31 C
Yangon
spot_img

CATEGORY

Politics

ပုလဲမြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဖယောင်းတိုင်မီး သပိတ်ပြုလုပ်

ရန်ကုန်၊ အောက်တိုဘာ ၇ စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဖယောင်းတိုင်မီး သပိတ်ပြုလုပ်ခဲ့ပါသည်။ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားအားလုံး လွတ်မြောက်ရေး ဆုတောင်းမေတ္တာပို့ခဲ့ကြပြီး ကျဆုံး အာဇာနည်များကို အောက်မေ့တမ်းတဂုဏ်ပြုခြင်း အခမ်းအနားပါ ကျင်းပခဲ့ကြောင်း သိရှိရသည်။

ဆားလင်းကြီးမြို့နယ်တွင် တရားမဝင်အတုအယောင် ရွေးကောက်ပွဲဆန့်ကျင်ရေး လူထုလှုပ်ရှားမှု ပြုလုပ်

ရန်ကုန်၊ အောက်တိုဘာ ၇ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်တွင် ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီက တရားမဝင်အတုအယောင် ရွေးကောက်ပွဲ ဆန့်ကျင်ရေး လူထုလှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ဖားကန့်မြို့တွင် ပြည်သူများက စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုနှင့် ဆုတောင်းပွဲ ပြုလုပ်

ရန်ကုန်၊ အောက်တိုဘာ ၇ ကချင်ပြည်နယ် ဖားကန့်မြို့တွင် ပြည်သူများက စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုနှင့် ဒေါ်အောင်ဆန်းစုကြည်နှင် တစ်ကွ နိုင်ငံရေးအကျဥ်းသားများ အားလုံး ကျန်းမာစွာဖြင့် အမြန်ဆုံး လွတ်မြောက်လာကြစေရန် ဆုတောင်းပွဲ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ ဖားကန့်ပြည်သူများက ကျဆုံးရဲဘော်များကို ဦးညွှတ်အလေးပြုခြင်း၊ဒေါ်အောင်ဆန်းစုကြည်နှင် တစ်ကွ နိုင်ငံရေးအကျဥ်းသားများ အားလုံး ကျန်းမာစွာဖြင့် အမြနါဆုံး...

ဘုရားသုံးဆူမြို့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ကျဉ်းများ အားလုံး မတရားဖမ်းဆီးချုပ်နှောင်ထားခြင်းမှ အမြန်ဆုံး လွတ်မြောက်စေရန် ဆုတောင်းပွဲပြုလုပ်

ရန်ကုန်၊ အောက်တိုဘာ ၆ ကရင်ပြည်နယ် ဘုရားသုံးဆူမြို့တွင်သီတင်းကျွတ်လပြည်နေ့ ၌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအမြန်ဆုံးပြန်လည်ကောင်းမွန်စေရန်၊မတရားဖမ်းဆီးချုပ်နှောင်ထားခြင်းမှ အမြန်ဆုံး လွတ်မြောက်စေရန်အတွက် ဆုတောင်းပွဲပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ ထို့ပြင် ဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဥ်းသားများအားလုံး အမြန်ဆုံး ပြန်လည်လွတ်မြောက်လာစေရန်အတွက်လည်း လွတ်မြောက်ခြင်း မီးပုံးများကို လွှတ်တင်ခဲ့ကြကြောင်း သိရှိရသည်။

တောင်ကိုရီးယားနိုင်ငံ ဒါဆန်းမြို့တွင် မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှုအလိုမရှိ ဆန့်ကျင်ဆန္ဒပြ

ရန်ကုန်၊ အောက်တိုဘာ ၅ တောင်ကိုရီးယားနိုင်ငံ ဒါဆန်းမြို့တွင်မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှုအလိုမရှိဆန့်ကျင်ဆန္ဒပြပွဲနှင့် စစ်ဘေးသင့်ပြည်သူများ ကူညီထောက်ပို့နိုင်ရေး ရန်ပုံငွေ ဖလားခြင်းလုံးပြိုင်ပွဲကျင်းပခဲ့ကြောင်း သိရှိရသည်။ အခမ်းအနားတွင် ရန်ပုံငွေ ကိုးရီးယားဝမ်သိန်း လေးဆယ်(မြန်မာကျပ် သိန်းတစ်ရာ့နှစ်ဆယ်ခန့်) ရရှိခဲ့ပြီး ဒီပဲယင်း အညာပိုးစုန်းကြူးလေးများ စစ်ရှောင်ကူညီရေးအဖွဲ့၊ ဆားလင်းကြီး အညာပစ်တိုင်းထောင်လေးများအဖွဲ့သို့ ထောက်ပို့သွားမည် ဖြစ်‌ကြောင်း၊ နွေဦးတော်လှန်ရေး တက်ကြွလှုပ်ရှားသူ...

ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ်ကို မြို့ မြို့တော်ခန်းမရှေ့တွင် ၁၆၄ ကြိမ်မြောက် စဉ်ဆက်မပြတ် မြေပြင်လူထုသပိတ်တိုက်ပွဲကို ဆင်နွှဲ

ရန်ကုန်၊ အောက်တိုဘာ ၅ အ​မေရိကန်ပြည်​ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ်ကို မြို့ မြို့တော်ခန်းမရှေ့တွင် “ဖက်ဆစ်ရွေးကောက် ခွေးထွက်ပေါက် မဲမပေးနဲ့သပိတ်မှောက် ဖိရင်ကြွကြ ထိရင်ချကြဟေ့” ခေါင်းစဉ်ဖြင့် ၁၆၄ ကြိမ်မြောက် စဉ်ဆက်မပြတ် မြေပြင်လူထုသပိတ်တိုက်ပွဲကို ဆင်နွှဲခဲ့ကြောင်း သိရှိရသည်။ အောက်တိုဘာလ ၄ ရက်နေ့တွင် မြေပြင်ဆန္ဒထုတ်ဖေါ်ပွဲပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး Free...

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် မြန်မာနိုင်ငံစစ်အာဏာသိမ်းမှု အလိုမရှိဆန့်ကျင်ဆန္ဒပြ

ရန်ကုန်၊ အောက်တိုဘာ ၄ တောင်ကိုရီးယားနိုင်ငံ ဆိုလ်းမြို့ပေါ်တွင် စစ်အာဏာသိမ်းမှုအလိုမရှိ ဆန့်ကျင်ဆန္ဒပြပွဲကျင်းပခဲ့ပြီး ဝဲကန်မြို့တွင်လည်း နွေဦးတော်လှန်ရေးထောက်ပို့နိုင်ရေးဂီတရန်ပုံငွေပွဲကျင်းပခဲ့ကြောင်း သိရှိရသည်။ ဆန္ဒပြပွဲတွင် တောင်ကိုရီးယားရောက် အဖွဲ့အသီးမြို့အသီးသီးမှ အင်အားစုများပါဝင်ခဲ့ကြပြီး NUG ကိုယ်စားလှယ်ဦးရန်နိုင်ထွန်းက အဖွင့်အမှာစကား ပြောကြားခဲ့ကြောင်း၊ နွေဦးတော်လှန်ရေးတက်ကြွလှုပ်ရှားသူ ဒယ်ဂူးဘုန်းဘုန်းက ရန်ပုံငွေများကို တိကျ မှန်ကန်၊ သေချာ မြန်ဆန် ထိရောက်စွာ...

ဆိုးလ်မြို့တွင် ပြည်ပရောက် တော်လှန်ရေး အင်အားစုများက စစ်ကောင်စီ၏ တရားမဝင် အတုယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ဆန္ဒပြပြီး နည်းလမ်းပေါင်းစုံဖြင့် တိုက်ဖျက်သွားမည်ဟု ကြေညာ

ရန်ကုန်၊ အောက်တိုဘာ ၄ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တွင် ပြည်ပရောက် တော်လှန်ရေး အင်အားစုများက အကြမ်းဖက် စစ်ကောင်စီ၏ အတုယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ဆန္ဒပြပြီး နည်းလမ်းပေါင်းစုံဖြင့် တိုက်ဖျက်သွားမည်ဖြစ်ကြောင်း MFDMC အတွင်းရေးမှူး ကိုလင်းအိမ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ အောက်တိုဘာလ ၄ ရက်နေ့တွင် အကြမ်းဖက်...

ရွှေရေကြည် သပိတ်စစ်ကြောင်းက စစ်တပ် ကျင်းပမည့် အတုအယောင်ရွေးကောက်ပွဲကို ဆန္ဒပြ

ရန်ကုန်၊ အောက်တိုဘာ ၃ ယင်းမာပင်မြို့နယ်တွင် အောင်လံလွှင့်မည် ရွှေရေကြည် သပိတ် စစ်ကြောင်း ဦးဆောင်ကာ အကြမ်းဖက်စစ်တပ်ကျင်းပမည့် အတုအယောင်ရွေးကောက်ပွဲကို ဆန္ဒပြခဲ့ကြောင်း သိရသည်။

တစ်ဖွဲ့ချင်း၊ တစ်စုချင်း၊ တစ်ဒေသချင်း တော်လှန်တိုက်ခိုက်ရမည့် အချိန်မဟုတ်တော့ဘဲ အားလုံးစုစည်းညီညွတ်မှုဖြင့် တော်လှန်ရေး နောက်တစ်ဆင့် တက်ရန် တိုင်းရင်းသား ခေါင်းဆောင်များ ယုံကြည်လက်ခံထား၊ မကြာမီ တိုးတက်ပြောင်းလဲ စုစည်းညီညွတ် ပေါင်းစပ်မှုများ ပေါ်လာမည်ဟု ဒေါက်တာဇော်ဝေစိုးပြော

ရန်ကုန်၊ အောက်တိုဘာ ၃ တစ်ဖွဲ့ချင်း၊ တစ်စုချင်း၊ တစ်ဒေသချင်း တော်လှန်တိုက်ခိုက်ရမည့် အချိန်မဟုတ်တော့ဘဲ အားလုံးစုစည်းညီညွတ်စွာဖြင့် စုပေါင်း တက်ညီလက်ညီ တော်လှန်ရေး တိုင်းရင်းသားတပ် ခေါင်းဆောင်များ ယုံကြည်လက်ခံထားကြကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ-NUG ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောဆိုလိုက်သည်။ NUG ၏ ပြန်ကြားရေး သတင်းမီဒီယာဖြစ်သော PVTV သတင်းဌာနနှင့် သီးသန့်...

Latest news

- Advertisement -spot_img