26 C
Yangon

မင်းကွန်းရှိ မြသိန်းတန်စေတီတွင် တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၅ ဦးသေဆုံး

Must read

မင်းကွန်းရှိ မြသိန်းတန်စေတီတွင် တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၅ ဦးသေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၁၅

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသရှိ မြသိန်းတန်စေတီတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဝင်ရောက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၅ ဦးသေဆုံးခဲ့ကြောင်း Eagle Rovolution Force local တပ်ပေါင်းစု တာဝန်ခံ ဗိုလ်တေဇာက ရန်ကုန်ခေတ်သစ် မီဒီယာကို ပြောဆိုသည်။

ယနေ့ နိုဝင်ဘာလ ၁၅ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသရှိ မြသိန်းတန်စေတီတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်သားများ တပ်စွဲထားသော မြသိန်းတန်စေတီ အနီးထိ တော်လှန်ရေးတပ်ဖွဲ့များ ချင်းကပ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီ တပ်သား ၅ ဦး မျက်မြင်သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၇ ဦးခန့်ရှိကြောင်း သိရှိရသည်။

“မင်းကွန်းမြသိန်းတန်စေတီ မုဒ်ဝထိ ချင်းကပ်ပြီး တိုက်ခိုက်ခဲ့တာပါ။ မီတာ ၅၀ လောက်ပဲကွားတယ် အနီးကပ် အပြန်အလှန် ပစ်ခတ် တိုက်ခိုက်ခဲ့တယ်။ မိနစ် ၃၀ လောက်တော့ကြာတယ်။ အပြန်အလှန်ပစ်ခတ်မှု မျက်မြင် စစ်ခွေး ၅ ကောင် သေတယ်။ ၇ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရတယ်” ဟု Eagle Rovolution Force local တပ်ပေါင်းစု တာဝန်ခံ ဗိုလ်တေဇာက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Eagle Revolution Force (E.R.F) ၊ ကင်း ပကဖ ၊ တောသာကြီး စဥ့်ကိုင် ပကဖ နှင့် Acid အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article