25.3 C
Yangon
- Advertisement -spot_img

TAG

khit thit news

မင်းလှနှင့် ချောက်မြို့နယ်တို့တွင် စစ်တပ်က စစ်ကြောင်းထိုးပြီး ကျေးရွာများကို မီးရှို့ဖျက်ဆီး လုယက်၊ PDF ရဲဘော် ၅ ဦးထက်မနည်းကိုလည်း စစ်တပ်က အရှင်ဖမ်းဆီးသတ်ဖြတ်

ရန်ကုန်၊ ဇွန် ၂၁ ပဲခူးတိုင်း၊ မင်းလှမြို့နယ်နှင့် မကွေးတိုင်း၊ ချောက်မြို့နယ်တို့တွင် အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးပြီး ကျေးရွာများကို မီးရှို့ဖျက်ဆီးကာ ပြည်သူပိုင် ပစ္စည်းများကို လုယက်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့ ဇွန်လ ၂၀ ရက်နေ့ နံနက် ၄ နာရီအချိန် မင်းလှမြို့နယ်၊ ထောက်ကြန့်ကျေးရွာအုပ်စု၊...

ကော့ကရိတ် -ကျုံဒိုးလမ်း တိုက်ပွဲတွင် စစ်သား ၃၀ ဦးထက်မနည်းသေဆုံးပြီး စစ်တပ်ဘက်မှ တပ်ရင်းမှူးနှင့် ဒုတပ်ရင်းမှူး တို့ အပြင်းအထန် ဒဏ်ရာရ၊ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိ

ရန်ကုန်၊ ဇွန် ၂၁ ကရင်ပြည်နယ်၊ ကော့ကရိတ် -ကျုံဒိုးလမ်း တိုက်ပွဲတွင် စစ်သား ၃၀ ဦးထက်မနည်းသေဆုံးပြီး စစ်တပ်ဘက်မှ တပ်ရင်းမှူးနှင့် ဒုတပ်ရင်းမှူး တို့ အပြင်းအထန် ဒဏ်ရာရကာ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိကြောင်း Mon Liberation Army ၏ သတင်းထုတ်ပြန်ချက်နှင့် တော်လှန်ရေးသတင်းရင်းမြစ်၏ ပြောဆိုချက်များအရ...

လက်ပံတန်းမြို့နယ်၊ ရေငံရွာတွင် တပ်စွဲထားသော စစ်တပ် အထိုင်စခန်းကို တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံးဟုဆို

ရန်ကုန်၊ ဇွန် ၂၁ ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ ရေငံရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ် အထိုင်စခန်းကို ဝင်ရောက် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ မှ တာဝန် ရှိသူ တစ်ဦးက...

ဆောမြို့အတွင်းသို့ စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု လူနေအိမ်နှင့်စက်သုံးဆီ ဆီပေပါ အလုံး ၈၀ ခန့် မီးလောင်ပျက်စီး

ရန်ကုန်၊ ဇွန် ၂၁ မကွေးတိုင်း၊ ဆောမြို့တွင်း၊ ပြင်ချောက်နားနေရာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ ရာ လူနေအိမ် ၁ လုံးနှင့် စက်သုံးဆီပေပါအလုံး ၈၀ ခန့် မီးလောင်ပြာကျခဲ့ကြောင်း ယောအလင်းတန်းမှ ကို အောင်ကြီးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ယနေ့ ဇွန်လ ၂၁ ရက်နေ့...

စစ်ကောင်စီက ကလေးစစ်သား စုဆောင်းအသုံးပြုမှု မြင့်တက်လာနေပြီး ကုလသမဂ္ဂ၏ နိုင်ငံတကာ List of Shame စာရင်းတွင် မြန်မာစစ်တပ်ကို ထည့်သွင်း

ရန်ကုန်၊ ဇွန် ၂၁ အကြမ်းဖက် စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီးနောက် ကလေးစစ်သားစုဆောင်းမှုနှင့်အသုံး ပြုမှု မြင့်တက်လာခဲ့ပြီး ရှေ့တန်းတွင် လမ်းပြများ၊ ပေါ်တာများနှင့် လူသားဒိုင်းများအဖြစ် သုံးနေကြောင်း နိုင်ငံ တကာလူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) က ယမန်နေ့က ထုတ်ပြန်ပြောဆိုလိုက်သည်။ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင်...

အင်္ဂပူမြို့နယ်၊ စည်ပင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစိုးက တူအရင်းကို စစ်မှုထမ်းတပ်သားအဖြစ် ထည့်သွင်းစဉ် စစ်သားများက ဝိုင်းဝန်းထိုးကြိတ်ရိုက်နှက်၍ သေဆုံးခဲ့ပြီး စစ်တပ်က အလောင်းပြန်လာပို့

ရန်ကုန်၊ ဇွန် ၂၁ ဧရာ၀တီတိုင်း၊ အင်္ဂပူမြို့နယ်၊ စည်ပင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစိုးက တူအရင်းဖြစ်သူကို စစ်မှုထမ်းတပ်သားအဖြစ် ထည့်သွင်းစဉ် စစ်သားများက ဝိုင်းဝန်းထိုးကြိတ်ရိုက်နှက်၍ သေဆုံးသွားခဲ့ပြီး စစ်တပ်က အလောင်းပြန်လာပို့သွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ အင်္ဂပူမြို့နယ်၊ စည်ပင်ကျေးရွာအုပ် အုပ်ချုပ်ရေးမှူး ဦးစိုးက ၎င်း၏ ညီအရင်းဖြစ်သူ ဦး...

ကြံ့ခင်းမြို့နယ်တွင် ဗိုလ်မှူး သောင်းထွဋ်လွင်က ကံရွာမှ ဒေါ်ခင်မြ မိသားစုကို ဖမ်းဆီးပြီး ၁ ဦးလျှင် ငွေကျပ်သိန်း ၃၀ ခြိမ်းခြောက်တောင်း၊ စစ်တပ်က လူဖမ်း၍ ခြိမ်းခြောက်ငွေတောင်းမှုများ အကြီး အကျယ်လုပ်နေ

ရန်ကုန်၊ ဇွန် ၂၁ ဧရာ၀တီတိုင်း၊ ကြံ့ခင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူး သောင်းထွဋ်လွင်က ပြည်သူများကို ရိုက်နှက် ဖမ်းဆီး ငွေညှစ်မှုများ ဆက်တိုက် လုပ်ဆောင်နေကြောင်း ဖမ်းဆီးငွေညှစ်ခံရသော ပြည်သူများ၏ မိတ်ဆွေများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဇွန်လ ၁၈ ရက်နေ့ နံနက် ၁ နာရီအချိန် ကြံခင်းမြို့နယ်၊...

ပြင်ဦးလွင် စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး ဗိုလ်ချုပ်စိုးမြတ်ထွဋ် ၏တပည့်များ လာဘ်ပေးလာဘ်ယူမှု ၊ လူမှုရေးဖောက်ပြန်မှုများဖြင့် ဖမ်းဆီးခံထားရသည့်အပြင် တပ်ပြေးများပြားမှုကြောင့် စိုးမြတ်ထွဋ် တိုင်းမှူး ရာထူးတိုးရေး အဟန့်အတားဖြစ်နေ

ရန်ကုန်၊ ဇွန် ၂၁ မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး ဗိုလ်ချုပ်စိုးမြတ်ထွဋ် ၏ ကိုယ်ရေးအရာရှိ ဗိုလ် ကြီး ၁ ဦး နှင့် တပည့် ဒုတိယဗိုလ်မှူးကြီး သန်းလှိုင်မြင့်တို့မှာ လာဘ်ပေးလာဘ်ယူမှု ၊ လူမှုရေးဖောက်ပြန်မှုများဖြင့် ဖမ်းဆီးခံထားရကြောင်း စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။ စစ်တက္ကသိုလ်ကျောင်းအုပ်ကြီးလည်းဖြစ်၊ ပြင်ဦးလွင်တပ်နယ်မှူးလည်းဖြစ်သူ...

ရွှေကျင်-သံဆိပ် ကားလမ်းပိုင်းတွင် စစ်တပ် ရိက္ခာပို့ စစ်ကြောင်းကို ကင်းပုန်းယူပေးနေသည့် စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃ ဦး ပွဲချင်းပြီး သေဆုံး

ရွှေကျင်-သံဆိပ် ကားလမ်းပိုင်းတွင် စစ်တပ် ရိက္ခာပို့ စစ်ကြောင်းကို ကင်းပုန်းယူပေးနေသည့် စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃ ဦး ပွဲချင်းပြီး သေဆုံး ရန်ကုန်၊ ဇွန် ၂၀ ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ် ရွှေကျင်-သံဆိပ် ကားလမ်းပိုင်းတွင် အကြမ်းဖက် စစ်တပ် ရိက္ခာပို့ စစ်ကြောင်းကို ကင်းပုန်းယူပေးနေသည့်...

စလင်းမြို့ပေါ်ရှိ စစ်ကောင်စီ တပ်သားများ တပ်စွဲထားသော ထွေ/.အုပ်ရုံး အပါအဝင် နေရာ ၄ ခုကို ၂ ရက်ဆက်တိုက် အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်

ရန်ကုန်၊ ဇွန် ၂၀ မကွေးတိုင်း၊ စလင်းမြို့ပေါ်ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ တပ်စွဲထားသော ထွေ/.အုပ်ရုံး အပါအဝင် နေရာ ၄ ခုကို ၂ ရက်ဆက်တိုက် အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ညီနောင် စလင်းအဖွဲ့မှ သတင်းတာဝန်ခံ က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့...

Latest news

- Advertisement -spot_img