30.8 C
Yangon
spot_img

CATEGORY

Politics

ဗိုလ်ထထောင်မြို့နယ်တွင်းရှိ အထက ကျောင်း ၂ ခုနှင့် ယာဉ်ထိန်းရဲကင်းတွင် ဆေးနီမှုတ်၍ စစ်အာဏာရှင်နှင့် စစ်ကျွန်ပညာဆန့်ကျင်ရေးပြုလုပ်

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၇ ရန်ကုန်၊ ဗိုလ်တထောင်မြို့နယ်ရှိ အထက ၄၊ အထက ၆ ကျောင်းရှေ့များနှင့် ယာဉ်ထိန်းရဲကင်းတွင် အခြေခံပညာကျောင်းသားများရေးရာအဖွဲ့များဖြစ်သည့် ဗိုလ်တထောင်(၄)အ.က.ရ ၊ ဗိုလ်တထောင်(၆)အ.က.ရ ၊ မင်္ဂလာတောင်ညွှန့်(အ.က.ရ) တို့ ပူးပေါင်းကာ ယနေ့ ဖေဖေါ်ဝါရီလ ၇ ရက်တွင် ဆေးနီများမှုတ်ကာ စစ်အာဏာရှင်...

ဂျာမနီနိုင်ငံတွင် မြန်မာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြ

ရန်ကုန်၊ ဖေဖော်ဝါရီ ၇ ဂျာမနီနိုင်ငံ ဖရန့်ဖွတ်မြို့တွင် ဖေဖော်ဝါရီလ ၆ရက်နေ့ အကြမ်းဖက် မြန်မာ စစ်အာဏာရှင် ဆန့်ကျင်ရေး ပြည်ပရောက် မြန်မာနိုင်ငံသားများနှင့် ဂျာမနီနိုင်ငံသားများ ပူးပေါင်း ဆန္ဒပြခဲ့ကြောင်း သိရသည်။

ဒီပဲယင်းတွင် ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး ဒေသခံပြည်သူများ ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဖေဖော်ဝါရီ ၇ ဒီပဲယင်းမြို့နယ်တွင် ဒေသခံပြည်သူများ ဦးဆောင်ကာ ယနေ့ ဖေဖော်ဝါရီလ ၇ရက်နေ့တွင် ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

ယင်းမာပင် မြောက်ယမား တံတားပေါ်တွင် “ဆံချည်တမျှင်မျှ နောက်မဆုတ်နဲ့ ဆက်တိုက်” စာတန်း ချိတ်ဆွဲ

ရန်ကုန်၊ ဖေဖော်ဝါရီ ၇ ယင်းမာပင်မြို့နယ် မြောက်ယမားတံတားပေါ်တွင် တော်လှန်လူငယ်များ ဦးဆောင်ကာ ယနေ့ ဖေဖော်ဝါရီလ ၇ရက်နေ့တွင် ဖက်ဆစ် စစ်ကောင်စီ ဆန့်ကျင်ရေး "ဆံချည်တမျှင်မျှ နောက်မဆုတ်နဲ့ ဆက်တိုက်" စာတန်း ချိတ်ဆွဲခဲ့ကြောင်း သိရသည်။

ယင်းမာပင်တွင် စစ်ကောင်စီ တော်လှန်ရေး ရွာပေါင်းစုံ သပိတ်စစ်ကြောင်း ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဖေဖော်ဝါရီ ၇ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် ရွာပေါင်းစုံ သပိတ်စစ်ကြောင်းက ဦးဆောင်ကာ ယနေ့ ဖေဖော်ဝါရီလ ၇ရက်နေ့တွင် ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး ချီတက် ဆန္ဒပြကြောင်း သိရှိရသည်။

ဖားကန့်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ် ၁ နှစ်ပြည့် နှင့် KIA PDF NUG ထောက်ခံပွဲ ချီတက်

ရန်ကုန်၊ ဖေဖော်ဝါရီ ၇ ကချင်ပြည်နယ်၊ ဖားကန့်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ် ၁ နှစ်ပြည့်နှင့် KIA၊ PDF ၊ NUG ထောက်ခံပွဲအဖြစ် ပြည်သူ ၆၀၀ ကျော်က အင်အားပြည့် ချီတက် ဆန္ဒပြကြသည်။ဖေဖော်ဝါရီ ၇ ရက်နေ့ အင်တာနက်ဖြတ်တောက်ခံထားရသည့် ၆ လပြည့်...

နွေဦးအတွက် တပ်လှန့်သံလား

By လမ်းသစ် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA)သည် အစဉ်အလာကြီးမားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တစ်ခု ဖြစ်သည်။ KIO ဥက္ကဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက ၆၁ နှစ်မြောက် ကချင်တော်လှန်ရေး အခမ်းအနားတွင် ပြောကြားခဲ့သည့် မိန်.ခွန်းက နွေဦးတော်လှန်ရေးအတွက် ခွန်အားဖြစ်စေခဲ့သည်။KIO အနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နှင့် လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း...

ရန်ကုန်တွင် မင်းအောင်လှိုင်နှင့် စစ်အုပ်စုဝင်များ ပုံကို မီးရှို့၍ စစ်အာဏာရှင်ဆန့်ကျင်ရေးပြုလုပ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၇ ရန်ကုန်မြို့တစ်နေရာတွင် အခြေခံပညာကျောင်းသားများရေးရာအဖွဲ့များဖြစ်သည့် ဗိုလ်တထောင်(၄)အ.က.ရ ၊ ဗိုလ်တထောင်(၆)အ.က.ရ ၊ မင်္ဂလာတောင်ညွှန့်(အ.က.ရ) တို့ ပူးပေါင်းကာ “စစ်ခွေးအပေါင်းကြောက်ဒူးတုန်စေ” စာသားဖြင့် မင်းအောင်လှိုင်နှင့် စစ်အုပ်စုဝင်များ ပုံ မီးရှို့ကာ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုကို ယနေ့ ဖေဖော်ဝါရီ ၇ ရက်နေ့တွင် ပြုလုပ်သည်။

ရန်ကုန်တွင် စစ်တပ်က ဗီနိုင်းချိတ်ဆွဲသည့် ဆန္ဒပြလူငယ်တစ်ဦးကို ပစ်သတ်ခဲ့သော်လည်း အာဏာရှင် ဆန့်ကျင်ရေး ပိုစတာ ချိတ်ဆွဲ လှုပ်ရှားမှု ဆက်လုပ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၇ရန်ကုန်၊ အင်းလျားကန်ဘော်တွင် ယမန်နေ့ စစ်ကောင်စီတပ်ဖွဲ့များက ဗီနိုင်းချိတ်ဆွဲပြီး ဆန္ဒပြသ့် လူငယ်တစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သော်လည်း ယနေ့ ဖေဖော်ဝါရီလ ၇ ရက်နေ့ ရန်ကုန်မြို့ တစ်နေရာတွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က စစ်အာဏာရှင် ဆန့်ကျင်ရေး ပိုစတာချိတ်ဆွဲပြီး အာဏာရှင် ကျဆုံးရေး...

ယင်းမာပင်မြို့နယ်တွင် စစ်ကောင်စီချေမှုန်းရေး ဆန္ဒပြကြပြီးတော်လှန်ရေးအတွင်း ကျဆုံး PDF ရဲဘော် ၂ ဦးကို ချီတက်အလေးပြု

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၆ယင်းမာပင်မြို့နယ်၊ ကျေးရွာ ၁ ရွာတွင် ပြည်သူများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ပူးပေါင်းကာ ယနေ့ ဖေဖေါ်ဝါရီလ ၇ ရက်၌ အကြမ်းဖက် စစ်ကောင်စီ ချေမှုန်းရေး ကြွေးကြော်ဆန္ဒပြကြပြီး အနက်ရောင်များ ဆင်တူဝတ်ဆင်ကာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် ကျဆုံးခဲ့သော ရဲဘော်...

Latest news

- Advertisement -spot_img