24.8 C
Yangon
- Advertisement -spot_img

TAG

Crime

ဒလမြို့နယ်တွင် ပြည့်ဝကုန်စုံဆိုင်ပိုင်ရှင် လင်မယားကို သတ်ဖြတ်ခဲ့သည့် ဆိုင်ဝန်ထမ်းဟောင်း ၂ ဦးကို CCTV မှတစ်ဆင့် ခြေရာခံဖမ်းဆီး

ရန်ကုန်၊ ဇွန် ၂၆ ရန်ကုန်တိုင်း၊ ဒလမြို့နယ်၊ ရာဇသင်္ကြန်ရပ်ကွက်ရှိ ပြည့်ဝကုန်စုံဆိုင်ပိုင်ရှင် ဇနီးမောင်နှံကို သတ်ဖြတ်ခဲ့သည်ဟု သံသယရှိသည့် ဆိုင်ဝန်ထမ်းဟောင်း ၂ ဦးကို CCTV မှတ်တမ်းများကို အခြေခံ၍ ခြေရာခံစုံစမ်းခဲ့ရာ ဇွန်လ ၂၆ ရက်နေ့တွင် လှိုင်သာယာမြို့နယ်နှင့် သာကေတမြို့နယ်တို့၌ ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။ ဇွန်လ...

ပုလဲနှင့် ယင်းမာပင်တို့တွင် စစ်တပ်က ကျေးရွာများကို စစ်ကြောင်းထိုးဝင်ရောက် စီးနင်းကာ ပြည်သူပိုင် တန်ဖိုးကြီးပစ္စည်းများကို စိတ်ကြိုက် ခိုးယူသွားနေ၍ ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်နေရ

ရန်ကုန်၊ ဇွန် ၂၆ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်နှင့်ယင်းမာပင်မြို့နယ်တို့တွင် အကြမ်းဖက် စစ်တပ်က ကျေးရွာများကို စစ်ကြောင်းထိုးဝင်ရောက် စီးနင်ကာ ပြည်သူပိုင် တန်ဖိုးကြီးပစ္စည်းများကို စိတ်ကြိုက် ခိုးယူသွားနေ၍ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဇွန်လ ၂၆ ရက်နေ့ မွန်းလွဲပိုင်းတွင် ပုလဲမြို့ပေါ်မှ ထွက်လာသော...

ညောင်ဦးမြို့နယ်တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်မှု ကလေးငယ် ၁ ဦး သေဆုံး၊ မင်းတပ်မြို့ကိုလည်း စစ်တပ်က လေယာဉ်ဖြင့် ၂ ရက်ဆက် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ ဇွန် ၂၆ မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် ကလေးငယ် ၁ ဦး သေဆုံးခဲ့ကြောင်း KPG Update News ထုတ်ပြန်ချက်နှင့် ဒေသပြည်သူများ ပြောဆိုချက်အရ သိရသည်။ ဇွန်လ ၂၆ ရက်နေ့ မွန်းလွဲ ၁၂...

ဟောင်ကောင်အလှပြင်ဆိုင်ပိုင်ရှင်က မြန်မာနိုင်ငံရှိ အွန်လိုင်းကျားဖြန့်ငွေလိမ်ဂိုဏ်းထံသို့ တရုတ်အမျိုးသမီး ၂ ဦးကို လိမ်လှည်လှည့်ဖြားရောင်းစား

ရန်ကုန်၊ ဇွန် ၂၆ ဟောင်ကောင်နိုင်ငံမှ အသက် ၃၃ နှစ်အရွယ် အလှပြင်ဆိုင်ပိုင်ရှင် ပွန်ဆမ်ယီ (Poon Sum-yi) သည် အမျိုးသမီး ၂ ဦးကို အခမဲ့ခရီးစရိတ်၊ တည်းခိုခနှင့် ငွေကြေးအမြတ်အစွန်းများ ရရှိမည်ဟု လှည့်ဖြားခေါ်ဆောင်ကာ မြန်မာနိုင်ငံအတွင်းရှိ တရုတ်အွန်လိုင်းငွေလိမ်ဂိုဏ်းထံ ရောင်းချခဲ့သည့်အမှုအတွက် ဟောင်ကောင်ခရိုင်တရားရုံးတွင် အပြစ်ရှိကြောင်း...

မိုးကောင်းမြို့တွင် ပျူစောထီးခေါင်းဆောင် တင်မိုး၏ ဇနီး အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲ၌ ရှုံးနိမ့်ပြီးနောက် ရွေးချယ်ခံရသူကို ပြည်သူ့စစ်အဖွဲ့က ညတွင်းချင်း ရိုက်နှက်ဖမ်းဆီး

ရန်ကုန်၊ ဇွန် ၂၆ ကချင်ပြည်နယ်၊ မိုးကောင်းမြို့၊ ကျွန်းတောရပ်ကွက်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲ၌ ပျူစောထီးခေါင်းဆောင် တင်မိုး၏ ဇနီးဖြစ်သူ ဒေါ်ထွေးထွေး ရှုံးနိမ့်ခဲ့ပြီးနောက် ရွေးချယ်ခံရသူ အုပ်ချုပ်ရေးမှူး ဦးစိန်ကျော်လှိုင်ကို ပြည်သူ့စစ်အဖွဲ့ဝင်များက ညတွင်းချင်း ရိုက်နှက်ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။ ဒေသခံများ၏ ပြောကြားချက်အရ ဇွန်လ ၂၅...

ထိုင်း-မြန်မာနယ်စပ် မယ်ဆိုင်-တာချီလိတ် နယ်စပ်ဂိတ်တွင် ငါးအသားချောင်းဘူးများအတွင်း ဘတ်ငွေ ၂၃ သန်းကျော် မြန်မာနိုင်ငံဘက်သို့ ဖွက်သယ်ရန် ကြိုးပမ်းသည့် မြန်မာ ၁ ဦး ဖမ်းဆီးခံရ

ရန်ကုန်၊ ဇွန် ၂၆ ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်၊ မယ်ဆိုင်-တာချီလိတ်နယ်စပ်ဂိတ်တွင် ငါးအသားချောင်းနှင့် အာလူးကြော်ထုပ်များ ထည့်ထားသည့် ကတ်ထူပုံးများအတွင်း ထိုင်းဘတ်ငွေ ၂၃ ဒသမ ၀၂၃ သန်းကို ဖွက်ထားပြီး မြန်မာနိုင်ငံ တာချီလိတ်မြို့ဘက်သို့ သယ်ဆောင်ထုတ်ယူရန် ကြိုးပမ်းခဲ့သည့် အသက် ၃၁ နှစ်အရွယ် မြန်မာနိုင်ငံသားတစ်ဦးကို ထိုင်းအာဏာပိုင်များက...

ဒလမြို့နယ် ရာဇသင်္ကြန်ရပ်ကွက်တွင် ညပိုင်း ပျူစောထီးများ ကင်းလှည့်နေချိန် ပြည့်ဝကုန်စုံဆိုင်ပိုင်ရှင် လင်မယား ရက်ရက်စက်စက် အသတ်ခံရ

ရန်ကုန်၊ ဇွန် ၂၆ ရန်ကုန်တိုင်း၊ ဒလမြို့နယ်၊ ရာဇသင်္ကြန်ရပ်ကွက်ရှိ ပြည့်ဝကုန်စုံဆိုင်ပိုင်ရှင် လင်မယားနှစ်ဦးသည် နေအိမ်အတွင်း ဓားဒဏ်ရာများဖြင့် ရက်ရက်စက်စက် သတ်ဖြတ်ခံထားရကြောင်း ဒေသခံများထံမှ သိရသည်။ ဇွန်လ ၂၅ ရက် ညပိုင်းတွင် နေအိမ်ဧည့်ခန်းရှေ့၌ သေဆုံးသူ ဆိုင်ပိုင်ရှင် နှစ်ဦး၏ ရုပ်အလောင်းများကို တွေ့ရှိခဲ့ခြင်းဖြစ်ပြီး နှစ်ဦးစလုံးတွင် ဓားဒဏ်ရာများစွာဖြင့်...

မြောင်မြို့နယ် နဘက်ကျေးရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ညအချိန် အသေခံ ဒရုန်း ၄ စီးဖြင့် ဗုံးကျဲတိုက်ခိုက်မှု နေအိမ် ၆ လုံး မီးလောင်ပျက်စီး

ရန်ကုန်၊ ဇွန် ၂၆ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ နဘက်ကျေးရွာရှိ မြသိမ်းတန်ဘုရားအရှေ့ဘက်နေရာကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အသေခံဒရုန်း ၄ စီးဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူပိုင်နေအိမ် ၆ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း မြောင်မြို့ သတင်းမှန်ကြားရေးအဖွဲ့ထံမှ သိရသည်။ ယမန်နေ့ ဇွန်လ ၂၅ ရက်နေ့ ည ၇...

သထုံနှင့်မတ္တရာတို့တွင် စစ်တပ် ပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်၍ အမြွှာကိုယ်ဝန်လွယ်ထားရသော အမျိုးသမီး ၁ ဦးနှင့် ကလေးငယ် ၁ ဦးသေဆုံး၊ မင်းတပ်မြို့ကိုလည်း စစ်တပ်က လေယာဉ်ဖြင့် ဗုံး ၈၀ ကျော်ကျဲချ တိုက်ခိုက်

ရန်ကုန်၊ ဇွန် ၂၅ မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်၍ အမြွှာကိုယ်ဝန်လွယ်ထားရသော အမျိုးသမီး ၁ ဦးနှင့် ကလေးငယ် ၁ ဦးသေဆုံးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။ ဇွန်လ ၂၂ ရက်နေ့ ညနေ ၅ နာရီခန့်တွင် အကြမ်းဖက်စစ်တပ်၏...

ဘားအံ-မြဝတီလမ်းတွင် ခရီးသည်တင်ကားများကို စစ်တပ်က တားဆီးကာ လူငယ် ၃၀ ခန့်ကို ပေါ်တာဆွဲဖမ်းဆီး၊ စလင်းတွင်လည်း စစ်မှုထမ်းကြေးမပေးပါက ထောင်ချမည်ဟု ခြိမ်းခြောက်နေ

ရန်ကုန်၊ ဇွန် ၂၅ ကရင်ပြည်နယ်၊ ဘားအံ-မြဝတီလမ်းပိုင်းတွင် ယနေ့ ဇွန်လ ၂၅ ရက်နေ့၌ အကြမ်းဖက်စစ်ကောင်စီတပ်က ခရီးသည်တင်မော်တော်ယာဉ်များကို တားဆီးကာ လူငယ် ၃၀ ခန့်ကို ပေါ်တာဆွဲ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း လမ်းခရီးသွားပြည်သူများနှင့် ဒေသခံများထံမှ သိရသည်။ ယနေ့နံနက်ပိုင်းမှစတင်၍ ဘားအံ-မြဝတီလမ်းပိုင်း၊ သာမညအနီးရှိ ကျားကလေးကျေးရွာထိပ်နှင့် ဘားအံတောင်ကြားလမ်းတို့တွင် စစ်ကောင်စီတပ်က...

Latest news

- Advertisement -spot_img