26.2 C
Yangon
- Advertisement -spot_img

TAG

khit thit news

မြိုင်မြို့နယ်တွင် စစ်တပ်က ပြည်သူ ၂ ဦးကို သတ်ဖြတ်ပြီး ကျေးရွာ ၂ ခုကို မီးရှို့ဖျက်ဆီးမှု နေအိမ် ၇၀ ကျော် မီးလောင်ပြာကျ

ရန်ကုန်၊ ဇွန် ၅ မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ပြည်သူ ၂ ဦးကို သတ်ဖြတ်ပြီး ကျေးရွာ ၂ ခုကို မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် ၇၀ ကျော် မီးလောင်ပြာကျခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့ ဇွန်လ ၄...

ဆင်ပေါင်ဝဲမြို့နယ်တွင် KTV မှ ပြန်လာသော ဘ၀သစ်ရဲဘက်စခန်း အကျဉ်းဦးစီးအရာရှိ သက်စိုး ၏ကားကို စစ်ဆေးရန် တားဆီးသော် လည်း မောင်းပြေး၍ ပစ်ခတ်ရှင်းလင်းမှု အကျဉ်းဦးစီးအရာရှိနှင့်ထောင်တန်းစီ သေ ဆုံး၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

ရန်ကုန်၊ ဇွန် ၅ မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်တွင် KTV မှပြန်လာသော ဘ၀သစ်ရဲဘက်စခန်း အကျဉ်းဦးစီးအရာရှိ ၃ ပွင့် သက်စိုး၏ ကားကို တော် လှန်ရေးတပ်များက စစ်ဆေးရန် တားဆီးသော်လည်း မောင်းပြေး၍ ပစ်ခတ်ရှင်းလင်းရာ အကျဉ်းဦးစီးအရာရှိနှင့်ထောင်တန်းစီး သေဆုံးသွားကြောင်း ဗီဒီယိုရုပ်သံနှင့်တကွ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သရက်ခရိုင် အမှတ်...

ရန်ကုန်တွင် ခါးပိုက်နှိုက်ဟုဆိုကာ ဘတ်စ်ကားပေါ်တက်၍ လူငယ်တချို့ ကို အုပ်စုဖွဲ့ ဖမ်းဆီး ပေါ်တာဆွဲ၊ ရန်ကုန်မြို့လယ်ခေါင်သို့ ပါဆယ်ပစ္စည်းသွားပို့သည့် Delivery အလုပ်သမား မောင်သက်နိုင်ဖြိုး အိမ်ပြန်မရောက်ဘဲ ပျောက်ဆုံးနေ

ရန်ကုန်၊ ဇွန် ၅ ရန်ကုန်မြို့တွင် ခါးပိုက်နှိုက်ဟုဆိုကာ ဘတ်စ်ကားပေါ်တက်၍ လူငယ်တချို့ ကို အုပ်စုဖွဲ့ ဖမ်းဆီး ပေါ်တာဆွဲမှုများ ဖြစ်လာနေကြောင်း ယင်းဖြစ်စဉ်ကို မျက်မြင်တွေ့ရှိသူတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဇွန်လ ၃ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်အချိန် ရန်ကုန်မှ အင်းစိန်သို့...

အိန္ဒိယက အကြမ်းဖက် မင်းအောင်လှိုင်ကို လက်ခံတွေ့ဆုံခဲ့မှုအပေါ် ဒေါ်အောင်ဆန်းစုကြည်၏သား ကိုထိန်လင်း(ခ) ကင်မ်အဲရစ်က စိတ်ပျက်မိပြီး နိုင်ငံတကာအနေဖြင့် စိုးရိမ်ကြောင်း ပြောဆိုရုံထက် လက်တွေ့ ကျသည့် အရေးယူဆောင်ရွက်မှု လုပ်ရန် တိုက်တွန်း

ရန်ကုန်၊ ဇွန် ၅ မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် ဝတ်စုံလဲကာ သမ္မတအဖြစ် တာဝန်ယူထားသည့် မင်းအောင်လှိုင်ကို အိန္ဒိယနိုင်ငံက နွေးထွေးစွာ ဧည့်ခံကြိုဆိုခဲ့သည့်အပေါ် ဒေါ်အောင်ဆန်းစုကြည်၏သားဖြစ်သူ ကိုထိန်လင်း(ခ) ကင်မ်အဲရစ် (Kim Aris) က အလွန်စိတ်ပျက်မိကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။ ထို့ပြင် ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံဖြစ်သည့် အိန္ဒိယအနေဖြင့် လူ့အခွင့်အရေးနှင့် တရားမျှတမှုဘက်မှ...

အကြမ်းဖက်စစ်တပ်က မြစ်ခြေမြို့ပေါ်တွင် ပြည်သူများကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ပြီး ရုပ်အလောင်းများကို မြို့အဝင်လမ်းနှင့် မြို့ပေါ် နေရာအနှံ့တွင် စွန့်ပစ်ထား၊ လတ်တလော အလောင်း ၄၀ ကျော်တွေ့ရှိ

ရန်ကုန်၊ ဇွန် ၅ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့ပေါ်သို့ အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီးနောက် ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ကာ ရုပ်အလောင်းများကို မြို့အဝင်လမ်းနှင့် မြို့ပေါ်နေရာအနှံ့အပြားတွင် စွန့်ပစ်ထားကြောင်း တော်လှန်ရေးသတင်းရင်းမြစ်နှင့် ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။ ပခုက္ကူအခြေစိုက် တပ်မ ၁၀၁၊ ညောင်ဦးအခြေစိုက် ခလရ-၄၁၅ နှင့် အောင်သာရွာမှ ပျူစောထီးများ ပူးပေါင်းထားသည့်...

ရွှေပြည်သာမြို့နယ်ရှိ LIDA Myanmar စက်ရုံတွင် အချိန်ပိုဆင်းရန် ဆဲဆိုဖိအားပေးသည့် မန်နေဂျာကို အလုပ်ထုတ်ပေးရန် အလုပ်သမားများ ၄ ရက်ကြာ ဆန္ဒပြတောင်းဆိုနေ

ရန်ကုန်၊ ဇွန် ၄ ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်ရှိ LIDA Myanmar စက်ရုံတွင် အချိန်ပိုဆင်းရန် ဆဲဆိုဖိအားပေးသည့် မန်နေဂျာကို အလုပ်ထုတ်ရန် အလုပ်သမားများ ၄ ရက်ကြာ ဆန္ဒပြတောင်းဆိုနေကြောင်း Solidarity of Trade Union Myanmar မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။ ဇွန်လ ၁...

မြင်းခြံတွင် စစ်တပ် စစ်ကြောင်းက ပစ်ခတ်မှု အမျိုးသမီး ၁ ဦး ကျည်ထိမှန်၊ နွားထိုးကြီးရှိ အုတ်ရှစ်ကုန်းရွာကို စစ်တပ်က မီးရှို့ဖျက်ဆီး

ရန်ကုန်၊ ဇွန် ၄ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆင်ချောင်းကျေးရွာကို ရောက်ရှိနေသော စစ်တပ် စစ်ကြောင်းက ပြည် သူများကို ဖမ်းဆီးထားပြီး သေနတ်ဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ဧရာဝတီမြစ်တဖက်ကမ်းရှိ ပန်း ညိုကျေးရွာမှ အမျိုးသမီး ၁ ဦး ဦးခေါင်းကျည်ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း CDSOM မှ ကိုနွေဦး...

နတ်မောက်နှင့် ရေဦးမြို့နယ်တို့တွင် စစ်တပ် စစ်ကြောင်းနှင့် တပ်စွဲထားသော နေရာကို တိုက်ခိုက်မှု စစ်ကား ၁ စီး ပျက်စီး

ရန်ကုန်၊ ဇွန် ၄ မကွေးတိုင်း၊ နတ်မောက်မြို့နယ်အရှေ့ခြမ်းရှိ ကျေးရွာများကို စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကား ၁ စီးထိခိုက်ပျက်စီးသွားခဲ့ကြောင်း နတ်မောက်ဂဠုန် PDF အဖွဲ့မှ ဗိုလ်အောင်ဒင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။ ဇွန်လ ၃ ရက်နေ့ ည ၈ နာရီခန့်တွင် ပျဉ်းမနားတပ်၊ ရွာမွန်တပ်နှင့်...

မြန်မာနိုင်ငံငြိမ်းချမ်းရေးနှင့်လုံခြုံရေးအတွက် PDF များကို အရင် ရှင်းရမည်ဟု အကြမ်းဖက်မင်းအောင်လှိုင်ပြောပြန်

ရန်ကုန်၊ ဇွန် ၄ အကြမ်းဖက် မင်းအောင်လှိုင်က စစ်တပ်ကို ဆန့်ကျင်နေသော PDF များကို ငြိမ်းချမ်းရေးနှင့်လုံခြုံရေးအတွက် အရင် ရှင်းရမည်ဖြစ်ကြောင်း အိန္ဒိယခရီးစဉ်အတွင်း ထုတ်ဖော်ပြောဆိုသည်။ အိန္ဒိယနိုင်ငံအခြေစိုက် DD India သတင်းဌာနနှင့် ပြုလုပ်ခဲ့သည့် တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် အကြမ်းဖက်မင်းအောင်လှိုင်က နိုင်ငံအတွင်း ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAOs)...

မြန်မာ-အိန္ဒိယ နယ်စပ်အနီးရှိ ခမ်းပါတ်မြို့နှင့် ကနန်ရွာကို စစ်တပ်က လေယာဉ်၊ ဒရုန်းများဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူများ ထိခိုက်သေဆုံးမှုများပြားပြီး မြေပြင်မှလည်း စစ်ကြောင်းထိုးရန် ပြင်ဆင်နေ

ရန်ကုန်၊ ဇွန် ၄ မြန်မာ-အိန္ဒိယ နယ်စပ်အနီးရှိ စစ်ကိုင်းတိုင်း၊ ခမ်းပါတ်မြို့နှင့် ကနန်ရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်၊ ဒရုန်းများဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူများ ထိခိုက်သေဆုံးမှုများပြားပြီး မြေပြင်မှလည်း စစ်ကြောင်းထိုးရန် ပြင်ဆင်နေကြောင်း ခမ်းပါတ် ပကဖ ထုတ်ပြန်ချက်နှင့် ဒေသစစ်ရေးသတင်းရင်းမြစ် ပြောဆိုချက်အရ သိရသည်။ ဇွန်လ...

Latest news

- Advertisement -spot_img