24.9 C
Yangon
spot_img

CATEGORY

Politics

တီးတိန်မြို့နယ်၊ ပွာလ်ပီးကျေးရွာရှိ စစ်တပ် စခန်း အားလုံးကို သိမ်းပိုက်ရရှိပြီး စစ်ကောင်စီတပ်သားများ ကလေးမြို့အထိ ပြန်လည် ဆုတ်ပြေး

ရန်ကုန်၊ ဇူလိုင် ၅ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ပွားလ်ပီးကျေးရွာရှိ စစ်တပ် စခန်းအားလုံးကို သိမ်းပိုက်ရရှိခဲ့ပြီး စစ်ကောင်စီ တပ်သားများ ကလေးမြို့အထိ ဆုတ်ခွာ ထွက်ပြေးသွားကြောင်း ချင်းတော်လှန်ရေး စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ယနေ့ ဇူလိုင်လ ၅ ရက်နေ့ နံနက် ၆ နာရီကျော်ခန့်တွင် တီးတိန်မြို့နယ်၊...

အကြမ်းဖက် စစ်အုပ်စု၏ တရားမဝင် အတုအယောင် ရွေးကောက်ပွဲနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အတူတကွ ဆန့်ကျင်ကြရန် NUCC နှင့် NUG က တော်လှန်ရေးအင်အားစုများကို ပန်ကြား

ရန်ကုန်၊ ဇူလိုင် ၅ အကြမ်းဖက် စစ်အုပ်စု၏ တရားမဝင် အတုအယောင် ရွေးကောက်ပွဲနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အတူ တကွ ဆန့်ကျင်ကြရန် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ-NUCC နှင့် အမျိုးသားညီညွတ်ရေးအစိုးရ - NUG တို့ပူးပေါင်းဖွဲ့စည်းထားသည့် တရားမဝင် အတုအယောင် ရွေးကောက်ပွဲ ဆန့်ကျင်ရေး ပူးပေါင်း...

မြန်မာဒုက္ခသည်များ၏ လျှို့ဝှက်ရမည့် ကိုယ်ရေးအချက်အလက်များကို အိန္ဒိယအစိုးရထံ လွှဲပြောင်းပေးခဲ့၍ UNHCR India ရုံးကို အရေးယူပေးရန် အဖွဲ့အစည်း ၁၄၁ ဖွဲ့က UNHCR ရုံးချုပ်ကို တိုင်ကြားစာ ပေးပို့

ရန်ကုန်၊ ဇူလိုင် ၄ UNHCR India ရုံးတွင် ဒုက္ခသည် အဖြစ် မှတ်ပုံတင်ကာ အကာအကွယ်တောင်းခံခဲ့သည့် မြန်မာနိုင်ငံသားများ၏ လျှို့ဝှက်ရမည့် ကိုယ်ရေးအချက်အလက်များကို UNHCR India ရုံးက အိန္ဒိယအစိုးရထံ လွှဲပြောင်းပေးခဲ့၍ UNHCR India ရုံးကို အရေးယူပေးရန် အဖွဲ့အစည်း ၁၄၁ ဖွဲ့က...

ကလေးမြို့ဒေသပြည်သူများက အလံမလိပ် အသံမတိတ် လူထုလှုပ်ရှားမှုပြုလုပ်

ရန်ကုန်၊ ဇူလိုင် ၄ ကလေးမြို့ဒေသပြည်သူများက ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီ၊ ပြည်သူ့ပညာရေးသပိတ်စစ်ကြောင်းနှင့်အတူအလံမလိပ် အသံမတိတ် လူထုလှုပ်ရှားမှုပြုလုပ်ခဲ့ကြသည်။

ငါန်းဇွန်မြို့နယ်တွင် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီ တပ်သား ၁၀ ဦးသေဆုံးကာ အများအပြား ထိခိုက် ဒဏ်ရာရ

ရန်ကုန်၊ ဇူလိုင် ၃ မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁၀ ဦးသေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြင်းခြံခရိုင်တပ်ရင်း ၆ တပ်ခွဲ ၂ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။ ဇူလိုင်လ...

ခန္တီးမြို့နယ် ခလရ ၅၂ တပ်ရင်းမှ စစ်ကောင်စီ တပ်သား ၁ ဦး မိသားစုနှင့် အတူ အလင်းဝင်

ရန်ကုန်၊ ဇူလိုင် ၁ စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ် ခလရ ၅၂ တပ်ရင်းမှ စစ်ကောင်စီ တပ်သား ၁ ဦးသည် မိသားစုနှင့် အတူ အလင်းဝင်‌ရောက်ခဲ့ကြောင်း ဟုမ္မလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဇွန်လ ၃၀ ရက်နေ့တွင် ခန္တီးမြို့နယ် ခလရ...

ယင်းမာပင်တွင် ပြည်သူ့အားမာန်သပိတ်စစ်ကြောင်း စစ်အာဏာရှင်ကျရှုံးရေး ဆန္ဒပြ

ရန်ကုန်၊ ဇွန် ၃၀ စစ်ကိုင်းတိုင်း၊ယင်းမာပင်မြို့နယ်ထဲတွင် ပြည်သူ့အားမာန်သပိတ်စစ်ကြောင်းသည် စစ်အာဏာရှင်ကျရှုံးရေး ဆန္ဒပြခဲ့ကြကြောင်း သိရှိရသည်။

နိုင်ငံတကာစာချုပ်များအရ စစ်ပွဲများတွင် အသက် ၁၅ နှစ်အောက် ကလေးများ စစ်မှုထမ်းခိုင်းခြင်းကို စစ်ရာဇဝတ်မှုအဖြစ် သတ်မှတ်ထား၍ မြန်မာကလေးများ စစ်မှုထမ်းနေရမှု IIMM က စတင်စုံစမ်းစစ်ဆေးနေ၊ စစ်ကောင်စီက အသက် ၁၅ နှစ် အောက် ကလေးငယ်များကို စစ်မှုထမ်းတပ်သားအဖြစ် စု ဆောင်းမှု သက်သေများ...

ရန်ကုန်၊ ဇွန် ၃၀ နိုင်ငံတကာသဘောတူညီချက် စာချုပ်များအရ အသက် ၁၅ နှစ်အောက် ကလေးများ စစ်မှုထမ်းခိုင်းခြင်းကို စစ်ရာဇဝတ်မှုအဖြစ် သတ်မှတ်ထား၍ မြန်မာနိုင်ငံတွင် ကလေးများကို စစ်မှုထမ်းခိုင်းနေမှုများကို ကုလသမဂ္ဂလွတ်လပ်သော စုံစမ်းစစ်ဆေးရေး ယန္တရား (IIMM) က စုံစမ်းစစ်ဆေးနေပြီဖြစ်ကြောင်း IIMM က ထုတ် ပြန်သည်။ ရောမစာချုပ်၊...

မင်းလှတွင် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး၊ စစ်တပ်က ကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦး ထိမှန်ဒဏ်ရာရ

ရန်ကုန်၊ ဇွန် ၂၉ ပဲခူးတိုင်း၊ မင်းလှမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် အမှတ် ၃ တပ်ရင်း တပ်ရင်းမှူး ဆရာလေးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဇွန်လ ၂၄ ရက်နေ့ ညနေ...

မြန်မာစစ်တပ်ကို တိုက်လေယာဥ်နှင့် လက်နက်များ ရောင်းချနေသည့် တရုတ်လက်နက်ကုမ္ပဏီ AVIC မှ ရင်းနှီးမြှုပ်နှံမှုများကို Airbus က ပြန်လည်ရုပ်သိမ်းခဲ့ခြင်းသည် ကြီးမားသောအောင်ပွဲတစ်ခုဟု JFM ကြွေးကြော်

ရန်ကုန်၊ ဇွန် ၂၈ ဥရောပလေကြောင်းကုမ္ပဏီကြီး Airbus က မြန်မာစစ်တပ်ကို တိုက်လေယာဥ်နှင့် လက်နက်များ ရောင်းချနေသည့် တရုတ်လက်နက်ကုမ္ပဏီ AVIC ထံမှ ရင်းနှီးမြှုပ်နှံမှုများကို ပြန်လည်ရုပ်သိမ်းခဲ့ခြင်းသည် ကြီးမားသောအောင်ပွဲတစ်ခုဟု Justice For Myanmar (JFM) ကြွေးကြော်လိုက်သည်။ မြန်မာစစ်အုပ်စုကို ထောက်ပံ့ပေးနေသည့် စီးပွားရေးလုပ်ငန်းများအား ရပ်တန့်စေရေးအတွက် တရုတ်လေကြောင်းလက်နက်ကုမ္ပဏီ...

Latest news

- Advertisement -spot_img