25 C
Yangon

တီးတိန်၊ Hiang Zing ယန်ဇင် ကျေးရွာရှိ စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရပြီး စစ်သား ၁၅ ဦးခန့်သေဆုံး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၉

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ တီးတိန်-ကလေး ကားလမ်းပေါ်ရှိ Hiang Zing ယန်ဇင်ကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ကို ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့များက ယနေ့ ဇန်နဝါရီလ ၂၁ ရက် နံနက်အစောပိုင်း ၁ နာရီ ၄၅ မိနစ်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်သား ၁၅ ဦးခန့်သေဆုံးခဲ့ကာ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦးလည်း ထိခိုက်ဒဏ်ရာရကြောင်း သတင်းရရှိသည်။

“တီးတိန်ကနေ ကလေးမြို့ဘက်သွားရင် သိုင်းငင်းရောက်မယ်၊ ပြီးရင် ယန်ဇင်ရွာ ရောက်မှာ အဲဒီမှာ စစ်ခွေးတွေ တပ်စွဲထားတာ ၅၀ ကျော်ရှိတယ်။ ကျနော်တို့  ဒီမနက် ၁ နာရီ ၄၅ မိစန်မှာ ဝင်ပစ်တာ နာရီဝက်လောက်ကြာမယ် စစ်ခွေးတွေ ၁၅ ယောက်လောက်သေမယ်လို့ ကျနော်တို့ အတည်ပြုလို့ရတယ်” ဟု PDF Zoland ပြောခွင့်ရက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ယန်ဇင်ကျေးရွာရှိ စစ်ကောင်စီတပ်ဖွဲ့ကို CDM Siyin၊ PDF Zoland၊ Kalay PDF၊ Zogam Army၊ CNA၊ CDF KKG2 ပူးပေါင်းတပ်ဖွဲ့ဝင် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပူးပေါင်းတပ်မှ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့သည် တီးတိန်မြို့နယ်အတွင်းရှိ ဒေသကာကွယ်ရေးတပ်ဖွဲ့များကို တိုက်ခိုက်ရန် ဇန်နဝါရီလ ၁၂ ရက်၌ ကလေးမြို့ဘက်မှ ထွက်ခွာလာခဲ့သော အင်အား ၁၀၀ ခန့်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဖြစ်ပြီး လက်ရှိတွင် ရှေ့မတိုးနိုင်ဘဲ ယန်ဇင်ရွာတွင် အင်အား ၅၀ ကျော်ခန့်ဖြင့် တပ်စွဲနေခြင်းဖြစ်သည်။

“ကျနော်တို့ PDF Zoland နဲ့ CDM Siyin နေတဲ့နေရာတွေကို စစ်ကြောင်းထိုးလာတဲ့အဖွဲ့ပဲ၊ သူတို့ မတိုးနိုင်လို့ အဲဒီ ယန်ဇင်ရွာမှာ စခန်းချနေတာ” ဟု PDF Zoland ပြောခွင့်ရက ဆက်ပြောသည်။

အဆိုပါ ကလေး-တီးတိန်လမ်းပိုင်းတွင် ဇန်နဝါရီလ ၁၃ ရက်မှ စတင်ကာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးထက်မနည်းသေဆုံးထားပြီးဖြစ်သည်။

အထိနာသော စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်အစပ် ခိုင်ကမ်းမြို့ရှိ တက္ကသိုလ်တွင်တပ်စွဲထားသော အမြှောက်တပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်သလို လေကြောင်းမှတဆင့်လည်း ပစ်ခတ်တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည်။

ဓါတ်ပုံ – PDF Zoland တပ်ဖွဲ့ဝင်များ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article