28 C
Yangon
spot_img

CATEGORY

Politics

ယင်းမာပင်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ၂ခြောက်လုံး လူထု လှုပ်ရှားမှုအဖြစ် ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂ ယင်းမာပင်မြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာတွင် ဒေသခံပြည်သူများ ဦးဆောင်ကာ ယနေ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ၂ခြောက်လုံး လူထု လှုပ်ရှားမှုအဖြစ် ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

မကွေးတွင် ဘီလုံးပြောက်ကျား တပ်ဖွဲ့ဝင်များ စစ်အာဏာရှင် ဆန့်ကျင်ရေး ၂ခြောက်လုံး လူထုလှုပ်ရှားမှု အဖြစ် ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂ မကွေးတွင် ဘီလုံးပြောက်ကျား တပ်ဖွဲ့ဝင်များ ဦးဆောင်ကာ ယနေ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ၂ခြောက်လုံး လူထုလှုပ်ရှားမှု အဖြစ် ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

ပေါက်တွင် ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး ၂ခြောက်လုံး လူထုသပိတ် ချီတက် ဆန္ဒပြပွဲကို PDF တပ်ဖွဲ့များ လိုက်ပါဝန်းရံ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂ မကွေးတိုင်း ပေါက်မြို့နယ်တွင် ဒေသခံပြည်သူများ ဦးဆောင်ကာ ယနေ့ ဖေဖော်ဝါရီလ ၂၂ရက်နေ့တွင် ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး ၂ခြောက်လုံး လူထုသပိတ် ချီတက် ဆန္ဒပြပွဲကို ပေါက်မြို့နယ် PDF တပ်ပေါင်းစုက လိုက်ပါဝန်းရံခဲ့ကြောင်း သိရသည်။

တင်းတိန်ရံတွင် ” ပြန်လည်စုရုံး နှစ်ခြောက်လုံး” သပိတ်ချီတက်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂ စစ်ကိုင်းတိုင်း ရေဦးမြို့နယ် တင်းတိန်ရံတွင် ပြည်သူများ စုပေါင်းကာ " ပြန်လည်စုရုံး နှစ်ခြောက်လုံး" သပိတ်ချီတက်၍ အကြမ်းဖက်ဖက်ဆစ် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခဲ့ကြသည်။

ဆားလင်းကြီးတွင် အကြမ်းဖက် စစ်အာဏာရှင်တော်လှန်ရေးညသပိတ်နှင့် နိုင်ငံရေးတရားဟောပြောခြင်း ပြုလုပ်

ရန်ကုန်၊ဖေဖော်ဝါရီ ၂၂ စစ်ကိုင်းတိုင်း ဆားလင်းကြီး မြို့နယ် ကျေးရွာတစ်ရွာမှ သပိတ်စစ်ကြောင်းတစ်ခုသို့ မုံရွာပင်မသပိတ်၊မုံရွာတက္ကသိုလ်ကျောင်းသား သမဂ္ဂနှင့် ယင်းမာပင် ဆားလင်းကြီး ရွာပေါင်းစုံသပိတ်ဦးဆောင်ကော်မတီတို့ ပူးပေါင်းချီတက်ကာ နိုင်ငံရေးတရားများ ဟောပြောခြင်းနှင့် ညသပိတ်ကို ယနေ့ဖေဖော်ဝါရီ ၂၂ ရက် ညပိုင်းတွင် ပြုလုပ်ခဲ့သည်။

ပုလဲတွင် ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး ၂ခြောက်လုံး လူထု လှုပ်ရှားမှုအဖြစ် ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂ ပုလဲတွင် ဒေသခံပြည်သူများ ဦးဆောင်ကာ ယနေ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး ၂ခြောက်လုံး လူထု လှုပ်ရှားမှုအဖြစ် ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။Photo - ပုလဲလူထု သပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ

လောင်းလုံးတွင် ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး ၂ခြောက်လုံး လူထု လှုပ်ရှားမှု အဖြစ် ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာတွင် ဒေသခံပြည်သူများ ဦးဆောင်ကာ ယနေ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး ၂ခြောက်လုံး လူထု လှုပ်ရှားမှု အဖြစ် ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

ဒီပဲယင်းတွင် ၂ခြောက်လုံး လူထု လှုပ်ရှားမှုအဖြစ် အကြမ်းဖက် စစ်ကောင်စီ တော်လှန်ရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂ ဒီပဲယင်းတွင် ဒေသခံပြည်သူများ ဦးဆောင်ကာ ယနေ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ၂ခြောက်လုံး လူထု လှုပ်ရှားမှုအဖြစ် အကြမ်းဖက် စစ်ကောင်စီ တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။ Photo - ဒီပဲယင်းမြို့နယ် တော်လှန်ရေး...

အရာတော်တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး “ပြန်လည်စုရုံး ၂ခြောက်လုံး ကျေးလက်ပုန်ကန် မြို့ပြဖီဆန်” ၅/အရာတော် သပိတ်စစ်ကြောင်း ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂ အရာတော်တွင် ကျေးရွာပေါင်းစုံက ဒေသခံပြည်သူများ ပါဝင်သည့် ၅/အရာတော် သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဖေဖော်ဝါရီလ ၂၂ရက်နေ့တွင် "ပြန်လည်စုရုံး ၂ခြောက်လုံး ကျေးလက်ပုန်ကန် မြို့ပြဖီဆန်" ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

မုံရွာတွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ၂ခြောက်လုံး လူထုလှုပ်ရှားမှု အဖြစ် ညသပိတ် ပြုလုပ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂ မုံရွာရှိ ကျေးရွာတစ်ရွာတွင် ဒေသခံပြည်သူများ ဦးဆောင်ကာ ယနေ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့၌ စစ်အာဏာရှင် ဆန့်ကျင်ရေး ၂ခြောက်လုံး လူထုလှုပ်ရှားမှု အဖြစ် ညသပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

Latest news

- Advertisement -spot_img