27 C
Yangon
spot_img

CATEGORY

Politics

NUG အစိုးရထောက်ခံကြိုဆိုကြောင်းနှင့် ဖက်ဆစ်စစ်တပ်ဖြုတ်ချရေး ရွှေဘိုတွင် ချီတက်ဆန္ဒပြ

ရန်ကုန်၊ ဇန်နဝါရီ ၁၄ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ထောက်ခံကြိုဆိုကြောင်းနှင့် အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီ အမြစ်ဖြတ် ဖြုတ်ချရေး စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ကျေးရွာ ၁ ရွာရှိ တော်လှန်ပြည်သူများသည် ဇန်နဝါရီလ ၁၄ ရက် နံနက်တွင် လှည့်လည်ချီတက်ဆန္ဒပြကြသည်။

မြန်မာအရေးကြောင့် Total၊ Chevron အပါအဝင် စွမ်းအင်ကုမ္ပဏီကြီးများ ရင်းနှီးမြှုပ်နှံသူများ၏ ဖိအားပေးမှုနှင့် ရင်ဆိုင်နေရ

By ရန်ကုန်ခေါတ်သစ် နိုင်ငံတကာစွမ်းအင်ကုမ္ပဏီကြီးတွေအနေနဲ့ မြန်မာနိုင်ငံအတွင်းရှိ ၎င်းတို့ရဲ့လုပ်ငန်းများနဲ့ ပတ်သက်၍ ယခုနှစ်အတွင်း ရင်းနှီးမြှုပ်နှံသူတွေရဲ့ ဆက်သွယ်မေးမြန်း ဖိအားပေးခြင်းများနဲ့ သိသိသာသာ ရင်ဆိုင်လာရဖွယ်ရှိပြီး ရင်းနှီးမြှုပ်နှံသူများရဲ့ အာရုံစိုက်မှုဗဟိုချက်သို့ ရောက်ရှိလာနေပြီ ဖြစ်တယ် လို့  Responsible Investor (RI) သတင်းမှာ ဖော်ပြလိုက်ပါတယ်။  အဆိုပါစွမ်းအင်ကုမ္ပဏီကြီးတွေဟာ မြန်မာနိုင်ငံတွင်းရှိ ၄င်းတို့ရဲ့ လုပ်ငန်းတွေနဲ့ပတ်သတ်ပြီး...

လွိုင်ကော်မြို့ထဲတွင် ဆိုင်ကယ်စီး ပြည်သူတစ်ဦး ဦးခေါင်းတေ့၍ ပစ်သတ်ခံထားရ၊ စစ်တပ်လက်ချက်ဟု ဒေသခံတချို့ပြောဆို

ရန်ကုန်၊ ဇန်နဝါရီ ၁၄  ကရင်နီပြည်နယ်၏ မြို့တော် လွိုင်ကော်မြို့ထဲတွင် ဆိုင်ကယ်စီးနင်းလာသော ပြည်သူတစ်ဦးကို ယမန်နေ့က ဦးခေါင်းတေ့၍ ပစ်သတ်ထားပြီး အဆိုပါ အ လောင်းမှာ ကောက်သူမရှိဘဲ ယနေ့ ဇန် နဝါရီလ ၁၄ ရက်နေ့ နံနက်ပိုင်းအထိ ရှိနေဆဲဖြစ်ကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။  "လွိုင်ကော်မင်္ဂလာရပ်ကွက်၊...

လွိုင်ကော်တွင် စစ်ကောင်စီတပ်နှင့် KNDF၊ PDF ပူးပေါင်းတပ်များ နေ့စဉ်တိုက်ပွဲဖြစ်၊ စစ်ကောင်စီအလောင်းများ ကောက်ယူမည့်သူမရှိ၍ သဂြိုလ်ပေးရ

ရန်ကုန်၊ ဇန်နဝါရီ ၁၃  ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် KNDF ၊ PDF ပူးပေါင်းတပ်များ နေ့စဉ် တိုက်ပွဲဖြစ်လျက်ရှိပြီး တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ သေဆုံးသွားသူများ၏ အလောင်းများကို ကောက်ယူမည့်သူမရှိ၍ KNDF က လူသားဂုဏ်သိက္ခာနှင့်အညီ သဂြိုလ်ပေးလျက်ရှိကြောင်း KNDF က သတင်းထုတ်ပြန်သည်။  ယနေ့ နံနက်ပိုင်း...

တီးတိန်၊ ပုလဲ၊ ကနီနှင့် KNU တပ်မဟာ ၅ တို့တွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်၊ စစ်ကောင်စီတပ်သား ၁၆ ဦးသေဆုံးဟုဆို

ရန်ကုန်၊ ဇန်နဝါရီ ၁၃  ချင်းပြည်နယ်၊ တီးတိန်၊ စစ်ကိုင်းတိုင်း၊ ပုလဲနှင့်ကနီမြို့နယ်၊ ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ တို့တွင် တိုက်ပွဲများဆက်တိုက်ဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီတပ်သား ၁၆ ဦးသေဆုံးကြောင်း သက်ဆိုင်ရာ တပ်ဖွဲ့များက သတင်းထုတ်ပြန်သည်။  ဇန်နဝါရီလ ၁၃ရက်နေ့ နံနက် ၁၀နာရီ ခန့်အချိန် ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့နယ်...

မြန်မာစစ်ကောင်စီ၏ ဝင်ငွေရလမ်း သဘာ၀ဓာတ်ငွေ့အခွန်ငွေကို ပိတ်ဆို့ရန် အမေရိကန်နှင့် ပြင်သစ်သမ္မတထံ နိုင်ငံတကာ ကရင်အဖွဲ့ ၆၇ ခုက စာပို့တောင်းဆို

ရန်ကုန်၊ ဇန်နဝါရီ ၁၃  မြန်မာစစ်ကောင်စီ၏ ဝင်ငွေရလမ်းဖြစ်သော သဘာ၀ဓာတ်ငွေ့လုပ်ငန်းအခွန် ပေးဆောင်မှုများကို စီးပွားရေးအရ ပိတ်ဆို့မှုများ ဆောင်ရွက် အမေရိကန်သမ္မတ Joseph R. Bidenနှင့် ပြင်သစ် သမ္မတ Emmanuel Macronထံသို့ နိုင်ငံတက ကရင်လူမှုအဖွဲ့အစည်း ၆၇ ခုက စာရေးသားပေးပို့ တောင်းဆိုလိုက်သည်။  ကမ္ဘာတစ်ဝန်းရှိ ကရင်လူမျိုးစုများဆိုင်ရာ...

မုံရွာတွင် အကြမ်းဖက် ဖက်ဆစ်စစ်အာဏာရှင်ဆန့်ကျင်ရေးချီတက်ဆန္ဒပြ

ရန်ကုန်၊ ဇန်နဝါရီ ၁၃ မုံရွာမြို့နယ် အနောက်မြောက်လွင်ပြင်ဒေသ ကျေးရွာတစ်ရွာတွင် ပြည်သူများက အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခြင်းကို ယနေ့ ဇန်နဝါရီ ၁၃ ရက်နေ့တွင် ပြုလုပ်ခဲ့ကြသည်။

ပုလဲ၊ မင်းတုန်း၊ မြိုင်တို့တွင် စစ်ကောင်စီတပ်များကို‌ ပြည်သူ့ကာကွယ်ရေးတပ်များက တိုက်ခိုက်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၈ ဦးနီးပါး သေဆုံးဟုဆို

ရန်ကုန်၊ ဇန်နဝါရီ ၁၃  စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ၊ မကွေးတိုင်း၊ မင်းတုန်းမြို့နယ်နှင့်မြိုင်မြို့နယ်တို့တွင် စစ်ကောင်စီတပ်များကို ပြည်သူ့ကာကွယ်ရေးတပ်များက တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၈ ဦးနီးပါး သေဆုံးကြောင်း ဒေသကာကွယ်ရေးတပ်များ၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။  စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် ဇန်နဝါရီလ ၁၂ ရက်နေ့ ည ၁၁ နာရီ...

ကနီတွင် PDF တပ်ဖွဲ့များက ပြည်သူများ ဦးဆောင်ပြုလုပ်သည့် အကြမ်းဖက် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြပွဲကို လုံခြုံရေး ယူပေးကာ လိုက်ပါဝန်းရံ

ရန်ကုန်၊ ဇန်နဝါရီ ၁၃   ကနီမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာတွင် ပြည်သူများ ဦးဆောင်ကာ ယနေ့ ဇန်နဝါရီလ ၁၃ ရက်နေ့တွင် အကြမ်းဖက် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြပွဲကို PDF တပ်ဖွဲ့ဝင်များက လုံခြုံရေး ယူပေးကာ လိုက်ပါဝန်းရံခဲ့ကြောင်း သိရသည်။ " မြန်မာနိုင်ငံမှာရှိတဲ့ ပြည်သူလူထုတစ်ရပ်လုံးအနေနဲ့လည်း...

ယင်းမာပင်တွင် ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး ရွှေနွယ်သွေး သပိတ်စစ်ကြောင်း ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဇန်နဝါရီ ၁၃  ယင်းမာပင်မြို့နယ်တွင် သွေးမအေးတဲ့ရွှေနွယ်သွေး သပိတ်စစ်ကြောင်း ပြည်သူများ ဦးဆောင်ကာ ယနေ့ ဇန်နဝါရီလ ၁၃ ရက်နေ့တွင် ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး ရွှေနွယ်သွေး သပိတ်စစ်ကြောင်း ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

Latest news

- Advertisement -spot_img