28 C
Yangon
- Advertisement -spot_img

TAG

Khit Thit Media

မုံရွာမှ အရာတော်ကို စစ်ကြောင်းထိုးနေသည့် စစ်တပ်က ကျောက်ကာမြောက်ရွာမှ ပြည်သူ ၃၀ ကျော်ကို ဖမ်းဆီးပြီး စစ်ကြောင်းရှေ့မှ မိုင်းရှင်းခိုင်းမှု ပြည်သူ ၅ ဦး မိုင်းထိမှန်ဒဏ်ရာရ

ရန်ကုန်၊ ဇန်နဝါရီ ၈ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှ အရာတော်မြို့နယ်ကို စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က ကျောက်ကာမြောက်ရွာမှ ပြည်သူ ၃၀ ကျော်ကို ဖမ်းဆီးပြီး လူသားဒိုင်း ပြုလုပ်၍ စစ်ကြောင်းရှေ့မှ သွားခိုင်းသောကြောင့် ပြည်သူ ၅ ဦး မိုင်းထိမှန်ပြီး အရေးပေါ် ကုသနေရကြောင်း ဒေသပြည်သူများက...

ဧရာ၀တီတိုင်းဝန်ကြီးချုပ် မန်းဂျော်နီနှင့် တိုင်းကပဖ အဖွဲ့က မြို့နယ်ပကဖများကို တွေ့ဆုံ၍ တော်လှန်ရေး ဟန်ချက်ညီညီ ဖော်ဆောင်ရေး မှာကြား

ရန်ကုန်၊ ဇန်နဝါရီ ၈ ဧရာ၀တီတိုင်းဝန်ကြီးချုပ် မန်းဂျော်နီနှင့် တိုင်းကပဖ အဖွဲ့က မြို့နယ်ပကဖများကို တွေ့ဆုံ၍ တော်လှန်ရေး ဟန်ချက်ညီညီ ဖော်ဆောင်ရေး မှာကြားကြောင်း သိရှိရသည်။ ဧရာဝတီတိုင်း၊ဝန်ကြီးချုပ်ဟောင်း မန်းဂျော်နီ နှင့် တိုင်းပကဖဦးဆောင်အဖွဲ့သည် ပုသိမ်ခရိုင် ၊ ​မြောင်းမြခရိုင်ပကဖ ၊ မအူပင်ခရိုင် နှင့် ဟင်္သတခရိုင်ပကဖ တာဝန်ရှိသူများ၊ရဲ​ဘော်များနှင့်...

ပုသိမ်၊ ခလရ ၁၁ မှ စစ်သား ၄ ဦးကို ထွက်ပြေးနေ၍ တွေ့ရှိပါက အကြောင်းကြားရန် စစ်တပ်က လိုက်လံနှိုးဆော်၊ စစ်သားနှင့်ရဲများ ထွက်ပြေးမှုများ ဆက်တိုက်ဖြစ်နေ

ရန်ကုန်၊ ဇန်နဝါရီ ၈ ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ ခလရ ၁၁ တပ်ရင်းမှ ထွက်ပြေးသွားသော စစ်သား ၄ ဦးကို စစ်တပ်က လိုက်မရှာခိုင်းဘဲ လိုက်ရှာသူများပါ ထွက်ပြေးမည်ကို စိုးရိမ်၍ ပြည်သူများတွေ့ရှိပါက သတင်းပို့ရန် အုပ်ချုပ်ရေးမှူးများကို ခိုင်းစေထားကြောင်း ပုသိမ်-သတင်းအထူးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့...

အရာတော်၊ ဝါးတန်းရွာအနီးတွင် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက် သေဆုံးမှုရှိ၊ ဝက်လက်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး အရှင်ဖမ်းဆီးရရှိ

ရန်ကုန်၊ ဇန်နဝါရီ ၈ စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ဝါးတန်းကျေးရွာအနီးတွင် အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း Black Hero LPDF တပ်ဖွဲ့ တာဝန်ခံ BK က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ယမန်နေ့ ဇန်နဝါရီလ ၇ ရက် နံနက်...

Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၈ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဇန်နဝါရီ ၈ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ မြန်မာနိုင်ငံ တစ်ဝှမ်း လျှပ်စစ်မီး မပေးနိုင်တဲ့ အကြောင်းအရင်း ၄ ခုကို အကြမ်းဖက် စစ်ကောင်စီက ထုတ်ဖော်ဝန်ခံထားပြီး ၊ မင်းအောင်လှိုင်ရဲ့ ညွှန် ကြားချက်အရ ဧရာ၀တီမြစ်မှာ တမံ ဆောက်ပြီး...

မံစီမြို့နယ်ရှိ စစ်ကောင်စီ၏ ခမရ ၃၁၉ ၊ ခမရ ၆၀၁ နှင့် အမြောက်တပ် ၃၅၂ တပ်ရင်းတို့ကို KIA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး မံစီမြို့နယ်တစ်ခုလုံးတွင် စစ်ကောင်စီတပ် ကင်းစင်းသွားကာ အပြီးသတ် ထိန်းချုပ် ရရှိ

ရန်ကုန်၊ ဇန်နဝါရီ ၈ ကချင်ပြည်နယ်၊ မံစီမြို့နယ်ရှိ စစ်ကောင်စီ၏ ခမရ ၃၁၉ ၊ ခမရ ၆၀၁ နှင့် အမြောက်တပ် ၃၅၂ တို့ကို KIA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး မံစီမြို့နယ်တစ်ခုလုံးတွင် စစ်ကောင်စီတပ်မရှိတော့ဘဲ အပြီးသတ် ထိန်းချုပ် ရရှိကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်က...

မိုးညိုမြို့နယ်တွင် စစ်တပ်ခန့် အုပ်ချုပ်ရေးမှူးများ၊ ပျူစောထီးများနှင့် ကြံ့ဖွတ်ပါတီဝင်များက အင်အားတိုးချဲ့ဖွဲ့စည်းနေပြီး ပြည်သူများကို ဖိနှိပ်နေ

ရန်ကုန်၊ ဇန်နဝါရီ ၈ ပဲခူးတိုင်း၊ မိုးညိုမြို့နယ်တွင် အကြမ်းဖက် စစ်တပ်ခန့် အုပ်ချုပ်ရေးမှူးများ၊ ပျူစောထီးများနှင့် ကြံ့ဖွတ်ပါတီဝင်များက ပျူစောထီးအဖွဲ့များကို အင်အားတိုးချဲ့ဖွဲ့စည်းပြီး ပြည်သူများကို နည်းမျိုးစုံဖြင့် ဖိနှပ်နေကြောင်း ဒေသပြည်သူများနှင့် ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ မိုးညိုမြို့နယ်၊ ပဒေသာကျွန်းရွာတွင် အိမ်ထောင်ကျနေသော ငါးပတ်ချောင်းရွာသား စစ်ထွက် ပျူစောထီး အေးချိုဆိုသူသည်...

တောင်ကုတ်နှင့် ပန်းတောင်း အစပ်ရှိ တောင်ပုံကြီး စစ်တပ်စခန်း တိုက်ခိုက်သိမ်းပိုက်ခံရပြီး AA က ပဲခူးတိုင်းအနီး အထိ ရောက်ရှိလာ၊ သေဆုံးစစ်သားအလောင်းများကို ပြည်မြို့၊ အေးငြိမ်ရာ သုဿာန်သို့ သယ်ဆောင်သဂြိုလ်နေ

ရန်ကုန်၊ ဇန်နဝါရီ ၈ ရခိုင်ပြည်နှင့်ပဲခူးတိုင်း အစပ် ပန်းတောင်းမြို့နယ် ၊တောင်ပုံကြီး စစ်တပ်စခန်းကို AA နှင့် တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်သွားပြီး အဆိုပါတိုက်ပွဲတွင် သေဆုံးစစ်သားအလောင်းများကို ပြည်မြို့၊ အေးငြိမ်ရာ သုဿာန်သို့ သယ်ယူသဂြိုလ်နေရကြောင်း ဒေသစစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဇန်နဝါရီလ ၁ ရက်နေ့မှစတင်၍ AA...

ဆောမြို့နယ်၊ ဆောမြို့မရဲစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်၊ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံးပြီး ၅ ဦးကို လက်နက်များနှင့်အတူ ဖမ်းဆီးရရှိ

ရန်ကုန်၊ ဇန်နဝါရီ ၈ မကွေးတိုင်း၊ ဆောမြို့နယ်၊ ဆောမြို့မရဲစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာကြောင်း အမှတ် ၁ စစ်ဒေသက သတင်းထုတ်ပြန်သည်။ ဇန်နဝါရီလ ၆ ရက်နေ့ မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့မရဲစခန်းမှ လောင်းရှည်တိုက်နယ် ရဲစခန်းသို့ ထွက်လာသော စစ် ကြောင်းမှ...

ပေါင်းတလည်မြို့တွင် လူငယ်များကို စစ်မှုထမ်း တပ်သားသစ်များအဖြစ် စုဆောင်းနေသော အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး လင်မယားတို့ ပစ်ခတ်ခံရပြီး ၃ ဦး သေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၈ ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်တလည်မြို့နယ်တွင် စစ်တပ်အတွက် စစ်မှုထမ်း တပ်သားသစ်များ စုဆောင်းနေသော အုပ်ချုပ်ရေးမှူး ၁ ဦး ၊ ရာအိမ်မှူး လင်မယားတို့ ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ၃၆၀၁ PPDFတပ်ရင်း၏ စစ်ထောက်လှမ်းရေးနှင့်သတင်းပြန်ကြားတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဇန်နဝါရီလ...

Latest news

- Advertisement -spot_img