21 C
Yangon

အရာတော်၊ ဝါးတန်းရွာအနီးတွင် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက် သေဆုံးမှုရှိ၊ ဝက်လက်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး အရှင်ဖမ်းဆီးရရှိ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၈

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ဝါးတန်းကျေးရွာအနီးတွင် အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း Black Hero LPDF တပ်ဖွဲ့ တာဝန်ခံ BK က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဇန်နဝါရီလ ၇ ရက် နံနက် ၉ နာရီ ၃၂ မိနစ်က မုံရွာမြို့မှ အင်အား ၁၅၀ ခန့်ဖြင့် အရာ တော်မြို့နယ် ဘက်သို့ ထွက်ခွာ လာသော အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို အရာတော်မြို့နယ် ၊ ဝါးတန်းကျေးရွာ အနောက်ဘက်အရောက် ၆၀ မမ လက်နက်ကြီးဖြင့် ၅ လုံးပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိပြီး အတိအကျ သိရှိနိုင်ရန် စုံစမ်း နေဆဲဖြစ် ကြောင်း သိရသည်။

“အထိအခိုက်ကတော့ရှိတယ်။ အသေအပျောက်က သေချာမသိရဘူး။ အဲဒီစစ်ကြောင်းက လက်ရှိ ကျွန်းကိုးပင်ဘက်မှာရောက်နေပြီ။ အရာတော်ဘက်ကနေ ထွက်လာတဲ့ စစ်ကြောင်းကလည်း ကမ်းဖြူရွာမှာရောက်နေတယ်။ မုံရွာကနေ ထွက်လာတဲ့ စစ်ကြောင်းကို အရာတော်ဘက်ကနေ တစ် ကြောင်းထွက်ပြီး လာကြိုတာ၊ စစ်ကြောင်းလမ်းကြောင်းပေါ်မှာရှိတဲ့ ရွာတွေကတော့ ထွက်ပြေး‌ နေကြရတယ်၊ ဓားစာခံပြည်သူတွေလည်း ဖမ်းဆီးခံရတာရှိတယ်၊ တချို့တော့ ပြန်လွှတ်ပေးတယ်လို့ သိရတယ်” ဟု Black Hero LPDF တပ်ဖွဲ့ တာဝန်ခံ BK က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို Black Hero LPDF တပ်ဖွဲ့ ၊ မုံရွာခရိုင် တပ်ရင်း ၂၇ – Black Dragon ၊ နယ်စည်းမခြား ကမျဉ်းနီ လက်နက်ကြီးတပ်ဖွဲ့နှင့် Brother Revolution Force – Monywa တပ်ဖွဲ့ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန် လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကြောင့် မုံရွာမြို့နယ်အတွင်းရှိ ရွာထုံ ရွာ၊ ကျောက္ကာရွာအပါအဝင် စစ်ကြောင်းလမ်းကြောင်းပေါ်ရှိကျေးရွာမှ ပြည်သူများ ထွက်ပြေး တိမ်း‌ ရှောင်နေကြရကြောင်း သိရသည်။

“ကျနော်တို့တပ်ဖွဲ့က Local တပ်ဖွဲ့လေးဖြစ်တော့ အလှူငွေမရတာကြာပြီ။ ရှိတာလေးနဲ့ တိုက်ခိုက် နေတာ၊ တော်တော်လေးခက်ခဲနေလို့ မိုင်းမဆွဲရတာကို ကြာနေပြီမို့ မိဘပြည်သူတွေအနေနဲ့ ကျနော် တို့ Black Hero LPDF လေးကနေ လာရောက်ကူညီပေးပါအုံးလို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု Black Hero LPDF တပ်ဖွဲ့ တာဝန်ခံ BK က ပြောဆိုသည်။

အလားတူ ဇန်နဝါရီလ ၅ ရက်နေ့ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ မှတ်ထိရွာ တောင်ဘက်တွင် စစ်အင်အား အင်အား ၇၀ ဦးပါ စစ်ကြောင်းကို တော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီအဖွဲ့ဝင် ၄၇ ဦး သေဆုံးပြီး ၆ ဦး ဖမ်းဆီးရမိ၍ ၁၇ ဦး ပျောက်ဆုံးနေကြောင်း အမှတ် ၁ စစ်ဒေသက သတင်းထုတ်ပြန်သည်။

ထိုစစ်တပ်စစ်ကြောင်းကို ရွှေဘိုခရိုင် ကွပ်ကဲရေးမှူး ညွန်ကြားမှုဖြင့် ရွှေဘိုခရိုင် တပ်ရင်း ၁၊ ၂၊ ၄၊ ၅၊ ၁၅၊ ၂၃နှင့် အမှတ် ၂ ရွှေဘိုခရိုင် ကွပ်ကဲရေး ဒရုန်းတပ်ဖွဲ့၊ M.Sai Naw ဒရုန်းတပ်ဖွဲ့၊ Phoenix Wings ဒရုန်းတပ်ဖွဲ့၊ ဝက်လက်မြို့နယ် ပကဖ ပူးပေါင်းအဖွဲ့တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြရာ လက်နက် ၄၅ လက် သိမ်းဆည်းရမိပြီးနောက် MA-3 ၁ လက် ထပ်မံ သိမ်းဆည်းရမိကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article