27 C
Yangon
- Advertisement -spot_img

TAG

khit thit news

အမေရိကန်-အစ္စရေးနှင့် အီရန်တို့၏ စစ်ပွဲများနှင့် အရှေ့အလယ်ပိုင်းဒေသ နောက်ဆုံးရ သတင်းများ

ရန်ကုန်၊ မတ် ၅ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ စတင်ခဲ့သော အမေရိကန်-အစ္စရေးနှင့် အီရန်တို့၏ တိုက်ပွဲမှာ ယနေ့ မတ်လ ၅ ရက်နေ့အထိ ၆ ရက်တိုင်ရှိလာပြီး နောက်ဆုံးရ အခြေအနေ သတင်းများကို တင်ဆက်လိုက်ပါသည်။ ကာတာနိုင်ငံ၊ ဒိုဟာမြို့လယ်နှင့် နီးကပ်စွာ ပေါက်ကွဲမှုများဖြစ်ပွား- ဒိုဟာမြို့ကောင်းကင်ယံတွင်...

သရက်ချောင်းမြို့နယ်တွင် KTLA အဖွဲ့က ပစ်ခတ်မှုကြောင့် KNLA ရဲဘော် ၅ ဦး ထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ မတ် ၅ တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်တွင် KTLA အဖွဲ့က ပစ်ခတ်မှုကြောင့် KNLA ရဲဘော် ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU မြိတ်-ထားဝယ် ခရိုင် ထုတ်ပြန်ချက်နှင့် တော်လှန်ရေး သတင်းရင်းမြစ် ပြောဆိုချက်အရ သိရသည်။ မတ်လ ၄ ရက်နေ့ မွန်းလွဲ ၃...

ကျောက်ပန်းတောင်းသို့ စစ်ကြောင်းထိုးလာသော စစ်တပ်ကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး၊ မြင်းခြံတွင်လည်း စစ်တပ်စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃ ဦးသေ

ရန်ကုန်၊ မတ် ၅ မန္တလေးတိုင်း၊ ကျောက်ပန်းတောင်မြို့နယ် ကျေးရွာများသို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ် ကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့ မှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုဝေကြီးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ကျောက်ပန်းတောင်းမြို့နယ် ဘုရားကြီးကုန်းကျေးရွာများကို မီးရှို့ဖျက်ဆီးနေသာ...

ကော့ကရိတ်မြို့နယ်၊ ဒေါနတောင်ဘက်ကို စစ်တပ်က စစ်ကြောင်းထိုးနေ၍ တိုက်ပွဲများ ဖြစ်ပွားနေ၊ ကျေးရွာဘုန်းကြီးကျောင်း၊ စာသင်ကျောင်းများကိုလည်း စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်

ရန်ကုန်၊ မတ် ၅ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ဒေါနတောင်ဘက်ကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးနေ၍ တိုက်ပွဲများ ဖြစ်ပွားနေပြီး ကျေးရွာဘုန်းကြီးကျောင်း၊ စာသင်ကျောင်းများကိုလည်း စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်နေကြောင်း ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဖေဖော်ဝါရီလကုန်ပိုင်းမှ စတင်ပြီး အကြမ်းဖက် စစ်တပ်က ကျုံဒိုး-ကော့ကရိတ်...

ဟိုပင်မြို့ပေါ်တွင် ကလေး ၂ ဦး အပါအဝင် မိသားစုဝင် ၆ ဦး အသတ်ခံရသည့် ၆ လောင်းပြိုင် လူသတ်မှုဖြစ်ပွား

ရန်ကုန်၊ မတ် ၅ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့၊ မြသာယာရပ်ကွက်တွင် ကလေးငယ် ၂ ဦးအပါအဝင် မိသားစု ၆ ဦး ရက် ရက်စက်စက် သတ်ဖြတ်ခံလိုက်ရသည့် ၆ လောင်းပြိုင် လူသတ်မှုဖြစ်ပွားကြောင်း ဟိုပင်မြို့မှ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ ပြောကြားသည်။ ယမန်နေ့ မတ်လ...

ပန်းတောင်းမြို့နယ် ကပစ ၁၆ ကို AA ဦးဆောင်သော တော်လှန်ရေးတပ်များက တိုက်ခိုက်နေပြီး တိုက်ပွဲများ ပြင်းထန်နေ၊ စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲခုခံ နေ

ရန်ကုန်၊ မတ် ၅ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ် ကပစ ၁၆ ကို AA ဦးဆောင်သော တော်လှန်ရေးတပ်များက တိုက်ခိုက်နေသဖြင့် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းဖြင့် ခုခံတိုက်ခိုက်နေကြောင်း တော်လှန်ရေးစစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ မတ်လဆန်းပိုင်းမှ စတင်ပြီး ပန်းတောင်းမြို့နယ် အခြေစိုက်...

စစ်အုပ်စုက CEIR စနစ်ဖြင့် မိုဘိုင်းလ်ဖုန်းအသုံးပြုမှုများကို စောင့်ကြည့်သည့်အပြင် မိုဘိုင်းလ်ဖုန်းဟန်းဆက်များအပေါ် အခွန်ကောက်မည်

ရန်ကုန်၊ မတ် ၅ အကြမ်းဖက်စစ်အုပ်စုက ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှစ၍ Central Equipment Identity Register (CEIR) စနစ်ကို စတင်အသုံးပြုပြီး မိုဘိုင်းလ်ဖုန်းအသုံးပြုသူများကို စောင့်ကြည့်မည့်အပြင် ဖုန်းဟန်းဆက်များအပေါ်တွင်လည်း အခွန်များ ကောက်ခံသွားမည်ဖြစ်ကြောင်း စစ်တပ်၏ ယနေ့ ထုတ်ပြန်ချက်အရ သိရှိရသည်။ CEIR...

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့နယ်တွင် တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၂၂ ဦးကို ဖမ်းဆီးရရှိ

ရန်ကုန်၊ မတ် ၅ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်တွင် တရားမဝင် ခိုးဝင်လာသော မြန်မာနိုင်ငံသားများကို ကားဖြင့် သယ်ဆောင်လာစဉ် ထိုင်းအာဏာပိုင်များက ကြားဖြတ်ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းများအရ သိရှိရသည်။ ယမန်နေ့ မတ်လ ၄ ရက် ည ၁၁ နာရီအချိန် မဲဆောက်မြို့နယ်၊ မဲကုကျေးရွာအုပ်စုရှိ မဲကုသစ်-သာ့ဆွန်း လမ်းပိုင်းတွင်...

မြင်းခြံနှင့် ပုလဲမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်မှု အသက် ၇ နှစ်အရွယ် ကလေး ၁ ဦးပါအဝင် ပြည်သူ ၆ ဦးသေဆုံး

ရန်ကုန်၊ မတ် ၅ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ နဘူးအိုင်ကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က နဘူးအိုင်ကျေးရွာ ဘုန်းကြီးကျောင်းသို့ ဒရုန်းဖြင့် ဗုံးကျဲခြင်းကြောင့် အသက် ၇ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၄ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။ ယမန်နေ့ မတ်လ...

မြန်မာစစ်တပ်အပေါ် အရေးယူပိတ်ဆို့မှုများ ပိုမိုပြင်းထန်စွာ ချမှတ်မည့် BRAVE Burma Act ဥပဒေကြမ်းကို အမေရိကန်အထက်လွှတ်တော်သို့ အမတ် ၄ ဦးက တင်သွင်း၊ အောက်လွှတ်တော်တွင် အတည်ပြုပြီး အထက် လွှတ်တော်သို့ ဥပဒေကြမ်း ရောက်ရှိလာ

ရန်ကုန်၊ မတ် ၅ မြန်မာစစ်တပ်အပေါ် အရေးယူပိတ်ဆို့မှုများ ပိုမိုပြင်းထန်စွာ ချမှတ်ရေးအတွက် BRAVE Burma Act ဥပဒေ ကြမ်းကို အမေရိကန်အထက်လွှတ်တော်သို့ တင်သွင်းလိုက်ကြောင်း အမေရိကန်အထက်လွှတ်တော်အမတ်များက သတင်းထုတ်ပြန်သည်။ မတ်လ ၄ ရက်နေ့တွင် အမေရိကန်အထက်လွှတ်တော်အမတ်များဖြစ်ကြသည့် Chris Van Hollen နှင့် Todd Young...

Latest news

- Advertisement -spot_img