်ပြုလုပ်သည်

တောင်ကိုရီးယားနိုင်ငံ၊ ချန်းဝမ်မြို့တွင် ကိုရီးယား- မြန်မာပူးပေါင်းဆန္ဒပြပွဲပြုလုပ်

ရန်ကုန်၊ မတ် ၂၇ တောင်ကိုရီးယားနိုင်ငံ၊ ချန်းဝမ်မြို့တွင် ဒယ်ဂူးဆရာတော် ဦးဆောင်ကာ အကြမ်းဖက် စစ်အာဏာရှင်ဆန့်ကျင်ရေး ၊ NUG ထောက်ခံ‎ရေး ကိုရီးယား- မြန်မာပူးပေါင်းဆန္ဒပြပွဲကို ယနေ့ မတ် ၂၇ ရက်နေ့တွင် ပြုလုပ်ခဲ့ကြသည်။

အင်းစိန်မြို့နယ် ခန်းမရှေ့တွင် “ကျွန်တော်တို့ တရားမျှတမှုကို လိုအပ်တယ်” စာတန်းချိတ်ဆွဲကာ အကြမ်းဖက်စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်

ရန်ကုန်၊မတ် ၂၇ ရန်ကုန်တိုင်း အင်းစိန်မြို့နယ် မြို့နယ်ခန်းမရှေ့တွင် လူငယ်များ စုပေါင်း၍ "ကျွန်တော်တို့ တရားမျှတမှုကို လိုအပ်တယ်"စာတန်းချိတ်ဆွဲကာ အကြမ်းဖက် ဖက်ဆစ်စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတစ်ခုကို ယနေ့ မတ် ၂၇ ရက်နေ့ နံနက်ပိုင်းတွင် ပြုလုပ်ခဲ့ကြသည်။

Latest news

- Advertisement -spot_img