27 C
Yangon
- Advertisement -spot_img

TAG

Crime

အကြမ်းဖက်စစ်တပ်က တပ်ရင်းတပ်ဖွဲ့များနှင့် စစ်သင်တန်းကျောင်းများတွင် ၂ နှစ်အတွင်း NUG နှင့် PDF များကို အပြီးသတ်ချေမှုန်းနိုင်မည်ဟု ဝါဒဖြန့်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈ အကြမ်းဖက်စစ်တပ်က တပ်ရင်းတပ်ဖွဲ့များနှင့် စစ်သင်တန်းကျောင်းများတွင် ၂ နှစ်အတွင်း NUG နှင့် PDF များကို အပြီးသတ်ချေမှုန်းနိုင်မည်ဟု ဝါဒဖြန့်မှုများ လုပ်နေကြောင်း တပ်သတင်းရင်းမြစ်နှင့် တပ်အသိုင်းအ၀ိုင်းက ပြောဆိုသည်။ ပဲခူးတိုင်း၊ အင်းတကော်မြို့အခြေစိုက် စစ်တပ်တပ်ရင်းတပ်ဖွဲ့များတွင် ဇန်နဝါရီလအတွင်း ပြုလုပ်ခဲ့သော ဒါဘာအစည်း အဝေးတွင် တပ်မိသားစုများနှင့်စစ်သည်များကို...

ဒဂုံမြို့သစ်ဆိပ်ကမ်းနှင့် သံဖြူဇရပ်မြို့နယ်တို့တွင် ရဲနှင့် အုပ်ချုပ်ရေးမှူးများက လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးငွေညှစ်နေ

ရန်ကုန်၊ ဖေဖော်ဝါရီလ ၁၈ ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ် ၆၇ ရပ်ကွက်အုပ်ချုပ်ရေးမှူးညွန့်ဝင်းနှင့်အဖွဲ့က မူးယစ်ဆေးဝါးရောင်းချသူများကို ဆက်ကြေးယူကာခွင့်ပြုထားပြီး လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီး ကာ ငွေညှစ်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ အမှတ် ၆၇ ရပ်ကွက် အုပ်ချုပ်ရေးမှူး ညွန့်ဝင်းနှင့်အဖွဲ့သည် ရပ်ကွက်...

ယင်းမာပင်၊ ဝင်းကုန်းကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ်လုပ်၊ပြည်သူ ၃ ဦးသေ ဆုံးခဲ့သော ခင်ဦးမြို့နယ် လေကြောင်းတိုက်ခိုက်မှုတွင် ဒဏ်ရာရရှိသူတချို့ အသက်အန္တရာယ်စိုးရိမ်ရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် ဝင်းကုန်းကျေးရွာသို့ အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ၂ ကြိမ် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။ ယမန်နေ့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ နံနက်ပိုင်း ညပိုင်းတို့တွင် အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် မှ တက်လာသော ပါရာမော်တာနှင့် ဂျိုင်ရိုကော်ပတာတို့ဖြင့် ယင်းမာပင်မြို့နယ်...

ညောင်လေးပင်ခရိုင်နှင့် ဝက်လက်မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှု ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရပြီး စာသင်ကျောင်းနှင့် နေအိမ်များ ပျက်စီး

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈ ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်ရှိ ကျေးရွာများကို စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ်နှင့် စာသင်ကျောင်းများ ပျက်စီးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။ ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ရွှေကျင်မြို့နယ်၊ ဝိုင်ကျွန်းရွာကို စစ်တပ်၏...

ရေစကြိုမြို့နယ်၊ သမန္တပို့ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၃၀ ကျော်ပြာကျ၊ စစ်ကြောင်းက ကျေးရွာများကို ဆက်လက်ဝင်ရောက်နေ၍ ပြည်သူများ ရွာလုံးကျွတ်တိမ်းရှောင်နေရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈ မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ သမန္တပို့ရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် ၃၀ ကျော်ပြာကျခဲ့ပြီး စစ်ကြောင်းက ကျေးရွာများကို ဆက်လက်ဝင်ရောက်နေ၍ ပြည်သူများ ရွာလုံးကျွတ်တိမ်းရှောင်နေရကြောင်း နွေဦးသစ္စာဆေးအဖွဲ့နှင့် Yesagyo Township Info Committee မှ တာဝန်ရှိသူများက ရန်ကုန်ခေတ်သစ်...

အင်းတော်ကြီးတွင် စစ်တပ်လက်အောက်ခံ ရှမ်းနီ SNA တပ်များက အရွယ်မရောက်သေးသော အခြေခံ ပညာကျောင်းသား ကျောင်းသူများကို စစ်သင်တန်းတက်ရန် ခြိမ်းခြောက် ဖိအားပေး တပ်သားသစ်စုဆောင်း

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသတွင် စစ်တပ်လက်အောက်ခံ ရှမ်းနီ SNA တပ်များက အရွယ်မရောက်သေးသော အခြေခံပညာကျောင်းသား ကျောင်းသူများကို စစ်သင်တန်းတက်ရန် ခြိမ်းခြောက် ဖိအားပေးနေကြောင်း ဒေသပြည်သူများနှင့် အင်းတော်ကြီးအခြေစိုက် ကင်းထောက် သတင်းရင်းမြစ်တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယခု ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်၍...

ခင်ဦးမြို့နယ်၊ ညောင်ပင်ကြီးစုကျေးရွာစာသင်ကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ၂ ကြိမ်ဗုံးကျဲမှု ပြည်သူ ၃ ဦးသေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ညောင်ပင်ကြီးစုကျေးရွာစာသင်ကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ၂ ကြိမ်ဗုံးကျဲချခဲ့ရာ ပြည်သူ ၃ ဦးသေဆုံးသွားကြောင်း ခင်ဦးမြို့နယ်မှ တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည် ။ ယမန်နေ့ ဖေဖော်ဝါရီ ၁၇ ရက်နေ့ ည ၁၀ နာရီ...

ရေစကြိုမြို့နယ်၊ မုံညှင်းရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်မှု ပြည်သူ ၁ ဦး သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇ မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ မုံညှင်းရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ရာ ပြည်သူ ၁ ဦး သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နွေဦးသစ္စာဆေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင်...

မော်လမြိုင်မြို့တွင် စစ်တပ်က လူငယ် ၃၀ ကျော်ကို ပေါ်တာဆွဲ ဖမ်းဆီး၊ ဖျာပုံတွင် စစ်မှုထမ်းကြေး လစဉ် ပေးနေသည့် လူငယ်များကို ပေါ်တာဆွဲဖမ်းပြီး တစ်ဦးလျှင် ငွေကျပ် သိန်း ၁၆၀ ဖြင့်ပြန်ရွေးခိုင်း

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ပေါ် ရပ်ကွက်များတွင် အကြမ်းဖက် စစ်တပ်က လူငယ် ၃၀ ကျော်ကို ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဖေဖော်ဝါရီလပိုင်းမှ စတင်ပြီး မော်လမြိုင်မြို့ပေါ်ရှိ မောင်ငံရပ်ကွက်၊ ဈေးကြိုရပ်ကွက် ၊ ဆန်တန်းရပ်ကွက် ၊ တောင်ဝိုင်းရပ်ကွက်နှင့်...

ရန်ကုန်၊ လှည်းကူးတွင် “ပေါ်တာဆွဲတာ အပြစ်မဟုတ်ဘဲ စစ်မှုထမ်း မစုဆောင်းနိုင်လျှင် အပြစ်ဖြစ်မည်” ဟုဆိုကာ လူငယ်များကို စစ်တပ်က ဖမ်းဆီးခိုင်း၊ နေပြည်တော်-ပြည်ကားလမ်းတွင် ခရီးသည်တင်ကားပေါ်မှ လူငယ်များကို ဆွဲချ ပေါ်တာဆွဲ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇ ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်တွင် "ပေါ်တာဆွဲတာ အပြစ်မဟုတ်၊ စစ်မှုထမ်း မစုဆောင်းနိုင်လျှင် အပြစ်ဖြစ်မည်" ဟုဆိုကာ စစ်တပ်က ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များကို လူငယ်များကို စစ်မှုထမ်းအဖြစ် အတင်းအကျပ် ပေါ်တာဆွဲ ဖမ်းဆီးခိုင်းနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ လှည်းကူးမြို့နယ်၊ အင်းတိုင်စံပြကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များကို စစ်တပ်၏ တပ်နယ်မှူးက...

Latest news

- Advertisement -spot_img