30 C
Yangon
spot_img

CATEGORY

TV Channel

ဒီပဲယင်းတွင် ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး ချီတက် ဆန္ဒပြပွဲကို PDF တပ်ဖွဲ့များ လိုက်ပါဝန်းရံ(ရုပ်/သံ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၄ ဒီပဲယင်းမြို့နယ်တွင် ဒေသခံပြည်သူများ ဦးဆောင်ကာ ယနေ့ ဖေဖော်ဝါရီလ ၄ရက်နေ့တွင် ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး ချီတက် ဆန္ဒပြပွဲကို PDF တပ်ဖွဲ့ဝင်များက လိုက်ပါဝန်းရံခဲ့ကြောင်း သိရသည်။Video credit - ဒီပဲယင်းမြို့နယ်တော်လှန်ရေးစစ်ကြောင်းဦးဆောင်ကော်မတီ https://youtu.be/4yy0ZENKjyA

ရွှေဘိုတွင် အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ဒေသခံပြည်သူများ ချီတက် ဆန္ဒပြ(ရုပ်/သံ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၃ရွှေဘိုမြို့နယ်တွင် ဒေသခံပြည်သူများ ဦးဆောင်ကာ ယနေ့ ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။ https://youtu.be/xWIa96CwhWE

မြင်းမူမြို့နယ်၊ ဂုံညှင်းဆိပ် ရဲစခန်းကို မြင်းမူ PDF ပူးပေါင်းတပ်ဖွဲ့ ဝင်စီးနင်း ရာ စစ်သားနှင့်ရဲများထွက်ပြေး၍ အလွယ်တကူသိမ်းပိုက်ပြီး စခန်းကို မိုင်းခွဲ ရှင်းလင်း၊ စစ်ကောင်စီ ကား ၂ စီးကို မိုင်းခွဲတိုက်ခိုက်

ရန်ကုန်၊ ဖေဖော်ဝါရီ ၃ စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ဂုံညှင်းဆိပ်ရဲစခန်းကို မြင်းမူ PDF ပူးပေါင်း တပ်ဖွဲ့က ဝင်ရောက်စီးနင်းရာ စစ်သားနှင့်ရဲများ ထွက်ပြေးသွား၍ အလွယ် တကူ သိမ်းပိုက်ပြီး စခန်းကို မိုင်းခွဲရှင်းလင်းလိုက်ကြောင်း မြင်းမူ PDF က သတင်းထုတ်ပြန်သည်။ ဖေဖော်ဝါရီလ ၂ ရက်နေ့...

ကနီ ကင်းစံပြကျေးရွာသား ကိုချမ်းသာကို စစ်တပ်က လည်ပင်းကို ဓားဖြင့် ခုတ်သတ်ပြီး အလောင်းကို ချင်းတွင်းမြစ်ထဲ ကန်ချခဲ့

ရန်ကုန်၊ ဖေဖော်ဝါရီ ၃ စစ်ကိုင်းတိုင်း ကနီမြို့နယ် ကင်းစံပြကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ဖေဖော်ဝါရီလ ၁ရက်နေ့တွင် အသက် ၂၅နှစ် အရွယ် ကိုဆင်ပေါက် (ခ) ကိုချမ်းသာအား လည်ပင်းကို ဓားဖြင့် ခုတ်သတ်ပြီး အလောင်းကို ချင်းတွင်းမြစ်ထဲ ကန်ချခဲ့ကြောင်း ဒေသခံ...

ရန်ကုန်မြို့ လမ်းမများပေါ်တွင် ” အောင်ပွဲဆိုတာ တိုက်ရဲသူ တွေအတွက် ဖြစ် တယ်” ၊ ”ပြည်သူနဲ့ဆန့်ကျင်ဘက်မှာ ဘယ်ကောင်နေရဲလဲ” ၊ ”We Want Democracy” ဆိုသော စာများကို ဆေးအနီဖြင့်ရေး၍ စစ်တပ် ဆန့်ကျင်ရေး လှုပ်ရှား

ရန်ကုန်၊ ဖေဖော်ဝါရီ ၂ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသများအဖွဲ့ချုပ်)၊ဖိနှိပ်ခံလူထုကိုယ်စားပြု မြောက်ဒဂုံ သပိတ်ကော်မတီ (NDOPSC) နှင့်ပြည်သူ တ ချို့ပူးပေါင်း၍ '' အောင်ပွဲဆိုတာ တိုက်ရဲသူတွေအတွက်ဖြစ်တယ်'' ၊ ''ပြည်သူနဲ့ဆန့်ကျင်ဘက်မှာ ဘယ်ကောင်နေရဲလဲ'' ၊ ''We Want Democracy'' စာသားများကို ရန်ကုန်မြို့ရှိလမ်းမ တစ်နေရာတွင် ရေး သား...

မုံရွာ-အမြင့်လမ်းတွင် ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး ဒေသခံပြည်သူများ ချီတက် ဆန္ဒပြ(ရုပ်/သံ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂ မုံရွာ-အမြင့်လမ်း ပင်မသပိတ်စစ်ကြောင်းက ဒေသခံပြည်သူများ ဦးဆောင်ကာ ယနေ့ ဖေဖော်ဝါရီလ ၂ရက်နေ့တွင် ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး နှစ်ငါးလုံး သပိတ်အဖြစ် ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။Video credit - မုံရွာ-အမြင့်လမ်း သပိတ်ဦးဆောင်ကော်မတီ https://youtu.be/EXiXfb1UxZY

ဒီပဲယင်း ပြည်သူများက ၂၂၂၂ သံပုံးတီးသပိတ်ဖြင့် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြ(ရုပ်/သံ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် အရှေ့ခြမ်း ပြည်သူများက "သံပုံတီးသံ ပြန်ဆူညံ ‌ ဒို့တော်လှန်ရေး သွေးမအေးရန်"ဟူ၍ ကြွေးကြော်ပြီး ၂၂၂၂ သံပုံးတီးသပိတ်ဖြင့် ယနေ့ည ၈ နာရီတွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြကြသည်။ https://youtu.be/TcVlWXmnOdQ

“ငါတို့မြို့ငါတို့ရွာကိုငါတို့ပိုင်တယ်ငါတို့ငြိမ်ချင်ငြိမ်မယ်ငါတို့လှုပ်ချင်လှုပ်မယ်” စာသားနှင့် မြိုင်တွင် ဖက်ဆစ် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြ(ရုပ်/သံ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁မြိုင်မြို့နယ် အခြေခံပညာအထွေထွေသပိတ်ကော်မတီနှင့် ပြည်သူလူထုပူးပေါင်းကာ အာဏာသိမ်း(၁)နှစ်ပြည့် အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်တိုက်ပွဲ ပြုလုပ်ခဲ့ပြီး ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင်များနှင့် သပိတ်ကော်မတီဝင်များက သပိတ်တရားများ ဟောပြောခြင်းကို ဒေသခံကာကာကွယ်ရေးတပ်ဖွဲ့များ၏ ကာကွယ်စောင့်ရှောက်မှုဖြင့် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။ https://youtu.be/PfebV81G_lA

ရေဖြူတွင် အကြမ်းဖက် စစ်ကောင်စီ တော်လှန်ရေး ဒေသခံပြည်သူများ ဆန္ဒပြ(ရုပ်/သံ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁ရေဖြူမြို့နယ် ကျေးရွာတစ်ရွာတွင် ဒေသခံပြည်သူများ ဦးဆောင်ကာ ယနေ့ ဖေဖော်ဝါရီလ ၁ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။ https://youtu.be/rn2249s7RoY

ဂျာမနီရှိ မြန်မာသံရုံးနှင့် စစ်သံရုံး​ရှေ့သို့ စစ်အာဏာသိမ်းမှု ဆန့်ကျင်​ကြောင်း ချီတက် သပိတ်​မှောက်၊ စစ်သံမှူး အောင်ကျော်မိုးကို မအလဟု အော်ဟစ်ဆန္ဒပြ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁ ဂျာမနီနိုင်ငံ ဘာလင်မြို့ရှိ မြန်မာသံရုံးနှင့် စစ်သံရုံးရှေ့သို့ စစ်အာဏာသိမ်းမှု ဆန့်ကျင်သော ဥရောပရောက် မြန်မာများက ယနေ့ ချီတက် ဆန္ဒပြကြသည်။စစ်သံမှူး အောင်ကျော်မိုးကို မအလဟု ပြည်ပရောက် မြန်မာက အော်ဟစ် ဆန္ဒကြသည်။ https://youtu.be/cwLLTg731eU

Latest news

- Advertisement -spot_img