26.5 C
Yangon

ရက္ခိုင်ပြည်သူများ၏ နိုင်ငံရေး ရည်မှန်းချက်ကို မရရှိပါက နိုင်ငံတကာနှင့်ပူးပေါင်းပြီး အမျိုးသားနိုင်ငံတော်ကို ထူထောင်မည်ဟု ULA/AA ပြော

Must read

Western News- မတ် ၅ ရက်

ရက္ခိုင်ပြည်သူများ လိုလားသည့် နိုင်ငံရေးမျှော်မှန်းချက်အားရရှိရန် လက်ရှိမြန်မာနိုင်ငံအတွင်း နေရာမရှိပါက ရက္ခိုင်လူထုနှင့် ULA/AA ၏ နိုင်ငံရေး ရည်းမှန်းချက်ဖြစ်သည့်အမျိုးသားနိုင်ငံတော်သို့ နိုင်ငံတကာအသိုင်းအဝန်းနှင့် ပူးပေါင်းကာ ကိုယ်တိုင်ဖန်တီးတည်ဆောက်သွားမည်ဟု ပြောသည်။

ယနေ့ မတ်လ ၅ ရက်နေ့ ပထမဆုံးအကြိမ်အဖြစ် အွန်လိုင်းမှတဆင့် သတင်း စာရှင်းလင်းပွဲ ပြုလုပ်ခဲ့ရာ ULA /AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့လိုချင်တဲ့ နိုင်ငံရေးအဆင့်အတန်းကို ဒီပြည်ထောင်စုထဲမှာ နေရာမရှိဘူးဆိုရင်တော့ ကျွန်တော်တို့ကိုယ်တိုင် ဖန်တီးပြီးတော့ ကျွန်တော်ရဲ့ အစိုးရနဲ့ ကျွန်တော်တို့၏ အနာဂတ်အမျိုးသားနိုင်ငံတော်ကို ကျွန်တော်တို့ကိုယ်တိုင်ဆက်ပြီးတော့ နိုင်ငံတကာနဲ့အတူလက်တွဲပြီး တည်ဆောက်သွားရမှာဖြစ်တယ်” ဟုပြောကြားခဲ့သည်။

ရခိုင်ပြည်သူလူထုနှင့် ULA/AA တို့ လိုလားသည့် နိုင်ငံရေး ရည်မှန်းချက်ကို မြန်မာနိုင်ငံအဝိုင်းအဝန်းတွင် ဖန်တီးရရှိနိုင်မည်ဆိုပါက ပြည်ထောင်စုထဲတွင် တိုင်းရင်းသားများနှင့်အတူ ရှိနေမည်ဟုလည်း ပြောခဲ့သည်။

ရခိုင်ပြည်နယ်တွင် ULA/AA အနေဖြင့် ၂၀၂၀၊ ၂၀၂၁ ခုနှစ်အတွင်း အမှုပေါင်း ၃၈၀၀ လက်ခံရရှိခဲ့ပြီး အမှု ၅၀ ရာခိုင်းနှုန်းလောက်ကို ဖြေရှင်းနိုင်ခဲ့ပြီဟုလည်း သိရသည်။

ULA/ AA ၏ပထမအကြိမ်သတင်းစာရှင်းလင်းပွဲကို မတ် ၅ ရက်နေ့နံနက်ပိုင်းတွင် အွန်လိုင်းမှတဆင့် ရခိုင်ဘာသာစကားဖြင့်ပြုလုပ်ခဲ့ပြီး သတင်းဌာန ၂၀ ဝန်းကျင်လောက် တက်ရောက်ခဲ့သည်။

(Western News-WN သည် ရန်ကုန်ခေတ်သစ် မဟာမိတ်ဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article