25.7 C
Yangon
spot_img

CATEGORY

Politics

ထိုင်းနှင့်ကမ္ဘောဒီးယား စစ်ပွဲကြောင့် ထိုင်းမျိုးချစ်အဖွဲ့က ဘန်ကောက်မြို့တွင် ကမ္ဘောဒီးယားအလုပ် သမားများကို ရှာဖွေ တိုက်ခိုက်နေရာတွင် မြန်မာအလုပ်သမားတချို့ပါ စစ်ဆေး ထိုးကြိတ်ခံရ

ရန်ကုန်၊ ဇူလိုင် ၂၅ ထိုင်းနှင့်ကမ္ဘောဒီးယား စစ်ပွဲကြောင့် ထိုင်းမျိုးချစ်အဖွဲ့က ဘန်ကောက်မြို့တွင် ကမ္ဘောဒီးယားအလုပ် သမားများကို ရှာဖွေ တိုက်ခိုက်နေရာတွင် မြန်မာအလုပ်သမားတချို့ပါ စစ်ဆေး ထိုးကြိတ်ခံနေရကြောင်း ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့ ဇူလိုင်လ ၂၄ ရက်နေ့ ညနေပိုင်း ဘန်ကောက်မြို့ ၊ စမွတ်ပရကန်ခရိုင်အတွင်းရှိ...

တောင်သာမြို့နယ်၊ တပင်ကန်ရွာရှိ ရေအောင်မြင် ဘုန်းကြီးကျောင်းအနီး တပ်စွဲ ဂိတ်ချထားသော စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်သား ၅ ဦး သေဆုံး

ရန်ကုန်၊ ဇူလိုင် ၂၄ မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ တပင်ကန်ကျေးရွာ ရေအောင်မြင်ဘုန်းကြီးကျောင်းအနီး တပ်စွဲဂိတ်ချထားသော အကြမ်းဖက် စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့် တိုက်ခိုက်ရာ စစ်သား ၅ ဦး သေဆုံးခဲ့ကြောင်း Myingyan District Army-3 Drone Team မှ မြင်းခြံခရိုင် ဒရုန်းတပ်ဖွဲ့ ခေါင်းဆောင်...

မတ္တရာနှင့် ပုသိမ်ကြီး ရှိ တော်လှန်ရေး တပ်ဖွဲ့များ ထိန်းချုပ်ထားသော နေရာများကို စစ်တပ်က ထိုးစစ်ဆင် တိုက်ခိုက်နေပြီး ဒု-ဗျူဟာမှူး ဟု ယူဆရသော ဖြိုးကျော် ရုပ်အလောင်း အပါအဝင် စစ်သား ၇ ဦး၏ အလောင်းများ ထပ်မံ သိမ်းဆည်းရရှိ

ရန်ကုန်၊ ဇူလိုင် ၂၄ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်နှင့် ပုသိမ်ကြီးမြို့နယ်ရှိ တော်လှန်ရေး တပ်ဖွဲ့များ ထိန်းချုပ်ထားသော နေရာများကို အကြမ်းဖက် စစ်တပ်က ထိုးစစ်ဆင် တိုက်ခိုက်နေပြီး ဒု-ဗျူဟာမှူးဟု ယူဆရသော ဖြိုးကျော် ရုပ်အလောင်း အပါအဝင် စစ်သား ၆ ဦး၏ အလောင်းများ ထပ်မံ သိမ်းဆည်းရရှိခဲ့ကြောင်း...

ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆင်က စစ်ဆင်ရေးများကို ကြီးကြပ်ကွပ်ကဲနေပြီး လေယာဉ်ဖြင့် ထွက်ပြေးပြီဆိုသော သတင်းများကို ဓာတ်ပုံများ ထုတ်ပြန်ငြင်းပယ်၊ ကမ္ဘောဒီးယား၏ ပစ်ခတ်မှုကြောင့် ထိုင်း ပြည်သူ ၁၁ ဦးနှင့် ထိုင်းစစ်သား ၁ ဦးသေဆုံး

ရန်ကုန်၊ ဇူလိုင် ၂၄ အာဏာရှင် ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆင်က ထိုင်းနိုင်ငံနှင့် စစ်ဆင်ရေးများကို ၎င်းကိုယ်တိုင် ကြီးကြပ်ကွပ်ကဲနေပြီး လေယာဉ်ဖြင့် ထွက်ပြေးပြီဆိုသော ထိုင်းသတင်းများကို ဓာတ်ပုံများ ထုတ်ပြန်ငြင်းပယ်လိုက်သည်။ ယနေ့တွင် ထိုင်းသတင်းဌာနများက ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆင်သည် လေယာဉ်ဖြင့် တရုတ်နိုင်ငံသို့ ထွက်ခွာသွားပြီဆိုသော သတင်းများကို ဖော်ပြပြီးနောက် ဟွန်ဆင်က သူ၏...

ရွှေဘိုမြို့နယ် လမ်းမထက်တစ်နေရာတွင် စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်ချီတက်

ရန်ကုန်၊ ဇူလိုင် ၂၃ ရွှေဘိုမြို့နယ် လမ်းမထက်တစ်နေရာတွင် ကိုဖြိုးဇေယျာသော်၊ ကိုကျော်မင်းယု(ခ)ကိုဂျင်မီ၊ ကိုအောင်သူရဇော်၊ ကိုလှမျိုးအောင် တို့လေးဦး အကြမ်းဖက်စစ်ကောင်စီ၏ မတရား ကြိုးပေးသတ်ဖြတ်ခြင်းခံရတာ ၃ နှစ်ပြည့်နှင့် မဝတ်ရည်အောင်(ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂဗဟိုအလုပ်အမှုဆောင်) ထောင်တွင်းအကြမ်းဖက်နှိပ်ဆက်ခံရ၍ကျဆုံးခြင်း အတွက် စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်ချီတက်ခဲ့ကြောင်း သိရှိရသည်။ အဆိုပါ သပိတ်တွင် "ငါတို့မြေကြီးဖြစ်ခဲ့ရင်တောင်...

မန္တလေးမြို့အနီးရှိ တော်လှန်ရေး တပ်ဖွဲ့များ သိမ်းပိုက်ထားသော သရက်ကိုင်းနှင့် မြကန်သာ ရွာဘက်ကို စစ်တပ်က လက်နက်ကြီးများဖြင့် ယနေ့ ညနေပိုင်းမှ စ၍ ဆက်တိုက် ပစ်ခတ် တိုက်ခိုက်နေ

ရန်ကုန်၊ ဇူလိုင် ၂၃ မန္တလေးမြို့အနီးရှိ တော်လှန်ရေး တပ်ဖွဲ့ဝင်များ သိမ်းပိုက်ထားသော သရက်ကိုင်း နှင့် မြကန်သာ ရွာဘက်ကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ယနေ့ ညနေပိုင်းမှ စ၍ ဆက်တိုက် ပစ်ခတ် တိုက်ခိုက်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဇူလိုင်လ...

ရောင်နီ Live in U.S Tour ၄ ပွဲမှ ရရှိလာသည့် ရန်ပုံငွေ အကျိုးအမြတ်အားလုံး စုစုပေါင်း မြန်မာငွေကျပ် သိန်း ၁ သောင်း ၁ ထောင်ကျော်ခန့်ကို ထောက်ပို့ပေးခဲ့ပြီးဖြစ်၊ Live in Texas ပွဲမှ အမေရိကန်ဒေါ်လာ ၇...

ရန်ကုန်၊ ဇူလိုင် ၂၂ ရောင်နီ Live in U.S Tour ၄ ပွဲမှ ရရှိလာသည့် ရန်ပုံငွေ အကျိုးအမြတ်အားလုံး စုစုပေါင်း မြန်မာငွေကျပ် သိန်း ၁ သောင်း ၁ ထောင်ကျော်ခန့်ကို ထောက်ပို့ပေးခဲ့ပြီးဖြစ်ကြောင်း၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျင်းပသည့်...

ယင်းမာပင်မြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် စစ်အာဏာရှင်စနစ်ကို အလိုမရှိကြောင်း ချီတက်ဆန္ဒပြ

ရန်ကုန်၊ ဇူလိုင် ၂၁ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် ပြည်သူလူထုနှင့် ပြည်သူ့အားမာန်သပိတ်မှ ရဲဘော်များက စစ်အာဏာရှင်စနစ်ကို အလိုမရှိကြောင်း ချီတက်ဆန္ဒပြခဲ့ကြသည်။

တောင်ကိုရီးယားနိုင်ငံတွင် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး၊ တရားမဲ့ရွေးကောက်ပွဲဆန့်ကျင်ရေး လမ်းလျှောက်ချီတက် ဆန္ဒပြပွဲပြုလုပ်

ရန်ကုန်၊ ဇူလိုင် ၂၁ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့၌ တောင်ကိုရီးယားသမ္မတရုံးနှင့် မျက်နှာချင်းဆိုင်၊ စစ်သမိုင်းပြတိုက်ရှေ့တွင် ဇူလိုင်လ ၂၀ရက်နေ့ မွန်းလွဲ ၁နာရီမှ ညနေ ၄နာရီအထိ မြန်မာ့အရေးသတင်းစာရှင်းလင်းပွဲ၊ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး၊ တရားမဲ့ရွေးကောက်ပွဲဆန့်ကျင်ရေး လမ်းလျှောက်ချီတက် ဆန္ဒပြပွဲပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ အဆိုပါပွဲကို မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်းချုပ် (MFDMC)၊ မြန်မာစစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ (ကိုရီးယား) ၊...

စစ်မှုထမ်းအပတ်စဉ် ၁ ခုလျှင် လူ ၄၀၀၀ အနည်းဆုံးရရှိရေး စစ်တပ်က လူငယ်မှန်သမျှကို ဖမ်းဆီးနေ၍ စစ်မှုထမ်းတပ်သားသစ်များ ပြည်သူ့ရင်ခွင်ခိုလှုံကြရန် NUG က ဖိတ်ခေါ်

စစ်မှုထမ်းတပ်သားသစ်များ အလင်းဝင်ရန် ဆက်သွယ်နိုင်သော နည်းလမ်းများကိုပါ NUGက ကြေညာ ရန်ကုန်၊ ဇူလိုင် ၂၁ အကြမ်းဖက် စစ်ကောင်စီက စစ်မှုထမ်းအပတ်စဉ် ၁ ခုလျှင် လူ ၄၀၀၀ အနည်းဆုံးရရှိရေး စစ်တပ်က လူငယ်မှန်သမျှကို ဖမ်းဆီးနေ၍ စစ်မှုထမ်းတပ်သားသစ်များ ပြည်သူ့ရင်ခွင်ခိုလှုံကြရန် အမျိုးသားညီညွတ်ရေးအစိုးရ- NUG က ယနေ့...

Latest news

- Advertisement -spot_img