25.8 C
Yangon
spot_img

CATEGORY

Politics

မြိုင်မြို့နယ် အတွင်းရှိ ကျေးရွာတစ်ရွာတွင် အာဇာနည်နေ့ အခမ်းအနားကျင်းပ

ရန်ကုန်၊ ဇူလိုင် ၁၉ မြိုင်မြို့နယ် အတွင်းရှိ ကျေးရွာတစ်ရွာတွင် ပြည်သူများ စုပေါင်း၍ အာဇာနည်နေ့ အခမ်းအနားကို ကျဆုံးရဲဘော်၏ ဗိမာန်တွင် သွားရောက် အလေးပြုခဲ့ကာ ကျင်းပခဲ့ကြောင်း သိရှိရသည်။

ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ၁ တပ်ခွဲ-၁၊ တပ်ခွဲ-၂ မှ ရဲဘော်များ အာဇာနည်နေ့ အလေးပြုခြင်းအခမ်းနား ပြုလုပ်

ရန်ကုန်၊ ဇူလိုင် ၁၉ ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ၁ တပ်ခွဲ-၁၊ တပ်ခွဲ-၂တို့မှ နောက်တန်းစခန်းရှိ ရဲဘော်များ၊ရှေ့တန်းစခန်းရှိ ရဲဘော်များက ၇၈ နှစ်မြောက် အာဇာနည်နေ့ အလေးပြုခြင်းအခမ်းနားကို ပြုလုပ်ခဲ့ကြသည်။ အာဇာနည်နေ့ အလေးပြုခြင်းအခမ်းအနားအဖြစ် ပြည်သူ့ကာကွယ်‌‌ရေး တပ်မတော်အလံတော်အား အလေးပြု​ခြင်း၊ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်ခေါင်းဆာင်ကြီးများအား အလေးပြု​ခြင်း၊ဖက်ဒရယ် ဒီမိုကရေစီတိုက်ပွဲအတွင်း ကျဆုံးခဲ့ရသော...

လက်ပံတောင်းတောင်ပင်မသပိတ်က ၇၈ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် လူထုလှုပ်ရှားမှုပြုလုပ်

ရန်ကုန်၊ ဇူလိုင် ၁၉ လက်ပံတောင်းတောင်ပင်မသပိတ်က ၇၈ နှစ်မြောက် အာဇာနည်နေ့အား လေးစားဂါရဝပြုသောအားဖြင့် လူထုလှုပ်ရှားမှုပြုလုပ်ခဲ့ပြီး ကျဆုံးလေပြီးသော ဗိုလ်ချုပ်နှင့်တကွ အာဇာနည် ၉ ဦး ၊ ခေတ်အဆက်ဆက်သမိုင်းအဆက်ဆက် ကျဆုံးခဲ့သော သူရဲကောင်းများနှင့် နွေဦးတော်လှန်ရေးအတွင်းမှာ ကျဆုံးခဲ့သော သူရဲကောင်းများကို လေးစားဦးညွတ် ဂါရဝပြုခဲ့ကြောင်း သိရှိရသည်။

Myangyan Black Tiger – MBT တပ်ရင်းဌာနချုပ်တွင် ၇၈ နှစ်မြောက် အာဇာနည်နေ့အခမ်းအနား ကျင်းပ

ရန်ကုန်၊ ဇူလိုင် ၁၉ မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းရှိ Myangyan Black Tiger – MBT တပ်ရင်း ဌာနချုပ်တွင် ယနေ့ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်သော ၇၈ နှစ် မြောက် အာဇာနည်နေ့အခမ်းအနား ကျင်းပပြု လုပ်ခဲ့ကြောင်း သိရသည်။

ရှေ့တမ်းစခန်းတစ်နေရာတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ၉၇၀၃ တပ်ရင်းမှ ၇၈ ကြိမ်မြောက် အာဇာနည်နေ့ အခမ်းအနားပြုလုပ်

ရန်ကုန်၊ ဇူလိုင် ၁၉ ရှေ့တမ်းစခန်းတစ်နေရာတွင် အမျိုးသား ညီညွတ်ရေးအစိုးရ ကာကွယ်ရေး ဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော် ၉၇၀၃ တပ်ရင်းမှ ၇၈ ကြိမ်မြောက် အာဇာနည်နေ့ အခမ်းအနားနှင့် ခေတ်အဆက်ဆက် ဒီမိုကရေစီတိုက်ပွဲများအတွင်း ကျဆုံးခဲ့ကြသော အာဇာနည်သူရဲကောင်းများအားဦးညွှတ်အလေးပြုခြင်း အခမ်းအနားကို တပ်ရင်းမှူး ဦးဆောင်ပြီး ကျင်းပခဲ့ကြောင်း သိရှိရသည်။

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်အတွင်း အာဇာနည်နေ့အခမ်းအနားနှင့် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်ပြုလုပ်

ရန်ကုန်၊ ဇူလိုင် ၁၉ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီက ဦးဆောင်ကာ ယနေ့ ဇူလိုင် ၁၉ ရက်၊ နံနက်ပိုင်းက အာဇာနည်နေ့အခမ်းအနားနှင့် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုပြုလုပ်ခဲ့ကြသည်။ "အာဇာနည်တို့ မျှော်ရည်ချက် လူထုအားနဲ့ ဆက်ချီတက်" ခေါင်းစဥ်နှင့် အခမ်းအနားပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး သမဂ္ဂခွပ်ဒေါင်းအလံတော်ကို အလေးပြုခြင်း၊...

ကနီမြိုနယ်အတွင်း အာဇာနည်နေ့ အထိမ်းအမှတ်ပြုလုပ်

ရန်ကုန်၊ ဇူလိုင် ၁၉ ကနီမြိုနယ်အတွင်း ဇူလိုင်၁၉ နေတွင် ကျရောက်သည့် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ကျဆုံးသွားကြသည့် အာဇာနည် ၉ ဦးနှင့် နွေဦးတော်လှန် ရေးအတွင်း ကျဆုံးခဲ့ကြသည့် အာဇာနည်ရဲဘော်များအား အမှတ်တရ ဝမ်းနည်းခြင်း အထိမ်းမှတ်အခန်းအနားပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။

ဖားကန့်တွင် တိုက်ပွဲများဖြစ်ပွားနေသော်လည်း ၇၈ နှစ်မြောက် အာဇာနည်နေ့ အထိမ်း အမှတ် စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုသပိတ် ချီတက်

ရန်ကုန်၊ ဇူလိုင် ၁၉ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် တိုက်ပွဲများဖြစ်ပွားနေသော်လည်း ၇၈ နှစ်မြောက် အာဇာနည်နေ့ အထိမ်း အမှတ် စစ်အာ ဏာရှင် ဆန့်ကျင်ရေးအဖြစ် ယနေ့ လူထုသပိတ် ချီတက်ကြကြောင်း သိရှိရသည်။ ကချင်ပြည်နယ် ဖားကန့်မြို့တွင် ဇူလိုင်လ ၁၉ ရက်နေ့ ၇၈ နှစ်မြောက် အာဇာနည်နေ့...

ဆားလင်းကြီးမြို့နယ် တစ်နေရာတွင် (၇၈) နှစ်မြောက် အာဇာနည်နေ့ကို လေးစားဂါရဝပြုသည့် လူထုလှုပ်ရှားမှုပြုလုပ်

ရန်ကုန်၊ ဇူလိုင် ၁၉ ဆားလင်းကြီးမြို့နယ် တစ်နေရာတွင် ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီက (၇၈)နှစ်မြောက် အာဇာနည်နေ့ကို လေးစားဂါရဝပြုသောအားဖြင့် ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက်နေ့တွင်ကျဆုံးလေပြီးသော ဗိုလ်ချုပ်နှင့်တကွ အာဇာနည် ၉ ဦး ၊ ခေတ်အဆက်ဆက်သမိုင်းအဆက်ဆက် ကျဆုံးခဲ့သော သူရဲကောင်းများ နှင့် နွေဦးတော်လှန်ရေးအတွင်းမှာ ကျဆုံးခဲ့သော...

ကရင်ပြည်နယ် ဘုရားသုံးဆူမြို့ အာဇာနည်ဗိမ္မာန်တွင် ပြည်သူများက ကျဆုံးသွားသောအာဇာနည်ပုဂ္ဂိုလ်များကို သွားရောက်ဂါရဝပြု

ရန်ကုန်၊ ဇူလိုင် ၁၉ ကရင်ပြည်နယ် ဘုရားသုံးဆူမြို့ အာဇာနည်ဗိမ္မာန်နှင့် အနီးဝန်းကျင်ကို ပြည်သူများက စုပေါင်း၍ သန့်ရှင်းရေး လုပ်ကာ ယနေ့ ဇူလိုင်လ ၁၉ ရက်နေ့တွင်လည်း ကျဆုံးသွားသောအာဇာနည်ပုဂ္ဂိုလ်များကို သွားရောက်ဂါရဝပြုခဲ့ကြကြောင်း သိရှိရသည်။

Latest news

- Advertisement -spot_img