24 C
Yangon
spot_img

CATEGORY

Politics

နယ်မြေ ကျူးကျော်နေသော စစ်ကောင်စီတပ်များကို ဆက်လက်ကူညီပံ့ပိုးနေမည်ဆိုလျှင် BGF တပ်ဖွဲ့ကိုလည်း တိုက်ခိုက်မည်ဟု KNLA တပ်မဟာ ၅ ဗိုလ်မှူးချုပ် ပြော၊ တပ်မဟာ ၅ ကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်နေ

ရန်ကုန်၊ ဇန်နဝါရီ ၁၃ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ နယ်မြေ မူတြော် (ဖာပွန်) ခရိုင်အတွင်းသို့ နယ်မြေသို့ ကျူးကျော်ပြီး စစ်ရေးအုပ်ချုပ်မှုရရန် ကြိုးစားနေသော အကြမ်းဖက်စစ်ကောင်စီတပ်ကို ဆက်လက်ကူညီပံ့ပိုးနေမည်ဆိုလျှင် တပ်မဟာ ၅ ဒေသအတွင်း မည်သည့်နေရာ၌မဆို တိုက်ခိုက်ရတော့မည်ဟု ကရင်နယ်ခြားစောင့်တပ် BGF ကို...

မေမြို့တွင် စစ်အာဏာရှင်ကျဆုံးပါစေ စာသားကို မိုးပျံပူပေါင်းတွင်ချိတ်ဆွဲ၍ လွှတ်တင်

ရန်ကုန်၊ ဇန်နဝါရီ ၁၃ မန္တလေးတိုင်း မေမြို့တွင် ယနေ့ ဇန်နဝါရီလ ၁၃ရက်နေ့ နံနက်တွင် မေမြို့ပင်မ အထွေထွေသပိတ်အင်အားစုမှ စစ်အာဏာရှင်စနစ်ကျ ဆုံးပါစေ စာသားကို မိုးပျံပူပေါင်းတွင် ချိတ်ဆွဲလွှတ်တင်ကာ အကြမ်းဖက် ဖက်ဆစ်စစ်တပ်အမြစ်ပြတ်ရေး လှုပ်ရှားမှုတစ်ရပ် ပြုလုပ်ခဲ့သည်။

ရွှေဘိုတွင် အကြမ်းဖက် ဖက်ဆစ် စစ်တပ်ဆန့်ကျင်ရေး ဆန္ဒပြချီတက်

ရန်ကုန်၊ ဇန်နဝါရီ ၁၃ ရွှေဘိုရှိ ကျေးရွာတစ်ရွာတွင် ပြည်သူများက အကြမ်းဖက် ဖက်ဆစ် စစ်တပ်ဆန့်ကျင်ရေး ဆန္ဒပြခြင်းကို ဇန်နဝါရီ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် ချီတက်ခဲ့ကြသည်။

၀ဏ္ဏမောင်လွင် တက်ဖို့ ပြင်နေတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီး အစည်းအဝေး ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ရ

ရန်ကုန်၊ ဇန်နဝါရီ ၁၂ ကမ္ဘောဒီးယားနိုင်ငံတွင် ဇန်နဝါရီ ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် ပြုလုပ်ရန် စီစဉ်ထားသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို ရက်အကန့် အသတ်မရှိ ရွှေ့ဆိုင်းလိုက်ကြောင်း မလေးရှား နိုင်ငံခြားရေးဝန်ကြီး Datuk Seri Saifuddin Abdullah က ပြောသည်။ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို...

ကနီတွင် စစ်ကောင်စီစစ်ကြောင်းကို DRPA က ၄ နေရာခွဲ၍ မိုင်းခွဲတိုက်ခိုက်ပြီး တိုက်ပွဲဖြစ်ပွား

ရန်ကုန်၊ ဇန်နဝါရီ ၁၃ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ အလယ်ကျွန်းကျေးရွာမှ သရက်တောကျေးရွာသို့ ယမန်နေ့ ဇန်နဝါရီလ ၁၂ ရက် ည ၉ နာရီ ၄၀ မိနစ်တွင် စစ်ကြောင်းထွက်လာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော် DRPA က ၄ နေရာခွဲ၍ မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး နှစ်ဖက်...

မတူပီတွင် စနိုက်ပါဖြင့် စစ်သားနှစ်ဦး ပစ်ခံရပြီးသေဆုံး၊ ကန့်ဘလူတွင် ရှော့ဒုန်းဖြင့်ပစ်ခတ်ခံရ၍ စစ်သား ၂ ဦးသေ၊ လွိုင်ကော်တွင် စစ်သား ၃ ဦးသေ

ရန်ကုန်၊ ဇန်နဝါရီ ၁၃ ချင်းပြည်နယ်၊ မတူပီတွင် စနိုက်ပါဖြင့် ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးသွားကြောင်း CDF မတူပီက သတင်းထုတ်ပြန်သည်။ ဇန်နဝါရီလ ၁၂ ရက်နေ့ ညနေ ၄ နာရီတွင် မတူပီ-ပလက်၀ လမ်းအခြေစိုက် ထယ်ဘွေး တပ်စခန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို...

ထားဝယ်ကို ယနေ့လာမည်ဟု သတင်းထွက်နေသော ဖက်ဆစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို လောင်းလုံးလူငယ်များ အရုဏ်ဦးသပိတ်ဖြင့် ဆဲဆိုကြိုဆို

ရန်ကုန်၊ ဇန်နဝါရီ ၁၃ ထားဝယ်မြို့ကို မင်းအောင်လှိုင် ယနေ့တွင် လာရောက်မည်ဟု သတင်းထွက်‌နေသည့်အချိန်တွင် လောင်းလုံးမြို့နယ်လုံးဆိုင်ရာ အခြေခံပညာကျောင်းသားများသမဂ္ဂနှင့် လူငယ်များပူးပေါင်းပြီး အကြမ်းဖက်ဖက်ဆစ် စစ်ကောင်စီဖြုတ်ချရေး ကြွေးကြော်ကာ စစ်ခေါင်းဆောင်ကို အရုဏ်ဦးသပိတ်ဖြင့် ဆဲဆိုကြိုဆိုကြသည်။

ဖက်ဆစ်စစ်ကောင်စီ ဖြုတ်ချရေး စုန်းချောင်းကျေးရွာတွင် အရုဏ်ဦးသပိတ်ဖြင့် ချီတက်ဆန္ဒပြ

ရန်ကုန်၊ ဇန်နဝါရီ ၁၃ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ စုန်းချောင်းကျေးရွာရှိ တော်လှန်ကျောင်းသားပြည်သူများသည် ဇန်နဝါရီလ ၁၃ ရက် နံနက်တွင် အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီဖြုတ်ချရေး အရုဏ်ဦးသပိတ်ဖြင့် ချီတက်ဆန္ဒပြကြသည်။

ဖလူးလေးကျေးရွာဘက်သို့ အကြမ်းဖက်စစ်ကောင်စီက လက်နက်ကြီးများ ပစ်ခတ်ထိုးစစ်ဆင်နေ၊ လက်နက်ကြီးအချို့ ထိုင်းဘက် ကျရောက်ပေါက်ကွဲ

ရန်ကုန်၊ ဇန်နဝါရီ ၁၂ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ဖလူးလေးကျေးရွာအနီးရှိ DKBA မှ ဗိုလ်စလုံး စခန်းကို ယနေ့ ညနေပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီက လက်နက်ကြီး အများအပြားပစ်ခတ်ကာ မြေပြင်မှလည်း ထိုးစစ်ဆင်တိုက်ခိုက်နေပြီး နှစ်ဖက် တိုက်ပွဲပြင်းထန်နေကြောင်း သတင်းရရှိသည်။ စစ်ကောင်စီက လက်နက်ကြီးများဖြင့် တရစပ်ပစ်ခတ်တိုက်ခိုက်နေပြီး လက်နက်ကြီး ကျည်ဆံ ၁...

DKBA ဗိုလ်စလုံးစခန်းကို စစ်တပ်နှင့် BGF က ဝင်တိုက်၊ ပြင်းပြင်းထန်ထန်ထိုးစစ်ဆင်နေ

ရန်ကုန်၊ ဇန်နဝါရီ ၁၂ ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ သောင်ရင်းမြစ်ကမ်းဘေးရှိ DKBA ဗိုလ်စလုံးစခန်းကို ယနေ့ ညနေ ၅ နာရီဝန်းကျင်မှစတင်ပြီး စစ်တပ်နှင့်BGF က အပြင်း အထန်ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း စစ်ရေးသတင်းရပ်ကွက်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ "ဗိုလ်စလုံးစခန်းကို ဒီနေ့ ညနေ...

Latest news

- Advertisement -spot_img