28 C
Yangon

စစ်တွေမြို့တွင် စစ်တပ်က ဟိန္ဒူဘာသာဝင် လူငယ် ၁ ဦးကို အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်

Must read

ရန်ကုန်| နိုဝင်ဘာ ၁၄

ရခိုင်ပြည် စစ်တွေမြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် လူငယ်တစ်ဦးသေဆုံးမှုရှိကြောင်း ဒေသပြည်သူများက ပြောသည်။

နိုဝင်ဘာ ၁၂ ရက် ည ၈ နာရီခန့်အချိန် စစ်တွေမြို့နယ်၊ ကယ်ဆယ်ရေးတံတားဘက်တွင် လူငယ်များစု၍ ဂိမ်းကစားနေရာမှ ပစ်ခတ်ခံရခြင်းဖြစ်သည်ဟု ဆတ်ရိုးကျရက်ကွက်မှ ဒေသခံတစ်ဦးက ပြောသည်။

“မနေ့က ည ၈ နာရီလောက်မှာဖြစ်တာ။ ကလေးတွေက တံတားပေါ်မှာ မိုဘိုင်းဂိမ်းတွေ ကစားနေကြတာ။ စစ်တပ်က အလာနဲ့တိုးတော့ ထွက်ပြေးကြရာကနေ နောက်က သေနတ်နဲ့ လှမ်းအပစ်မှာ တစ်ယောက်ထိပြီး သေသွားရတယ်” ဟု ပြောသည်။

သေဆုံးသူမှာ ဆတ်ရိုးကျရပ်ကွက် အကွက်(၂)မှ ဟိန္ဒူဘာသာဝင် လူငယ်တစ်ဦးဖြစ်ကြောင်းသိရသည်။

စစ်တွေတွင် စစ်ကောင်စီတပ်မှ ည ၉ နာရီနောက်ပိုင်း ညမထွက်ရအမိန့်ထုတ်ပြန်ထားသော်လည်း လက်ရှိ ပစ်ခတ်ခံရမှုဖြစ်စဉ်မှာ ည ၈ နာရီခန့်တွင်သာ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဖြစ်စဉ်နောက်ပိုင်း စစ်တွေမြို့ခံများမှာ ကြောင်ရွံ့စိုးရိမ်မှုများ ပိုဖြစ်လာကြရသည်ဟု စစ်တွေဒေသခံတစ်ဦးက ဆိုသည်။

“မနေ့က ဆတ်ရိုးကျရပ်ကွက်ဘက်ကနေ သေနတ်ပစ်သံ အချက် ၂၀ လောက်ကြားလိုက်ရတယ်။ မနက်ကျတော့ တစ်ယောက်သေတယ်လို့ ထပ်ကြားရတယ်။ လူထုကြားမှာတော့ စိုးရိမ်ပူပန်မှုတွေ ထပ်မြင့်တက်သွားကြတာပေါ့။ အခု စစ်တွေအခြေနေက ကိုယ့်အသက်အန္တရာယ် ဘယ်အချိန်မဆို ကြုံနိုင်တဲ့အခြေနေမျိုး ဖြစ်နေတယ်လေ” ဟု ပြောသည်။

စစ်တွေ၏ လတ်တလောအခြေနေမှာ စစ်ကောင်စီမှ ရပ်ကွက်များအတွင်း ဧည့်စာရင်းဝင်စစ်ခြင်း၊ ဒေသခံများအား ဖမ်းဆီးခြင်း စသော အခြေနေများဖြင့် ရှိနေသေးပြီး ဒေသတွင်း နှစ်ဖက်တိုက်ပွဲများ ရှိမလာသေးသော်လည်း စစ်ရေးတင်းမာမှုအရှိန်မှာ ပိုမြင့်လာလျက်ရှိနေကြောင်း သိရှိရသည်။

ဓာတ်ပုံ – ရခိုင်မှ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ရခိုင်မှ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article