34 C
Yangon
spot_img

CATEGORY

Politics

ဖားကန့်မှော်ပေါင်းစုံ သပိတ်စစ်ကြောင်း စစ်အာဏာရှင် ဖြုတ်ချရေးချီတက်

ရန်ကုန်၊ မတ် ၂၆ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်လုံးဆိုင်ရာမှော်ပေါင်းစုံသပိတ်စစ်ကြောင်းက ဖက်စစ် စစ်မိစ္ဆာတွေအပြီးတိုင်ကျဆုံး ပျောက်ကွယ် သွားစေဖို့ ဒီနေ့မှာကြွေးကြော် ချီတက်ခဲ့ကြပါတယ် ။

ရန်ကုန်တွင် “တောင်တန်းမြေပြန့် အတူချီတက်၊ ဖက်ဆစ်ဝါဒ အမြစ်ဖြတ်”ကြွေးကြော်သံဖြင့် စစ်အာဏာရှင် ဖြုတ်ချရေး သပိတ်မှောက်

ရန်ကုန်၊ မတ် ၂၆ ရန်ကုန်တွင် မတ်လ ၂၇ရက် ဖက်ဆစ်တော်လှန်‌ရေးနေ့ကို လေးစားဂုဏ်ပြုလျက် ‌တိုင်းရင်းသားလူမျိူးစုံ တောင်တန်းမြေပြန့် သွေးစည်းညီညွတ်စွာဖြင့် ဖက်ဆစ်စစ်အာဏာရှင်နှင့် မတရားဖိနိုပ်မူမှန်သမျှ ပြတ်ပြတ်သားသား ဆန့်ကျင်‌တော်လှန်ကြရန်၊ မတရား လုပ်အားခေါင်းပုံဖြတ်ခံသည့် Food Panda Riders များဘက်မှ ရပ်တည်ကြောင်း ...

ယင်းမာပင်တွင် အကြမ်းဖက် စစ်ကောင်စီ တော်လှန်ရေး ကျေးရွာ ၃ရွာ သပိတ်စစ်ကြောင်း ချီတက် ဆန္ဒပြ

ရန်ကုန်၊ မတ် ၂၆ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်တွင် ကျေးရွာ၃ရွာ သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ မတ်လ ၂၆ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

ရန်ကုန်တွင် မင်းအောင်လှိုင်ပုံ ခြေဖြင့်နင်းကာ ဖက်ဆစ် စစ်တပ် အမြစ်ပြတ် ချေမှုန်းရေး ဆန္ဒပြ

ရန်ကုန်၊ မတ် ၂၆ ရန်ကုန်တွင် လူထုသပိတ်များ၌ ပါဝင်ဆန္ဒပြခဲ့သော ပြည်သူတစ်ဦးမှ "တော်လှန်မျိုးဆက်ပုန်ကန်ရုန်းထွက်" စာတန်းနှင့်အတူ "ကမ္ဘာမကြေဘူး" သီချင်းသီဆိုကာ မင်းအောင်လှိုင်ပုံကို ခြေဖြင့်နင်းပြီး ဖက်ဆစ် စစ်တပ် အမြစ်ပြတ် ချေမှုန်းရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။ Photo - Yangon People's Strike

ရန်ကုန်တွင် ” ဒေါင်းအလံနဲ့ ဖက်ဆစ်သဏ္ဍာန် ဘယ်ခါတည့်ရိုးထုံးစံမရှိ” စာတန်း တကသ ကျောင်းသားများ ချိတ်ဆွဲ

ရန်ကုန်၊ မတ် ၂၆ ရန်ကုန်မြို့တစ်နေရာတွင် ရန်ကုန် အခြေစိုက်တက္ကသိုလ် ကျောင်းသားသမဂ္ဂများ (တကသများ-ရန်ကုန်)မှ ဦးဆောင်ကာ ဖက်ဆစ်တော်လှန်ရေးနေ့ (၇၇) နှစ်ပြည့် အကြိုလှုပ်ရှားမှုအဖြင့် ယနေ့ မတ်ခ ၂၆ ရက်နေ့တွင် " ဒေါင်းအလံနဲ့ ဖက်ဆစ်သဏ္ဍာန် ဘယ်ခါတည့်ရိုးထုံးစံမရှိ" စာတန်း ချိတ်ဆွဲခဲ့ကြောင်း သိရသည်။

စစ်အာဏာရှင် ချေမှုန်းရေး ရန်ကုန်တွင် အားလုံးစုစည်းနေရင်ဘားမှမဖြစ်တဲ့ ပြောက်ကြားသပိတ် ချီတက်ဆန္ဒပြ

ရန်ကုန်၊ မတ် ၂၆ အကြမ်းဖက်စစ်အာဏာရှင် ချေမှုန်းရေးနှင့် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ကိုဖြိုးဇေယျာသော်မွေးနေ့အထိမ်းအမှတ်အဖြစ် 'အားလံးစုစည်းနေရင် ဘာမှမဖြစ်' စာတန်းကို ကိုင်ဆောင်ကာ ယနေ့ မတ်လ ၂၆ ရက်တွင် ရန်ကုန်ရှိ တော်လှန်လူငယ်များဆန္ဒပြကြသည်။စစ်ကောင်စီမှကျင်းပမည့် ဖက်ဆစ်တော်လှန်ရေးနေ့အခမ်းနားတက်ရောက်ရန် ရုရှား ဒုဝန်ကြီး မြန်မာနိုင်ငံထဲ ရောက်ရှိနေချိန်တွင် ယူကရိန်းအလံကို ပင့်မြှောက်လာ၍ |...

စစ်အာဏာရှင်ဖြုတ်ချရေး ၄၁၂ ရက်မြောက် သပိတ်စစ်ကြောင်း ချီတက်ဆန္ဒပြ

ရန်ကုန်၊ မတ် ၂၆ အကြမ်းဖက် စစ်အာဏာရှင် အမြစ်ဖြတ် ဖြုတ်ချရေး စစ်ကိုင်းတိုင်း၊ ကလေးမြို့ရှိ တော်လှန်ကျောင်းသားပြည်သူများသည် မတ်လ ၂၆ ရက်တွင် ၄၁၂ ရက်မြောက် သပိတ်စစ်ကြောင်းဖြင့် လှည့်လည်ချီတက်ဆန္ဒပြကြသည်။

အကြမ်းဖက်စစ်အာဏာရှင် ချေမှုန်းရေး ယင်းမာပင်ခရိုင် ရွာပေါင်းစုံသပိတ်စစ်ကြောင်း ချီတက်ဆန္ဒပြ

ရန်ကုန်၊ မတ် ၂၆ အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင် ချေမှုန်းရေး ယင်းမာပင်အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြောက်ခြမ်း ကျေးရွာပေါင်းစုံက လူထုအင်အား ပိုမိုအားကောင်းစွာဖြင့် ၃၈၁ ရက်မြောက် သပိတ်စစ်ကြောင်း ယနေ့ မတ်လ ၂၆ ရက်တွင် လှည့်လည်ကြွေးကြော်ဆန္ဒပြကြသည်။

ရန်ကုန် လှိုင်တွင် “စစ်ခွေးကိုမောင်း စနစ်ကိုပြောင်း” ဖက်ဆစ် စစ်တပ် ဝတ်စုံ မီးရှို့ပြီး ချီတက် ဆန္ဒပြ

ရန်ကုန်၊ မတ် ၂၅ ရန်ကုန် လှိုင်မြို့နယ်တွင် ရန်ကုန်လူထုသပိတ် မှ ပြည်သူများနှင့် အတူ "စစ်ခွေးကိုမောင်း စနစ်ကိုပြောင်း" နှင့် "ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်" စာတန်းများ ကိုင်ဆောင်ကာ ဖက်ဆစ် စစ်တပ် ဝတ်စုံ မီးရှို့ပြီး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

မုံရွာတွင် အကြမ်းဖက် စစ်အာဏာရှင် တော်လှန်ရေး လက်ပံတောင်းတောင် ပြည်သူများ ချီတက် ဆန္ဒပြ

ရန်ကုန်၊ မတ် ၂၅ မုံရွာတွင် လက်ပံတောင်းတောင် ဒေသခံပြည်သူများ ဦးဆောင်ကာ ယနေ့ မတ်လ ၂၅ ရက်နေ့တွင် အကြမ်းဖက် စစ်အာဏာရှင် တော်လှန်ရေး "တောင်တန်းမြေပြန့် အတူချီတက် ဖက်ဆစ်ဝါဒ အမြစ်ဖြတ်" စာတန်းကိုင်ဆောင်ကာ ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။Photo- Black Ko

Latest news

- Advertisement -spot_img