28 C
Yangon
- Advertisement -spot_img

TAG

Khit Thit Media

Khit Thit သတင်းဌာန၏ ဇူလိုင် ၁၇ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဇူလိုင် ၁၇ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ နေပြည်တော် အေလာလေဆိပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ရာ လေတပ်အရာရှိ ၄ ဦး အပါအဝင် ၁၆ ဦးသေဆုံးပြီး တိုက်လေယာဉ် ၂ စီးအပါအဝင် လေယာဉ်...

ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ရွာသား ကိုဝေလင်းအောင်ကို ရွှေဘိုထောင်တွင်း စစ် တရားရုံးက ထောင်ဒဏ် တစ်သက် တစ်ကျွန်း ချမှတ်

ရန်ကုန်၊ ဇူလိုင် ၁၇ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ရွာသား ကိုဝေလင်းအောင်ကို ရွှေဘိုထောင်တွင်း စစတရားရုံးက ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခဲ့ကြောင်း ကိုဝေလင်းအောင်၏ မိတ်ဆွေများက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။ ဇူလိုင်လ ၁၃ ရက်နေ့တွင် ရွှေဘိုထောင် အချုပ်တွင် ဖမ်းဆီးခံထားရသော ကိုဝေလင်းအောင်ကို ရွှေဘို ထောင်တွင်း တရားရုံးက...

မင်းလှ၊ ပဲခူးရိုးမပေါ် စစ်ကြောင်းထိုးလာသော စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု ၇ ဦးသေဆုံး၊ ဆားချောင်းရွာရှိ နေအိမ်အလုံး ၃၀ ကို စစ်တပ်က မီးရှို့ ဖျက်ဆီး

ရန်ကုန်၊ ဇူလိုင် ၁၇ ပဲခူးတိုင်း၊ မင်းလှမြိုနယ်၊ ပဲခူးရိုးမပေါ်သို့ စစ်ကြောင်းထိုးလာသော အကြမ်း ဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေးတပ်များက စောင့်ကြိုတိုက် ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၇ ဦးသေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာကို...

လားရှိုး၊ စစ်ကောင်စီ၏ နန်းကျိုင်းစခန်းကို MNDAA က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ကလေးများကို စစ်ရေးအတွက် စစ်တပ်က အသုံးပြုမှု စိစစ်တွေ့ရှိရ

■ သီပေါနှင့်မိုင်းရယ်နယ်စပ်ရှိ ခလရ-၂၃ တပ်စခန်းကိုလည်း MNDAA က သိမ်းယူ ရန်ကုန်၊ ဇူလိုင် ၁၇ ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့နယ်ရှိ စစ်ကောင်စီ၏ နန်းကျိုင်းစခန်းကို MNDAA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် ကလေးများကို စစ်ရေးအတွက် စစ်တပ်က အသုံးပြုမှု စိစစ်တွေ့ရှိရကြောင်း MNDAA က တရားဝင် ထုတ်ပြန်ပြောဆိုသည်။ ဇူလိုင်...

တောင်သာတွင် စစ်တပ် တပ်စွဲထားသောနေရာများနှင့် ထောက်ပို့ကားတစ်စီးကို တိုက်ခိုက်မှု ခမရ ၁၅ မှ ဒုအရာခံဗိုလ်များ အပါအဝင် စစ်သုံ့ပန်း ၁၄ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရရှိ

ရန်ကုန်၊ ဇူလိုင် ၁၇ မန္တလေးတိုင်း၊ တောင်သာမြို့နယ်တွင် အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာများနှင့် ထောက်ပို့ကားတစ်စီးကို တိုက်ခိုက်ခဲ့ရာ ခမရ ၁၅ မှ ဒုအရာခံဗိုလ်များ အပါအဝင် စစ်သုံ့ပန်း ၁၄ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရရှိကြောင်း မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်း...

Khit Thit သတင်းဌာန၏ ဇူလိုင် ၁၆ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဇူလိုင် ၁၆ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ အကြမ်းဖက် စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်က အေလာ လေတပ်ထဲကို ဒီကနေ့ မနက်ပိုင်းမှာပဲ ရှော့တိုက်ဒုံးတွေ ကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်မှုတွေရှိထားတယ်လို့ နေပြည်တော် စစ်ဘက်သတင်း ရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။ မြန်မာနိုင်ငံက လွဲပြီး...

ဒီပဲယင်းမြို့မ ရဲစခန်းမှ ကင်းပုန်းဝပ်ရန် ထွက်လာသည့် စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု ၂ ဦးသေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်း ရရှိ

ရန်ကုန်၊ ဇူလိုင် ၁၆ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့မ ရဲစခန်းမှ ကင်းပုန်းဝပ်ရန် ထွက်လာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ပစ်ခတ်တိုက်ခိုက်ရာ ၂ ဦးသေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိခဲ့ကြောင်း အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော် - ADPRA တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ယနေ့...

လားရှိုးမြို့ ကျဆုံးမည်ကို စစ်ကောင်စီက စိုးရိမ်နေပြီး ခံစစ်ပြင်ဆင်ရန် ဆာလာအိတ်များ လေယာဉ်ဖြင့် ပို့ဆောင်နေ၊ ယခင်က စစ်သားများ ဘန်ကာ ဆောက်လုပ်ရန် ကိုယ့်စရိတ်ဖြင့်သာ ဝယ်ယူရ

ရန်ကုန်၊ ဇူလိုင် ၁၆ လားရှိုးမြို့ ကျဆုံးမည်ကို အကြမ်းဖက် စစ်ကောင်စီက စိုးရိမ်နေပြီး ခံစစ်ပြင်ဆင်ရန် ဆာလာအိတ်များ လေယာဉ်ဖြင့် ပို့ဆောင်နေကာ ယခင်က စစ်သားများ ဘန်ကာ ဆောက်လုပ်ရန် ကိုယ့်စရိတ်ဖြင့်သာ ဝယ်ယူရကြောင်း CDM ဗိုလ်ကြီး ဇင်ယော်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ အကြမ်းဖက် စစ်ကောင်စီက လားရှိုးတွင်...

စစ်ရေးအောင်မြင်မှုတွင် မြို့များ၊ စစ်စခန်းများ သိမ်းနိုင်ရုံဖြင့် ပြီးမြောက်မှု မရှိဘဲ ထိန်းထားနိုင်ရန် လိုဟု NUG ယာယီသမ္မတ ဒူဝါလရှီးလ သတိပေး

ရန်ကုန်၊ ဇူလိုင် ၁၆ စစ်ရေးအရ အောင်မြင်မှုအနေဖြင့် စစ်တပ်စခန်းများ၊ မြို့များကို တိုက်ခိုက်သိမ်းပိုက်ရာတွင် သိမ်းနိုင်ရုံဖြင့် ပြီးမြောက်မှုမရှိဘဲ ထိန်းထားနိုင်ရန်လည်း လိုအပ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ-NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။ ယနေ့ ဇူလိုင်လ ၁၆ ရက်နေ့တွင် ကျင်းပသည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ ၂၀ / ၂၀၂၄ အစိုးရ...

ဗန်းမော်မှ မိုးမောက် ဘက်သို့ ချီတက်လာသော တင့်ကားများ ပါဝင်သည့် စစ်တပ်စစ်ကြောင်းကို KIA က ကြားဖြတ် တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေ

ရန်ကုန်၊ ဇူလိုင် ၁၆ ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်ဘက်မှ မိုးမောက်မြို့နယ်ဘက်သို့ စစ်ကြောင်းထိုးလာသော တင့်ကားများ ပါဝင်သည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို KIA က ကြားဖြတ် တိုက်ခိုက်နေပြီး တိုက်ပွဲ ပြင်းထန်နေကြောင်း KIA စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။ ဇူလိုင်လ ၁၅ ရက်နေ့တွင်...

Latest news

- Advertisement -spot_img