23.6 C
Yangon
- Advertisement -spot_img

TAG

Khit Thit Media

မြိုင်မြို့အထွက်ရှိ စစ်တပ် တပ်စွဲထားသော မန္တလေးဂိတ်ကို တိုက်ခိုက်သိမ်းပိုက်မှု စစ်သား ၄ ဦးသေဆုံး၊ မြိုင်မြို့ရှိ တပ်စွဲထားသော နေရာ ၅ ခုကို ဗုံးသီး အလုံး ၂၀၀ ကျဲချ တိုက်ခိုက်

ရန်ကုန်၊ ဇန်နဝါရီ ၂၂ မကွေးတိုင်း၊ မြိုင်မြို့အထွက်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော မန္တလေးဂိတ်ကို တိုက်ခိုက်သိမ်းပိုက်ရာ စစ်သား ၄ ဦးသေဆုံးပြီး မြိုင်မြို့ရှိ တပ်စွဲထားသော နေရာ ၅ ခုကို ဗုံးသီး အလုံး ၂၀၀ ကျဲချ တိုက်ခိုက်ခဲ့ကြောင်း Earthquake People’s...

NCA လက်မှတ်ရေးထိုးထားသော PNLO/PNLA တောင်ကြီး ဆက်ဆံရေးရုံးကို စစ်တပ်က ဝင်စီးပြီး PNLA အရာရှိ ၃ ဦးကို ဖမ်းဆီး

ရန်ကုန်၊ ဇန်နဝါရီ ၂၂ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ရေးထိုး ထား သည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO/PNLA)၏ တောင်ကြီးဆက်ဆံရေးရုံးကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး PNLA အရာရှိ ၃ ဦးကို အကြမ်းဖက် ဖမ်းဆီးသွားကြောင်း သိရှိရသည်။ ယမန်နေ့ ရှမ်းပြည်နယ်တောင်ပိုင်း၊...

မင်းလှမြို့နယ်တွင် အုပ်ချုပ်ရေးမှူး ၁ ဦးနှင့် ရာအိမ်မှူး ၁ ဦးတို့ ပစ်ခတ်ခံရပြီး အုပ်ချုပ်ရေးမှူး သေဆုံးကာ ရာအိမ်မှူး ပြင်းထန် ဒဏ်ရာရ

ရန်ကုန်၊ ဇန်နဝါရီ ၂၂ ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ သဲကောကျေးရွာအနီးတွင် စစ်ကောင်စီခန့် အုပ် ချုပ်ရေးမှုးတစ်ဦးနှင့် ရာအိမ်မှူးတစ်ဦးတို့ ပစ်ခတ်ခံရပြီး အုပ်ချုပ်ရေးမှူးသေဆုံးသွားကာ ရာအိမ်မှူးမှာ အပြင်းအထန်ဒဏ်ရာရရှိသွားကြောင်း သာယာဝတီခရိုင်တပ်ရပ်ရင်း ၃၈၀၂ ထံမှ သိရသည်။ ယမန်နေ့ ဇန်နဝါရီလ ၂၁ ရက် မွန်းလွဲ ၂ နာရီအချိန်ခန့်တွင်...

Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၂၂ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဇန်နဝါရီ ၂၂ ရက်နေ့ နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့ -ကချင်ပြည်နယ်၊ မံစီမြို့နယ်မှာ KIA နဲ့ တော်လှန်ရေးတပ်တွေ သိမ်းပိုက်လိုက်တဲ့ မန့်ဝိန်းကြီးစခန်း သိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးရရှိထားတဲ့ စစ်ကောင်စီတပ်သား အယောက် ၂၀၀ ထက်မနည်းကို စစ်သုံ့ပန်းအဖြစ် သတ်မှတ်လိုက်ပြီး နိုင်ငံတကာဥပဒေ နဲ့ အညီ ဆက်လက်ဆောင်ရွက်မှာ ဖြစ် တယ်လို့ KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။ အကြမ်းဖက် စစ်ကောင်စီက မိုးမိတ်မြို့နယ်အတွင်းမှာရှိတဲ့ တပ်မိသားစုဝင်တွေကို ရဟတ်ယာဉ် တွေနဲ့ ပြောင်း ရွှေ့နေကြသလို ၊  တိုက်ခိုက်ရေးအရာရှိနဲ့စစ်သားတွေသာ ချန်ထားခဲ့  ပြီး ၊  မိုးမိတ်မြို့ မကျစေအောင်ဆိုပြီး စစ်ရေးချုပ်...

တရုတ်-မြန်မာနယ်စပ်၊ မံစီမြို့နယ်အတွင်း စစ်ကောင်စီတပ်စခန်းတစ်ခုကို KIA က ထပ်မံသိမ်းပိုက်ပြန်၊ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိ

ရန်ကုန်၊ ဇန်နဝါရီ ၂၂ ကချင်ပြည်နယ်၊ တရုတ်-မြန်မာနယ်စပ်၊ မံစီမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို KIA က ထပ်မံသိမ်းပိုက်လိုက်ပြီး လက်နက်အများအပြား သိမ်းဆည်းရရှိကြောင်း KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဇန်နဝါရီလ ၂၁ ရက်နေ့တွင် မန်ဝိန်းကြီး စစ်တပ်စခန်းကို သိမ်းပိုက်ပြီးနောက် တရုတ်-မြန်မာနယ်စပ်အနီးရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကိုလည်း ထပ်မံသိမ်းပိုက်ခဲ့ကြောင်း ၊...

ကန့်ဘလူမြို့နယ်တွင် ကင်းပတ်နေသော စစ်​ကောင်စီ တပ်သားများကို မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်မှု ၃ ဦးသေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိ

ရန်ကုန်၊ ဇန်နဝါရီ ၂၂ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် ကင်းပတ်နေသော အကြမ်းဖက် စစ်​ကောင်စီ တပ်သားများကို မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်ရာ ၃ ဦးသေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိခဲ့ကြောင်း စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်အဖွဲ့ - ပကဖ ထံမှ သိရသည်။ ဇန်နဝါရီလ ၂၁ ရက်နေ့ ည...

စစ်ကောင်စီက အပစ်ရပ်ရေး သဘောတူညီချက်ကို အကြိမ်ကြိမ် ချိုးဖောက်ပြီး မိုးကုတ်ရှိ TNLA တပ်ကို စစ်တပ်က ထိုးစစ်ဆင်တိုက်ခိုက်

ရန်ကုန်၊ ဇန်နဝါရီ ၂၂ အကြမ်းဖက်စစ်ကောင်စီက အပစ်ရပ်ရေး သဘောတူညီချက်ကို ချိုးဖောက်ပြီး မိုးကုတ်မြို့နယ်ရှိ TNLA တပ်ကို လာရောက်ထိုးစစ်ဆင်ကြောင်း TNLA က သ တင်း ထုတ်ပြန်သည်။ ဇန်နဝါရီလ ၂၁ ရက်နေ့ ည ၈ နာရီအချိန် မိုးကုတ်မြိုနယ်တွင် စစ်ကောင်စီ တပ်က တအာင်းတပ်မတော်...

မတ္တရာမြို့ပေါ်နှင့် ရေစကြိုတွင် ထွေအုပ်ရုံးနှင့် စစ်တပ်ထောက်ပို့စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်သား ၂ ဦးထိခိုက် ဒဏ်ရာရ

ရန်ကုန် ၊ ဇန်နဝါရီ ၂၂ မန္တလေးတိုင်း၊ မတ္တရာမြို့ပေါ်ရှိ အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ တပ်စွဲထား သော စစ်ကောင်စီတပ် သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ရုံး အဆောက် အအုံထိခိုက်ပျက်စီးခဲ့ကြောင်း မြနန္ဒာ စစ်ဆင်ရေးအဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ယမန်နေ့ ဇန်နဝါရီလ ၂၁ ရက်...

မံစီမြို့နယ်၊ မန်ဝိန်းကြီးရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ရရှိ

ရန်ကုန်၊ ဇန်နဝါရီ ၂၂ ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ မန်ဝိန်းကြီးရဲစခန်းကို KIA ဦးဆောင်သော တော်လှန်ရေးတပ်ဖွဲ့များ က သိမ်းပိုက်ရရှိကြောင်း KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဇန်နဝါရီလ ၂၁ ရက်နေ့ မန်ဝိန်းကြီး စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ပြီးနောက် မန်းဝိန်းကြီးရဲစခန်းကိုပါ ထပ်မံ သိမ်းပိုက်ရရှိခြင်းဖြစ်ကြောင်း သိရှိရသည်။ "ရဲစခန်းကိုတော့...

မိုးမိတ်မြို့နယ်အတွင်းရှိ တပ်မိသားစုဝင်များကို ရဟတ်ယာဉ်များဖြင့် ပြောင်း ရွှေ့ ၊ တိုက်ခိုက်ရေးအရာရှိနှင့်စစ်သည်များသာ ချန်ထားခဲ့

■ မိုးမိတ် မကျစေရေး ခုခံစစ်ကို စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦး ကွပ်ကဲနေ ရန်ကုန်၊ ဇန်နဝါရီ ၂၂ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်အတွင်းရှိ တပ်မိသားစုဝင်များကို ရဟတ်ယာဉ်များဖြင့် ပြောင်းရွှေ့ပေးနေပြီး တိုက်ခိုက်ရေး အရာရှိနှင့် စစ်သည် များကိုသာ တပ်အတွင်းတွင် ထားရှိတော့ကြောင်း တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ KIA ဦးဆောင်သော...

Latest news

- Advertisement -spot_img